ဝေး​နေ​ပေမယ့်​ လွမ်း​နေဆဲပါ..

image
ဟိုတုန်းကလို့များစကားချီးတွေကြားရင်
အတိတ်က ခေတ်ဟောင်းရုပ်ရှင်လိုပြန်ပြန်မြင်မိတယ် ​ထူးခြားတာက အဖြူအမဲနဲ့မဟုတ်ဘူး
အဖြူအစိမ်းနဲ့ကောင်မလေး...

ငါတို့ငယ်ငယ်တုန်းကလို့ ခဏခဏပြောမိနေတော့ ကိုယ့်ကိုယ်ကို အသက်ကြီးလာမှန်း သတိထားမိလာတယ်၊ နင်ရော..........ဘယ်လိုလဲ ဟေမာ ပန်းပွင့်ဖြူဖြူလေးတွေ ချစ်တုန်းလား ကြယ်ပုံစောင်းရှားသီးသုပ်တွေကြိုက်တုန်းလား....

တို့ငယ်ငယ်က အရမ်းဆိုးတဲ့သူငယ်ချင်းလေ
ခု လူဆိုးဗိုလ်ကြီးဖြစ်သွားပြီ တို့ငယ်ငယ်က အရမ်းလိမ္မာတဲ့သူငယ်ချင်းလေ ခု လူကြီးလူကောင်းဖြစ်သွားပြီ ငါလား...... နင်ပြောခဲ့သလို ပေါ့ ဟေမာရယ် ဘာဖြစ်မယ့်ကောင်လေးလဲ မသိဘူးဆိုတာလေ ငါလေ ခုထိ ဘာမှ မဖြစ်သေးပါဘူးဟာ....

တို့ငယ်ငယ်တုန်းက နင်ပြောဖူးတယ်နော်
ငါ့ကဗျာလေးတွေ ဖတ်လို့ကောင်းတယ်ဆို
ကြီးလာရင် ကဗျာဆရာလုပ်တဲ့
ငါ့ကဗျာတွေ ဖတ်မယ့်နင် မရှိလို့နဲ့တူပါရဲ့
ငါလေ.....ကဗျာဆရာလည်း တင်းပြည့်ကျပ်ပြည့်မဖြစ်ပြန်ဘူး ပြန်ဆုံဖြစ်ရင်တော့ ပြောရဦးမယ် ဟိုးငယ်ငယ်တုန်းက နင့်ကို သိပ်ချစ်ခဲ့တာလို့.... တစိမ်းတယောက်ပါ
တစိမ်းလိုပါ တမင်ယိမ်းတော့
နှလုံးအိမ်က အစဉ်ညိုးနွမ်း
စိတ်ပူပန်ရပြန်တယ်.....

ဝေးလွင့်ကွယ်ပျောက် စိတ်နောက်မရွှင်
ဘဝင်အိမ်က ညိုးနွမ်းမိတယ်
တစိမ်းသူရယ် အပြစ်ရယ်မနှော
အသစ်တော့မှာပျော်ပါစေလေ
သည်းနွမ်းရင်မှာ
ပူချိလွမ်းမိ သောကဝေဒနာ
သံယောဇဉ်နဲ့
နွယ်မိတဲ့ တစိမ်းတယောက်ပါလေ
လွမ်းကျံရစ်ခါ တမ်းတလွမ်းဆွတ်
မျော်ခါမောမိ မချိသူက
တစိမ်းသူ ကိုလိုလူပါလေ
တိမ်းခွင်ဖလှယ်ခါမှ
ရင်တွင်းရယ်က တွယ်ရစ်မိလို့
မေ့ဖို့ခက်ပြန်ပြီ ပြေးထွက်ချင်ပေါ့
တိမ်လိုနှင်း၍ ရင်ခွင်ကိုယိမ်းလို့
အစိမ်းသက်သက်
တစိမ်းသူပေါ့
ရင်ရဲ့အလွမ်း
သောကလမ်းကို
ခံစားသက်ဝင်
ငဲ့စောင်းကြည့်ပေးလှည့်ပါ
တစိမ်းသူရယ်
နွယ်ရစ်မပေး
ဖျက်ပြယ်ပြေး ကြင်သူတမ်းတ
လွမ်းရပါသသည်
တစိမ်းသူသို့
သံယောဇဉ်ဝေး
ခပ်ရေးရေးမြင်
မရွှင်ပြဘူး
ကိုလိုလူကတစိမ်းတယောက်ပါလေ
အဝေးတဖက်က
တစိမ်းလိုသူကိုလိုသူက
လှမ်းခဲ့မိတာ
ကြင်နာမဖက်အစိမ်းသက်သက်
ဝေးလွင့်ရှာပြီ
နွယ်ဆက်ချင်ရဲ့မနွယ်ဆက်တော့
တစိမ်းသူရဲ့ရင်မှာ
မဖြေခက်တော့အလွမ်းကို
ညစဉ်လဲပဲ သတိရမိတယ်
နွယ်ရစ်ရင်နင့် လွမ်းနွံ့နစ်ပြီ
နွယ်သာနွယ်တယ် မရစ်ရှာဘူး
အသဲမှာလဲနာတယ်...။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now