အချိန်ကို အကျိုးရှိရှိအသုံးချနည်း

image
Steemitညီကိုမောင်နှမများအားလုံး မင်္ဂလာပါ ဒီတစ်ပါတ်ဆောင်းပါးလေးမှာတော့ အကြောင်းအရာလေးတွေကို တွေးမိတဲ့ အမြင်ရှု့ထောင့်လေးကနေ ဆောင်းပါးလေးသဖွယ် ရေးသားတင်ပြပေးချင်ပါတယ်။မရောက်တာကြာပြီဖြစ်သော မြို့အနှံ့ကို မာလာတင် လိုက်လံလှည့်ပတ်ကြည့်ရင်းနှင့်ပင် တစ်ပတ်လောက် အချိန်ကြာသွားသည်။ ဆွေမျိုးများနှင့်တွေ့သည်။ရှေးဟောင်းနှောင်းဖြစ်ကလေးတွေပြောဆိုကြရင်းငယ်ဘဝအချိန်တွေကိုတောင်ပြန်လည်သတိရမိသေးတော့သည်။သူမသွားလေရာ အနောက်ကနေ ညီမဖြစ်သူ မိလဲ့က တကောက်ကောက်ပါလေသည်။ တစ်ခါတစ်ရံ ညီမက ကုန်စုံဆိုင်အလုပ်နှင့် မအားလပ်သည့်အခါမျိုးကျမှ ပထွေးဖြစ်သူဦးကျော်က သူမကို အဖော်အဖြစ် လိုက်လာပေးသည်။မာလာတင်က အိမ်အတွက်လိုအပ်နေသည့် ပစ္စည်းများကို ဝယ်ယူဖြည့်ဆည်းပေးရင်း ဗာဟီရအလုပ်များနေခဲ့ပြီး တော်ရုံနှင့် ခရီးမထွက်နိုင်ကြဘဲ ဖြစ်နေသည်။ ဦးကျော်လက်ရှိစီးနေသော မော်ဒယ်နိမ့်နေသည့်ဆိုင်ကယ်အစား ထိုင်းနိုင်ငံထုတ် ဝမ်းတူးဖိုက် ရွှေလှိုင်း(ငမြွေထိုး ဟုလည်းခေါ်သည်) အမျိုးအစား ဆိုင်ကယ်တစ်စီးကို အသစ်အနေနှင့် ပါကင်ဖောက် ဝယ်ပေးခဲ့သည်။ အမေရော ဦးကျော်ပါ ဝမ်းသာသွားကြသည်။ မိလဲ့ ဆိုင်ဖွင့်ပြီးကတည်းက အိမ်၏စီးပွားရေး ပြန်လည် ဦးမော့လာခဲ့ရသည်မို့ ဦးကျော်လည်း ဆန်ပွဲစား စပါးပွဲစားအလုပ်ကို အနည်းငယ်ဝိတ်လျှော့ပြီး သူ့တစ်နိုင်တစ်ပိုင်အနေဖြင့်သာ သက်တောင့်သက်သာ ဆက်လုပ်လာခဲ့သည်။ အမေနှင့်အတူ ဘုရားသွားကျောင်းတက်လုပ်လာသည်။မာလာတင်က ဤမျှနှင့်မကျေနပ်နိုင်သေးဘဲ သူမထံတွင် စီးပွားရေးတိုးချဲ့လုပ်ကိုင်ရန် ရင်းနှီးငွေ အလုံအလောက် ပါလာကြောင်းနှင့် နောက်ထပ် ပွင့်လန်းလာသည့် လမ်းပန်းဆက်သွယ်ရေးနှင့် ငွေရပေါက်ရလမ်းများကို တွက်ချက်ပြပြီး အိမ်စီးဇိမ်ခံကားတစ်စီးနှင့် မြို့တွင်းလိုင်းပြေးဆွဲရန် ခပ်လတ်လတ် ခရီးသည်တင်ကားတစ်စီးလောက်ကိုပါ ဝယ်ယူသွားမည်ဖြစ်ကြောင်း သူမတို့ညီအစ်မ စိတ်ပြေလက်ပျောက် ခရီးထွက်ရာက ပြန်ရောက်လာသည်နှင့် သူမ၏ အစီအစဉ်များကို စတင်အကောင်အထည်ဖော်သွားမှာ ဖြစ်ကြောင်း အိမ်သားများကို ရှင်းပြလိုက်သည်။မာလာတင်အပြောကြောင့် အမေဖြစ်သူရော သူမပထွေးဦးကျော်ပါ တအံ့တသြပင်ဖြစ်ရသည်။ သမီးကြီးမာလာတင် ဤမျှအထိ ငွေကြေးအမြောက်အများ ရှာဖွေစုဆောင်းနိုင်လိမ့်မည်ဟုပင် သူမ မထင်မိခဲ့ချေ။ အိမ်၏ရှေ့ရေးအတွက် စိတ်ချရပြီဆိုပြီး အတိုင်းမသိ ဝမ်းမြောက်ဝမ်းသာဖြစ်မိပေသည်။မိလဲ့လည်း မမဘာကြောင့် ဒီလောက်ငွေတွေ အများကြီးရလာခဲ့သလဲဆိုပြီး တစ်မေးတည်း မေးနေသည်။ဆိုပြီး မာလာတင် စကားကို တိုတိုဖြတ်ပြောလိုက်ပြီး နောက်ထပ်မမေးနိုင်အောင် ပိတ်လိုက်ရသည်။ ညီအစ်မနှစ်ယောက်ဆက်ဆံရေးအခြေအနေက စရောက်သည့်နေ့က ဖြစ်ပျက်ခဲ့သလိုပင် သူတို့ရွာ၏ မြောက်ဖက်ပိုင်းမှာ တောင်ကုန်းအမြင့်မှာတည်ထားသော တန်ခိုးကြီးဘုရားတစ်ဆူရှိသည်။ ဘုရားအနီးတဝိုက်မှာ ဘုန်းတော်ကြီးကျောင်းများ သုံးလေးကျောင်းခန့် ဝန်းရံလို့နေပြီး မြေလမ်းလေးအတိုင်း ဆင်းသက်လာလျှင် ရွာပတ်လမ်းဟုဆိုရမည့် ကွန်ကရစ်လမ်းဆီရောက်ရှိလာမည်ဖြစ်သည်။
image
ထိုလမ်းက တောင်ကို ပတ်၍ ဖောက်လုပ်ထားခြင်းလည်းဖြစ်သည်။ ဘုရားပေါ်ကနေ အုတ်လှေကားထစ်များအတိုင်း ဆင်းပြီး အနီးဆုံးဘုန်းကြီးကျောင်းကို ကျော်လွန်လာသည်နှင့် သင်္ချိုင်းဇရပ်တစ်ခုကိုတွေ့ရမည်။အဆိုပါဇရပ်က တောင်ကိုပတ်ထားသည့်လမ်းနှင့် အနည်းငယ်တော့လှမ်းသည်။ အုတ်ဂူအဟောင်းများ ခြုံနွယ်ပိတ်ပေါင်းများဖုံးလွှမ်းနေပြီး ကိစ္စကြီးငယ်ပေါ်ပေါက်သည့်အချိန်မျိုးမှလွဲ၍ သာမန်အချိန်ဆိုလျှင် လူသူအရောက်အပေါက် နည်းပါးသည်။ ဇရပ်ကနေကြည့်လိုက်လျှင် ခပ်လှမ်းလှမ်းရှိတောင်ပတ်လမ်းနှင့်တကွ ထန်းပင်များအစီအရီပေါက်ရောက်နေသော ရိတ်သိမ်းပြီးစ လယ်ကွင်းများကို အတိုင်းသား လှမ်းမြင်တွေ့ရမည် ဖြစ်သည်။ လူတွေနှင့်ဝေးဝေးမှာနေတတ်သည့် ဖိုးထောင်က ယခုလို သူ့အတွက် နေရာထိုင်ခင်း အဆင်ပြေလှသော သာလာယံ ဇရပ်မှာနေခြင်းက သင့်မြတ်လျော်ကန်မှုရှိလှသည် ဟုဆိုရမည်ဖြစ်သည်။ညနေခင်း ဘုရားဖက်ကို လမ်းတစ်ပတ်လျှောက်မည်ဆိုပြီး အစ်မနှစ်ယောက်လှည့်ပတ်ထွက်ခဲ့ကာ ရွာထဲဖက်မုခ်ဝမှ မဝင်ဘဲ တောင်ခြေရှိရာ အနောက်ဖက်ခြမ်းဆီ ပတ်၍လာခဲ့ကြသည်။ အချိန်အနည်းငယ်စောနေသေး၍ ဇရပ်ဖက်ကို မသွားသေးဘဲ အုတ်လှေကားထစ်များအတိုင်း ဘုရားရင်ပြင်ပေါ်ထိအရောက် လျှောက်လှမ်းတက်လာခဲ့ကြရင်း ဘုရားကို ဝတ်ပြုလိုက်ကြသေးသည်။ ဘုရားကို လက်ယာရစ်လှည့်ပတ်ကာ နာရီဝက်လောက်ကြာအောင် လေညင်းခံ၍ တောင်ခြေရှိလယ်ကွင်းများနှင့်ပနံရနေသည့် စိမ်းစိုလတ်ဆတ်သည့် ရှုမျှော်ခင်းများကို လျှောက်ငေးကြည့်နေကြသည်။မိလဲ့က ပြောရင်း သူမဖာသာ မလုံမလဲနှင့် ခိကနဲရယ်မောလိုက်မိပါသည်။ ဇရပ်ထဲကို ဝင်လိုက်သည်နှင့် အေးမြသောအငွေ့အသက်ကို ခံစားလိုက်ရသည်။ နားနားနေနေ နေလို့ထိုင်လို့ ကောင်းတဲ့နေရာပဲ လို့ မာလာတင် စိတ်ထဲက တွေးလိုက်မိသေးသည်။ သူမတို့ တွက်ဆထားသည့်အတိုင်း အရူးဖိုးထောင်ဟု အရပ်ထဲကခေါ်လေ့ရှိသည့် သူ့ကို ဇရပ်ထောင့်တစ်နေရာမှာ အေးအေးဆေးဆေး လဲလျှောင်းလျှက်ရှိတာကို တွေ့လိုက်ရလေသည်။သူ့အသက်က ၄၀ကျော်လောက်တော့ရှိမည်။ ညှင်းသိုးသိုးဆံပင်နှင့် မုတ်ဆိတ်ကျင်စွယ် အနည်းငယ်ရှိပြီး ဖျင်ကြမ်းအင်္ကျီတစ်ထည်ကို ကြယ်သီးအစုံအစေ့မတပ်ဘဲ ဝတ်ဆင်ထားသည်။ အောက်က ပုဆိုးတိုတို ဝတ်ဆင်ကာ ပုဆိုးက အနည်းငယ်တော့ စုတ်ပြဲနေတာတွေ့ရသည်။ ဒူးတစ်ဖက်ထောင် တစ်ဖက်ချပုံစံနှင့်လှဲအိပ်နေတာမို့ လုံချည်အောက်စက လွတ်ချင်ချင်ဖြစ်နေသည်။
image
ကျွန်မတို့မိသားစု ထမင်းဝိုင်းလေးဟာ ငါးပိရည်တို့စရာ ပန်းကန်ကကြီးပြီး ဟင်းခွက်ကလေးက သေးသေးလေးပါ။ ဖေဖေက သူ့ဟင်းခွဲတမ်းကို အမြဲတမ်း ကျွန်မတို့ကို ဝေပေးတတ်ပါတယ်။ ထမင်းဝိုင်းမှာ အားရပါးရစားနေတဲ့ ဖေဖေ့ကို မေမေက ပြုံးကြည့်နေတတ်ပါတယ်။ “စားလို့ ကောင်းလိုက်တာ၊ ထမင်းမြိန်လိုက်တာ” လို့ ဖေဖေပြောရင် မေမေက ထမင်းပန်းကန်ကို လက်နှုတ်ပြီး ထမင်း ဝသွားတတ်ပါတယ်။တကယ်လည်း မေမေ့လက်ရာ ထမင်းဟင်းကို ဖေဖေ့ရဲဘော်တွေ စားရတိုင်း အမြဲချီးကျူးတတ်ပါတယ်။ ၁၉၆၂ ကျောင်းသားခေါင်းဆောင် ဦးလှရွှေကနေ၊ တတိယမျိုးဆက်သစ် ကျွန်မတို့အလှည့်မှာ အိမ်ကို အလည်လာတတ်တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့အထိ မေမေချက်တဲ့ထမင်းဟင်းကို ပြောမဆုံးတော့ပါဘူး။ဖေဖေက ကျွန်မသား တသက် မိသားစုနဲ့ ခွဲခွာနေရတာပါ။ ဖေဖေရဲ့သမီး ကျွန်မလည်း နိုင်ငံရေးကို အသွေးအသားလို တန်ဖိုးထားသူခင်ပွန်းသည်ကြောင့် ဘဝလုံခြုံမှုအတွက် ဒုက္ခသည်စခန်းမှာ ဒုက္ခသည်အဖြစ်နဲ့ နေနေရတာ။ မိဝေးဖဝေး၊ ဆွေဝေးမျိုးဝေး၊ ဘုရားတန်ဆောင်း၊ ကျောင်းပြာသာဒ်၊ ဆည်းလည်းသံ၊ ခေါင်းလောင်းသံနဲ့ ဝေးနေရတဲ့နေရာမှာ အားငယ်စရာတွေ၊ စိတ်ညစ်စရာတွေနဲ့ ကြုံရတိုင်း ကျွန်မရဲ့ငယ်ဘဝ သတိရပြီး စိတ်ခွန်အား ဖြစ်ရပါတယ်။ကျွန်မ ဖေဖေကို ၇ နှစ် သမီးကျမှ တွေ့ဖူးရတာပါ။ ဖေဖေ ကျွန်းကပြန်လာတော့ ဖေဖေ့ရဲဘော် သုံးဦးကိုပါ အိမ်ကို ခေါ်လာလို့ ကျွန်မအဖေ ဘယ်သူမှန်း မသိခဲ့ဘူး။ ဖေဖေ့ရဲဘော် အဲဒီဦးလေးတွေ ရိုးမထဲ ကျဆုံးသွားတော့ ကျွန်မ ငိုရသေးတယ်။ ကိုကိုးကျွန်းပြန် ကျွန်မ ဖေဖေရဲ့အရိပ်က အင်မတန် ကြီးမားကျယ်ပြန့်လှပါတယ်။ လွတ်မြောက်နယ်မြေကို ရောက်တဲ့အခါ ဗိုလ်ဓမ္မ သမက်နဲ့ သမီးပါလို့ပြောလိုက်တာနဲ့ ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင် ကျွန်မတို့ရှိတဲ့နေရာကို ချက်ချင်းရောက်လာပြီး အစစအရာရာ ကူညီခဲ့တာ ယနေ့အချိန်ထိပါပဲ။ ဖေဖေတို့ခေတ်ရဲ့ ရဲဘော်ရဲဘက်စိတ်က အင်မတန်မှ လေးစား တန်ဖိုးကြီးလှတယ်ဆိုတာ ဖဒိုမန်းငြိမ်းမောင်က သက်သေပြခဲ့ပါတယ်။ချမ်းသာခြင်းနဲ့ ဆင်းရဲခြင်းဟာ နံရံပါးပါးလေးပါလားဆိုတာ ကျွန်မသိရတဲ့အချိန်က ဖေဖေ ဒုတိယအကြိမ် ထောင်ကျခါနီး ကျွန်မ ၁၂ နှစ်သမီးအရွယ်မှာပါ။ကျွန်မတို့ စနစ်တစ်ခုကို ပြောင်းဖို့ဆိုတာဟာ နေ့ချင်း ညချင်း ဖြစ်ဖို့တော့ မလွယ်ဘူး။ ဒါပေမဲ့ တစ်ချိန်လုံး ကြိုးစားနေရတယ် သဘောပေါက်ကြရဲ့လား မသိပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာက စီးချင်တာက ဂျပန်တွေစီးနေတဲ့ ကျည်ဆန်ရထား။ အဲဒီ ကျည်ဆန်ရထားကို စီးဖို့ဆိုတာ လက်ရှိ လမ်းဟောင်းပေါ်မှာ လာတင်ပြီး ပြေးလို့ မရဘူး။ ဒါကို ဘယ်လိုပြောသွားသလဲဆိုတော့ အခု ကျွန်မတို့ အမြန်ရထားသွားစေချင်တယ်ဆိုရင် အမြန်ရထားက အခု နောက်ဆုံးပေါ် ဂျပန်မှာရှိတဲ့ ကျည်ဆန်ရထားလိုဟာမျိုး သွားဖို့ဆိုတာ ကျွန်မတို့ရဲ့ လမ်းဟောင်းကြီးပေါ်မှာ လာတင်လို့မရဘူး။ အားလုံး ပြန်ပြင်ရတယ်။ ရထားလမ်းတွေလည်း ပြန်ပြင်ရတယ်။ စနစ်ကိုလည်း ပြန်ပြင်ရတယ်။ ခေါင်းတွဲရော၊ နောက်တွဲ တွေရောပေါ့။
image
ပြီးတော့ ဒီဟာတွေကို မမောင်းနိုင်တဲ့ သူတွေကိုလည်း သွန်သင်ပေးရတယ်။ လေ့ကျင့်ပေးရ တယ်။ အဲဒါတွေ အားလုံး လုပ်ဖို့ဆိုတာ ပိုက်ဆံလိုတယ်။ အဲဒီလိုပဲ လိုအပ်ချက်တွေ အများကြီးပဲ။ ခေါင်းလေး တစ်ခုတည်း တပ်လိုက်ရုံနဲ့ မပြီးသွားဘူး။ ကျွန်မတို့ နိုင်ငံတစ်နိုင်ငံမှာ အပြောင်းအလဲ လုပ်ဖို့ ဆိုတာဟာ အနောက်ကနေပြီးတော့ ကိုးရိုးကားရား လုပ်နေတဲ့ သူတွေကတော့ အမြဲ ရှိမှာပဲ နောက်ကနေပြီး ကိုးရိုးကားရား ခွလိုက်တိုက်နေတာ ဘယ်သူတွေရှိနေသလဲ မြင်အောင် ရှုကြပါတော့ဗျာ။ငါ့ယောကျာ်းက ဈေးဝယ်တာစောင့်နေတာ ကြာရင် ပြောလိမ့်မယ် သွားပြီဟေ့ ကောင်မရေ နောက်မှတွေ့မယ် နှုတ်ဆက်ကာ သွားမည်အပြု ယောကျာ်းကိုဘယ်လိုနိုင်ကြောင်း ကြွားမဆုံးဖြစ်နေ၍ မယ်မြသည် မပယ်၏ အကြွားဒဏ် မခံနိုင်တော့၍ အတင်းစကား ဖြတ်ကာထွက်သွားလေတော့သည်။တစ်နေ့မယ်ပ၏ ယောက္ခမ ထံသို့ မယ်ပ ယောက်ျားနိုင်သော သတင်းရောက်သွားလေသည်။ယောက္မအဖွားကြီးလည်းထိုသတင်းကိုကြာသောအခါ"ငါ့သားကိုနိုင်တဲ့ ကောင်မတွေ့ကျသေးတာပေါ့"ဟု ကြိမ်းဝါးကာမယ်ပအိမ်သို့လာရောက်နေထိုင်ကာ မယ်ပအခြေနေကိုအကဲခတ်နေလေသည်။သူ့သားကို တကယ်သာ နိုင်နေတာ သေခြာပါက ဒင်းကို ကောင်းကောင်း ပညာပေးမည်ဟုလည်း စိတ်ထဲက ကြုံးဝါးနေလေ၏။ညနေ မိုးချုပ်ခါနီးတွင်မယ်ပသူငယ်ချင်းတစ်ယောက်နှင့် သူတို့ လင်မယား အိပ်ခန်းထဲတွင် ဖုန်းပြောနေလေသည်။မယ်ပ ယောကျာ်းလဲ အခန်းထဲတွင်ရှိသည်။ ယောကျာ်းဖြစ်သူက ဘာအသံမှ မထွက်ရဲ။ မယ်ပကတော့ အသံကျယ်ကြီးဖြင့် ဖုန်းပြောနေသဖြင့် ယောက္ခမ အဖွားကြီးသည် အခန်းနားသွားကာ သွားချောင်းကြည့်မိသည်။ မယ်ပ ဖုန်း ပြောနေသည် ထိုအချိန်တွင် မယ်ပ ယောက္ခမအဖွားကြီးက ရိုကျိုးသံဖြင့် ဖြေလိုက်လေတော့သည်။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now