တခါတုန်းက...
ရွာတစ်ရွာမှာ ပန်းပုဆရာ တစ်ယောက်ဟာ ပန်းပုရုပ် ထုလုပ်ရာမှာ အလွန်လက်ရာမြောက် ပီပြင်လွန်းလှတယ်။
သူ့ရဲ့လက်ရာမြောက်လှတဲ့ ပန်းပုပညာ ဂုဏ်သတင်းဟာ အနီးနားက ရွာတွေအထိပါ ကျော်ကြားလာပါတယ်။
ဒီတော့ ပန်းပုဆရာထံမှာ ပညာသင်တပည့်ခံယူချင်တဲ့သူတွေကလည်း များလာတယ်။ဒါပေမယ့် လာလိုက် သမျှ တပည့်တွေကလည်း ဆရာ့လက်ရာ ကို မမှီနိုင်ဘူး။
ဒါနဲ့တစ်ရက်တော့ ပန်းပုဆရာကို လူတစ်ယောက်က ဆရာ့အရုပ်နဲ့ တခြားလူတွေရဲ့ အရုပ် က ဘာကြောင့် လက်ရာကွာခြားရတာလဲ။
ဆရာ့လက်ရာတွေက ဘာကြောင့် ပိုပြီးတော့ ပီပြင်ရတာလဲလို့ မေးတယ်။ ဒီတော့ ပန်းပုဆရာက........
“ကျုပ်တို့မှာ အခြေခံအနေနဲ့ကတော့ သုံးရတာချင်း အတူတူပဲ။ဒါပေမယ့် ကြည့်တတ်တဲ့ အမြင် နေရာမှတော့ ကွာသွားတယ်။ဥပမာဗျာ . . ဆင်ရုပ်ထွင်းမယ်ဆိုရင် ဒီသစ်ပိုင်းထဲကနေ ဘယ်နေရာက ဆင်ရဲ့ အစိတ် အပိုင်းဖြစ်သင့်တယ်၊ ဘယ်နေရာကိုတော့ မဖြစ်ထိုက်လို့ ဖယ်ထုတ် သင့်တယ် ဆိုတာကို သေသေချာချာ သိနေဖို့ပဲ။
မလိုအပ်တဲ့အပိုင်းကို ဖယ်ထုတ် လိုက်နိုင်တော့ ထွင်းတဲ့လက်ရာ ပီပြင်တာပေါ့ဗျာ၊ဆင်ဆိုရင်လည်း ဆင်ရုပ်၊ မြင်းဆိုလည်း မြင်းရုပ်၊ အကုန်ပီပြင်တာပေါ့။
အရေးကြီးတာက ဘယ်အပိုင်းကို ဖယ်ထုတ်ရမလဲ ဆိုတာပဲ” တဲ့။
ကျွန်တော်တို့ အနေနဲ့ အပျော်အပါးတွေ လောင်းကစားတွေ မူးယစ်ဆေးတွေ စတဲ့ဘဝကိုခါးစေတဲ့ မလိုအပ်တဲ့အပိုင်းအစ တွေကိုဖယ်ပြီး ပန်းပုဆရာကြီးရဲ့ လက်ရာမြောက်တဲ့ ပန်းပုရုပ်တွေလို ပီပြင်သောပန်းပုရုပ်လေးများထွက်ပေါ်လာပါလိမ့်မည်။
crdပေးပါသည်။
Zaw Ye' @oliverrock ✌✌✌
I❤Steemit