အောင်မြင်ဖို့အတွက် ငွေဆိုတာရှာဖို့လိုတယ်

image
အလုပ်တစ်ခုလုပ်လို့ မအောင်မြင်ရင် အခြားသူစိမ်းပြောတာထက် ကိုယ့်ဆွေမျိုးတွေက မေးငေါ့ အပြစ်တင်တာက ပိုခံရခက်ပါတယ်။ ငွေမရှာနိုင်ရင် ကိုယ့်ဆွေမျိုးတွေက လူရာမသွင်းချင်ကြသလို
ကိုယ့်ရဲ့ လက်တွဲဖော်ကတောင် ယုံကြည်မှူ လျော့ပါး သွားတတ်တယ်။ ငွေဆိုတာ သက်မဲ့ ဆိုပေမယ့် သက်ရှိဖြစ်တဲ့ လူတွေရဲ့ အမြင်ပေတံအရ ငွေ မရှိရင် မဖြစ်ဘူး။ ငွေ မရှိလို့ အနှိမ်ခံမလား အောင်မြင်နေလို့ မနာလို ဖြစ်ခံမလား တချို့သူတွေက ငွေလွယ်လွယ်နဲ့ ရှာနိုင်ကြပြီး တချို့တွေကျ လုံးလည်ချာလည် လိုက်နေကြတယ်လို့ တွေးမိဖူးပါသလား။ မှန်ပါတယ်။ ဒီမေးခွန်းဟာ လူတိုင်း ကိုယ့်ကိုယ်ကို မေးသင့်တဲ့ မေးခွန်းဖြစ်ပါတယ်။ ခေါင်းဆောင်တစ်ယောက် ဖြစ်ဖို့ဆိုတာ ရာထူးတွေ၊ အာဏာတွေ ရှိမှရယ် မဟုတ်ပါဘူး။ နောက်လိုက်တွေကို အကောင်းဆုံး ဦးဆောင်ပဲ့ကိုင်နိုင်တဲ့ အ ရည်အချင်း ရှိတဲ့သူဟာ ခေါင်းဆောင်ကောင်းလို့ ဆိုလို့ရပါတယ်။ ဒီတော့ ခေါင်းဆောင်တစ်ယောက် ဖြစ်ဖို့ဆိုရင် ဘာလိုမလဲ ဟုတ်ကဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ဆိုရင် ခေါင်းဆောင်တစ်ယောက်မှာ ရှိသင့်တဲ့ အ ရည်အသွေးမျိုးတွေကို ကျင့်ကြံဖို့ လိုပါမယ်။ ဒီအရည်အသွေးတွေဟာ မီလျံနာသူဌေးကြီးကနေစပြီး အတန်းပညာစုံအောင် မတတ်တဲ့သူတွေထိ ကျင့်ကြံလို့ရပါတယ်။ တချို့သူတွေက ငွေရှာပိုကောင်းတတ်ကြပါတယ်။ သတင်းကောင်းတစ်ခုပေးပါမယ်။ ငွေရှာတဲ့နေရာမှာ ဆရာတစ်ဆူဖြစ်အောင် လေ့ကျင့်ယူနိုင်ပါတယ်။ ပိုပြီးကောင်းတဲ့ သတင်းတစ်ခုရှိပါသေးတယ်။ ငွေ လွယ်လွယ်နဲ့ ရှာနိုင်မယ့် နည်းလမ်းငါးခု အောက်မှာ ရှိပါတယ်။ လူတိုင်း သက်တောင့်သက်သာ နေချင်ကြတာချည်းပါပဲ။ သက်တောင့်သက်သာနေရဖို့ဆိုတာ အလယ်အလတ်တန်းစားလူတွေရဲ့ အဓိကရည်ရွယ်ချက်ဖြစ်နေတတ်ပါတယ်။ ပြောစရာရှိတာက သူဋ္ဌေးတစ်ယောက်ဖြစ်ဖို့ မလွယ်ကူပါဘူး။ သက်တောင့်သက်သာနေရအောင် ကြိုးစားနေရင် သူဋ္ဌေးဖြစ်ဖို့ အနှောင့်အယှက် ဖြစ်ပါတယ်။ ခေါင်းဆောင်မှုဆိုတာ သင်ယူလေ့လာခြင်းကစတယ်။
ခေါင်းဆောင်ဆိုတာ မွေးကတည်းက သူရဲကောင်းတစ်ယောက်လို အလိုလျောက်ဖြစ်လာတာမဟုတ်ပါဘူး။ (ရှိခဲ့ရင်လည်း ရှားမှာဖြစ်ပြီး အများစုသော ခေါင်းဆောင်တွေဟာ သင်ယူလေ့လာရင်းနဲ့ ဖြစ်လာတာပါ။) ကိုယ်သာ ခေါင်းဆောင်တစ်ယောက် ဖြစ်ချင်စိတ်ရှိပြီး ခေါင်းဆောင်မှုစွမ်းရည်တွေကို သင်ယူလေ့လာကျင့်သုံးနေမယ်ဆိုရင် လူတိုင်း ခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်ပါတယ်။
image
ငွေများများရှာချင်ရင် နောက်လိုက်တွေအပေါ် အားကိုးပါ။ ခေါင်းဆောင်ဆိုတာ အရာရာတိုင်း၊ တာဝန်တိုင်းကို သူတစ်ယောက်တည်းရဲ့ ပုခုံးမှာ ထမ်းထားရုံနဲ့ မလုံလောက်ပါဘူး။ သူတစ်ယောက်တည်း အရည်အချင်းရှိနေရုံနဲ့ မပြီးသေးပါဘူး။ သူ့နောက်လိုက်တွေ၊ အဖွဲ့သားေ တွရဲ့ အရည်အသွေးတွေ တိုးတက်လာအောင် လုပ်ဖို့လည်း သူ့မှာ တာဝန်ရှိပါတယ်။ နောက်လိုက်တွေအပေါ် ယုံကြည်မှုအပြည့်နဲ့ အားကိုးတတ်ဖို့လည်း လိုပါတယ်။ သင်ပြရမယ်။ သင်ယူရမယ်။ ခေါင်းဆောင်တစ်ယောက်ဟာ ကိုယ်သိ၊ကိုယ်တတ်ထားတာကို ဝေမျှဖို့ ဝန်လေးနေလို့မရပါဘူး။ ကိုယ့်နောက်လိုက်တွေအတွက် ကိုယ့်မှာရှိထားတဲ့အရာမှန်သမျှကို ပေးဆပ်ဖို့ အမြဲ အဆင်သင့်ဖြစ်နေရပါမယ်။ ဒါတင် မကေ သးပါဘူး။ သင်ယူဖို့လည်း အမြဲ အားထုတ်နေရပါမယ်။ ကိုယ့်ထက် စီနီယာတွေဆီက သင်ယူရမှာဖြစ်သလို တစ်ခါတစ်ရံမှာတော့ ကိုယ့်နောက်လိုက်တွေဆီကပါ သင်ယူဖို့ လိုအပ်လာတာမျိုးတွေလည်း ရှိတတ်ပါတယ်။ သက်တောင့်သက်သာမရှိတဲ့ဘဝထဲမှာ အဆင်ပြေပြေနေတတ်ရပါမယ်။ ချမ်းသာချင်ရင် တစ်ခုခုပေးဆပ်ရမှာပါ။ ခဏလေးပေးဆပ်ပြီးရင်တော့ တစ်သက်လုံး သက်တောင့်သက်သာ နေသွားနိုင်ပါပြီ။ သက်တောင့်သက်သာမရှိပေမယ့် ငွေဝင်ဖို့ အထောက်အကူပြုတဲ့ အလုပ်ငါးခုကို ဒီနေ့ပဲ စလုပ်လိုက်ပါ။သာမန်လူတွေကတော့ လွှမ်းမိုးခံရတာကို မကောင်းဘူးပဲ ထင်ကြမှာပါ။ အမှန်ကတော့ ချမ်းသာတဲ့သူတွေဟာ အောင်မြင်မှုရဲ့ လွှမ်းမိုးမှုကို ခံနေရတာ ချည်းပါ။ ချမ်းသာတဲ့သူတွေဟာ ဘဝနဲ့ စီးပွားရေးကို ဂိမ်းတစ်ခုလို့ မြင်ပါတယ်။ သူတို့ နိုင်ရမယ့်ဂိမ်းပါ။ သန်းနဲ့ချီပြီး ချမ်းသာတဲ့သူတွေ ဘာကြောင့်ဆက်ပြီး ငွေရှာနေလဲဆိုတာ အကြောင်းရှိပါတယ်။ သူတို့ဘဝမှာ ငွေဟာ အရေးမဟုတ်တော့ပါဘူး။ အောင်မြင်မှုနဲ့ အလုပ်ပြီးမြောက်မှုကိုသာ အလေးထားကြတာပါ။ ချမ်းသာချင်စိတ်ရဲ့ လွှမ်းမိုးမှုခံရတာဟာ မမှားပါဘူး။ ဘဝမှာ အောင်မြင်ဖူးတဲ့သူတွေဟာ ပိုအောင်မြင်တတ်ကြပါတယ်။ အောင်မြင်မှုရဲ့ ခံစားချက်က ဘယ်တော့မှ အိုဟောင်းမသွားပါဘူး။ ငွေများများရှာချင်တယ်ဆိုရင် ကိုယ် ဖြစ်ချင်တာကို စဉ်းစားပြီးတော့ အဲဒါကိုရဖို့ ဘာတွေကို စတေးနိုင်လဲ ဆိုတာ ဆုံးဖြတ်ပါ။ သင့်ရဲ့ ကိုယ်ပိုင် စည်းကမ်းနဲ့ ဆုံးဖြတ်ချက်ဟာ ရည်မှန်းချက်နဲ့ ထပ်တူညီနေရပါမယ်။

image
လူတော်တော်များများက ငွေကို ရှားပါးထူးဆန်းတဲ့၊ ရဖို့ခက်ခဲပြီး ထိန်းသိမ်းဖို့က ပိုတောင်ခက်ခဲတဲ့ အရာအဖြစ် မြင်တတ်ကြပါတယ်။ ငွေများများလာအောင် ဆွဲဆောင်ချင်ရင်တော့ ငွေကို သင့်ရဲ့ အကောင်းဆုံးမိတ်ဆွေလို့ မှတ်ယူထားလိုက်ပါ။ အခက်အခဲအားလုံးကို အဆုံးသတ်ပေးမယ့်၊ သင့်ဘဝကို ကယ်တင်ပေးမယ့် မိတ်ဆွေကောင်းကြီး အနေနဲ့ပေါ့။ လူချမ်းသာတွေဟာ ငွေကို သူတို့ကို အကောင်းဆုံးကူညီပေးနိုင်တဲ့ မိတ်ဆွေကြီးအဖြစ် မြင်တတ်ကြပါတယ်။ အဲဒိအမြင်က သူတို့နဲ့ ငွေကြား ဆက်ဆံရေးကို ပိုပိုပြီး ကောင်းလာစေပါတယ်။ ငွေကို ကိုယ့်မိတ်ဆွေအဖြစ် အသိအမှတ်ပြုပါ။ သင့်စိတ်က ငွေပိုရအောင် စွမ်းဆောင်ပေးပါလိမ့်မယ်။ ခေါင်းဆောင်ဆိုတာ အရှင်သခင်မဟုတ်ပါ။
ခေါင်းဆောင်ဆိုတာ နောက်လိုက်တွေရဲ့ အရှင်သခင်မဟုတ်ပါဘူး။ နောက်လိုက်တွေရဲ့ အားကိုးရာ ဦးဆောင်သူပါ။ ဒီအဓိပ္ပာယ်နှစ်ခုကို ကွဲကွဲပြားပြား သိဖို့လိုပါမယ်။ ကိုယ်ဟာ အရှင်သခင်ဖြစ်ချင်တာလား။ ခေါင်းဆောင် ဖြစ်ချင်တာလား။ ဟန်ဆောင်တတ်ရမယ်။ လူသားမှန်ရင် ဝမ်းနည်းတတ်တယ်။ လူသားမှန်ရင် အားငယ်တတ်တယ်။ လူသားမှန်ရင် စိတ်ဓါတ်ကျတတ်တယ်။ ဒါပေမယ့် သင်ဟာ ခေါင်းဆောင်တစ်ယောက် လုပ်တော့မယ်ဆိုရင်တော့ နောက်လိုက်တွေရှေ့မှာ ဝမ်းနည်းလို့ မရပါဘူး။ အားငယ်လို့မရဘူး။ စိတ်ဓါတ်ကျလို့မရဘူး။ သူတို့အတွက် စံနမူနာကောင်းတစ်ယောက် ဖြစ်ဖို့လိုသလို သူတို့ကို စိတ်ဓါတ်ခွန်အား မြှင့်တင်ဖို့ကလည်း သင့်ရဲ့တာဝန်တစ်ခုပါပဲ။ ခွင့်လွှတ်တတ်ရမယ်။
နောက်လိုက်တွေရဲ့ အမှားအယွင်းတွေအတွက် အငြိုးအတေးထားတတ်ရင် သင်ဟာ ခေါင်းဆောင်ကောင်းမ ဟုတ်တာ သေချာပါတယ်။ သူတို့ရဲ့ အမှားတွေအတွက် ခွင့်လွှတ်တတ်ဖို့လည်း လိုပါမယ်။ ခေါင်းဆောင်ဖြစ်ချင်ဖို့ပဲ လိုတယ်။
ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ ဘာလိုလဲလို့ တည့်တည့်မေးလာရင်တော့ ခေါင်းဆောင်တစ်ယောက် ဖြစ်ချ င်စိတ်ရှိဖို့ လိုတယ်လို့ပဲ ပြောရမှာပါပဲ။ သင့်မှာသာ ခေါင်းဆောင်ဖြစ်ချင်စိတ် တကယ်ရှိရင် သင်ဟာ ခေါင်းေ ဆာင်တစ်ယောက်အဖြစ် ရပ်တည်ခွင့်ရဖို့ အခွင့်အရေးအတော်များသွားပါပြီ။ လူအများစုဟာ ငွေရှာတာက ထူးဆန်းလျှို့ဝှက်တယ်လို့ မြင်ထားကြပါတယ်။ အမှန်ကတော့ ငွေဆိုတာ စိတ်ကူးစိတ်သန်း အကြံဉာဏ်တွေကနေ ထွက်ပေါ်လာတာပါ။ စိတ်ကူးစိတ်သန်းများများရှိလေ ချမ်းသာလေလေပါပဲ။ ဈေးကွက်စီးပွားရေးဆိုတာ ငွေကို အကြံဉာဏ်တွေနဲ့ လဲတာပါ။ အကြံကြီးလေ ကောင်းလေ ငွေရလေပါပဲ။ ချမ်းသာသူတွေက ပိုတော်ကြတာ မဟုတ်ပါဘူး။ ကံပိုကောင်းလို့ ပညာပိုတတ်လို့လဲ မဟုတ်ပါဘူး။ လျှို့ဝှက်ချက်တွေ မရှိပါဘူး။ ငွေအကြောင်း ဘာမှမသိသေးတဲ့ ကလေးလေးတစ်ယောက်လို၊ အကုန်လုံး လိုချင်တာရတဲ့သူတစ်ယောက်လို ချဉ်းကပ်ပါ။ ငွေရှာတာ မလွယ်ပါဘူး။ ဒါပေမယ့် ရိုးရိုးလေးပါ။ လူတွေမချမ်းသာရတဲ့ အကြောင်းတစ်ခုကတော့ သူဋ္ဌေးဆိုတာ အချိန်တိုင်း အလုပ်လုပ်နေရတာဆိုပြီး အထင်မှားတတ်ကြလို့ပါ။ လူတော်တော်များများအတွက်ကတော့ ငွေဆိုတာ အချိန်နဲ့ ပေးဝယ်ရတာပါ။ ကြာကြာလုပ်မှ များများရတာပါ။ သူဋ္ဌေးတွေကတော့ အဲလို မဟုတ်ပါဘူး။
ကိုယ့်ဘာသာကြိုးစားလာတဲ့ သူဋ္ဌေးအများစုမှာ ပျော်စရာဘဝတွေ ရှိကြပါတယ်။ သူတို့ လုပ်ချင်တာ လုပ်နေရင်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကနေ ငွေ တစ်နေ့လုံး ဝင်နေတာပါ။ သူတို့မှာ အပျော်ခရီးထွက်ဖို့ အချိန်တွေ ရှိပါတယ်။ ဝါသနာပါတာတွေ လုပ်နိုင်ပါတယ်။ သူတို့မိသားစုတွေနဲ့လဲ အေးအေးဆေးဆေးနေနိုင်ပါသေးတယ်။ ချမ်းသာသူတွေရဲ့ဘဝဟာ တခြားလူအားလုံးထက် ပျော်စရာကောင်းပါတယ်။ သူတို့ လုပ်ချင်တာအားလုံး လုပ်လို့ရနေပါတယ်။ လူတိုင်း ပျော်စရာဘဝရှိပြီး လက်ဖျားငွေသီးနေတဲ့သူ ဖြစ်ချင်ကြမှာပါ။ ချမ်းသာအောင် အခုပဲ အချိန်ယူ ကြိုးစားလိုက်ပါတော့။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now