အောင်​မြင်​သူဖြစ်​ဖို့အတွက်​...?

image
အောင်မြင်တဲ့သူဖြစ်ဖို့ ဂရုမစိုက်သင့်တဲ့ ဟာတွေ ကို ဂရုမစိုက်ပါနဲ့ ကျရှုံးမှာကိုမကြောက်ပါနဲ့ ကိုယ်တကယ် မလုပ်လိုက်ရပဲ လက်လွတ်သွားမည့်အခွင့်အရေးတွေအတွက်ပဲ စိုးရိမ်ပါ။အရင်းနှီးဆုံးသူတွေဆိုပြီး ကိုယ့်အကြောင်းသူ့ကို အကုန်ဖွင့်မပြောနဲ့ အရင်းနှီးဆုံးဆိုသူတွေက တချိန်ကျရင်အမုန်းဆုံးရန်သူတွေ ဖြစ်သွားနိင်တယ်။အမုန်းဆုံးရန်သူဆိုပြီးတော့လည်း တဖက်သားဘဝသွားနင်းမချေနဲ့ အမုန်းဆုံးရန်သူတွေက တချိန်ကျတော့ အနီးဆုံးသူတွေ ဖြစ်သွားတဲ့အခါ နောင်တတွေရနေလိမ့်မယ်။လူတွေရဲ့သဘော သဘာဝ အကြောင်းကို သိအောင်ကြိုးစားဖို့ထက် ကိုယ့်အနားမှာရှိတဲ့သူတွေရဲ့ အကြောင်းကိုသာသိအောင် ကြိုးစားပါ။တကယ်တော့ မိတ်ဆွေအပေါင်းသင်း လက်တွဲဖော်ဆိုတာ ဓါးသွားထက်က ပျားရည်စက်လိုပါပဲ ချိုမြိန်ခြင်းတွေရနိင်သလို ရှတတ ဒဏ်ရာတွေ လည်းပေးနိင်ပါတယ်။စီးပွားရေးမှာအောင်မြင်ချင်ရင် စီးပွားရေးမှာ အဓိကလုပ်ငန်းကြီးသုံးခုဖြစ်တဲ့ ကုန်ထုတ်လုပ်ငန်း၊ဝန်ဆောင်မူလုပ်ငန်း၊ကုန်သွယ်ရောင်းဝယ်မူလုပ်ငန်း စတာတွေမှာ အောင်မြင်မူတစ်ခုရဲ့နောက်ကွယ် အနာကျတဲ့ ဘ၀မှာ ဒဏ်ရာဆိုတာ ရှိခဲ့ဖူးတာ ထုပ်ပြောစရာမလိုတော့ပါ။ ပြန်ညစ်ထုပ်ပြလို့ မရတော့တဲ့ မျက်ရည်ပေါင်းများစွာနဲ့ မေ့ပျောက်မရတဲ့ အတိတ်ဆိုး ခြေလှမ်းတွေ ထောင်ပေါင်းများစွာရှိခဲ့တယ်။ယုံကြည်ရာခြေလှမ်းကို လှော်တက်ကို အားစိုက်ရင်း အသက်ဝအောင်ရှူပြီ ဒုက္ခကိုအရင်းပြု ဘ၀အိမ်အတွက် အလှဆင် နာကျင်စရာရက်တွေ မရေးတွက်တွက်နိုင်အောင် ရှိခဲ့ဖူးတယ်။မေ့မရတဲ့ အတိတ်က လိုအပ်တာတွေ ရင်ဘတ်ထဲထည့် ခွန်အားကို ရေလိုသုံး ကြိုးစားခြင်းနဲ့ အနိုင်ယူ ဘ၀ဆိုတာ ရဲရင်သူတို့အတွက် အောင်ပွဲတစ်ခုပါပဲလေ။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now