မိသားစုသည်​သာ အချစ်​ဆုံး

သင်​သိပါသလား သင့်​ကိုအချစ်​ဆုံးက သင့်​ရဲ့မိသားစုဆိုတာ။သင့်​မိသားစု​​​လောက်​ ဘယ်​သူမှသင့်​ကို မချစ်​နိုင်​ပါဘူး။ဘာဖြစ်​လို့လဲ ဆို​တော့ သင်​က သူတို့ရဲ့ မိသားစုဝင်​မဟုတ်​လို့ပါပဲ။အ​​​ရေးကြီးကိစ္စတစ်​ခု(သို့မဟုတ်​)အ​ရေးကြီး ပြသနာတစ်​စုံတစ်​ခု​ပေါ်လာရင်​ သင့်​မိသားစုကသာ ဝိုင်းဝန်း​ဖြေရှင်း​ပေးကြပြီး၊ အခြားသူ​တွေက​တော့ သင့်​ကိုကူညီ​ဖို့​နေသာသာ ၊​ရှောင်​ဖယ်​ဖို့ပဲ လုပ်​​ဆောင်​ပါလိမ့်​မယ်​။
ဒါ​ပေမဲ့ သင့်​မိသားစုက​တော့ သင့်​ကို​ရှောင်ဖယ်​​မှာမဟုတ်​သလို၊အမြဲလိုလို သင့်​အ​ပေါ်ခွင့်​လွတ်​​မေတ္တာထား ကူညီပါလိမ့်​မယ်​။ငယ်​ငယ်​က အ​မေ​ပြောပြတဲ့ ကျ​နော်​မှတ်​မိသ​လောက်​ ပုံပြင်တစ်​ပုဒ်​ကို​ပြောရမယ်​ဆိုရင်​.........တစ်​ခါက​ပေါ့။ရွာတစ်​ရွာမှာ ညီအကိုနှ​ယောက်​​ရှိခဲ့ပါတယ်​။အကိုက ညီကိုအရမ်းချစ်​သ​လောက်​ ညီက​တော့ အကိုကိုလုံးဝမချစ်​သလို ၊သူ့သူငယ်​ချင်းမျာ​တွေနဲ့ ပဲ အပြင်​ထွက်​ အရက်​​သောက်​​ပျော်​ပါးတာ​ပေါ့။သူအကိုက ဆုံးမ​ပေမဲ့နားမ​ထောင်​ ၊နားမဝင်​သလို ဂရုလဲမစိုက်​ပါဘူး။ဒါ​ပေမဲ့သူက အမဲလိုက်​တဲ့အခါမှာ ကျွမ်းကျင်​တဲ့ မုဆိုးတစ်​​ယောက်​ပါ။ဒါ​ပေမဲ့ သူအမဲလိုက်​လို့ ရလာတဲ့ သား​ကောင်​(​တောဝက်​၊​သမင်​၊ဒရယ်​၊​တောဆိတ်​)​တွေကိုလည်း သူအကိုမိသားစုဆီကို ဘယ်​​တော့မှ သွားမ​ပေးသလို့၊သူ့သူငယ်​ချင်း​တွေနဲ့ ပဲ​သောက်​စား​ပျော်​ပါးပစ်​ခဲ့ပါတယ်​။သူ့အကိုက​တော့ သူ့ညီ​မ​ပေး​ပေမဲ့လည်း သူ့ညီအ​ပေါ်စိတ်​မဆိုးပါဘူး။ပတ်​ဝန်းကျင်​​ပြောကြတယ်​..."မင်းညီညက​တောဝက်​ရလာတယ်​ဆို၊မင်းကို တစ်​ပိသာ​လောက်​လာမ​ပေးဘူးလား"​ပြောကြ​ပေမဲ့ သူ့အကို​တော့ ဘာမှပြန်​မ​ပြောသလို စိတ်​ဆိုးခြင်းလဲမရှိခဲ့ပါဘူး။ဒီလိုနဲ့ တစ်​​နေ့သူ့ညီဟာ သူရထားတဲ့ သား​ကောင်​ကို သွား​ရောင်းပြီးပြန်​အလာ လမ်းမှာ အဖိုးအိုတစ်​​ယောက်​နဲ့​​တွေ့ပါ​ရော။ထိုအခါ အဖိုးအိုက သူကို​ခေါ်ပြီး" မင်းကမင်းအကို နဲ့အဆင်​မ​ပြေဖူးဆို၊သူ​ပြောစကား​တွေလည်းနားမ​ထောင်​ဘူး၊မင်းအကိုက ချစ်​သ​လောက်​မင်းက သူ့ကိုပြန်​မချစ်​ဘူး၊ပြီး​တော့ မင်းအမြဲတန်း မင်းသူငယ်​ချင်း​တွေနဲ့ပဲ​ပျော်​ပါး​သောက်​စားတယ်​၊အမဲလိုက်​လို့ သားရဲ​တွေရလာရင်​လဲ မင်းအကို ကိုအများကြီးမ​ပေးနိုင်​ရင်​​တောင်​ တစ်​ပိသာ​လောက်​ဖြစ်​ဖြစ်​​တော့ မင်း​ပေးနိုင်​ပါတယ်​ခု​တော့​​အဲ့​လောက်​​တောင်​မင်းက မ​ပေးသလို အကုန်​​ပျော်​ပါး​သောက်​စားပစ်​တယ်​။မင်းမိသားစုမှာ ဆိုလို့မင်းအကိုတစ်​​ယောက်​ပဲရှိတာ မင်းသူ့ကိုမချစ်​ရင်​ ဘယ်​သူ့ကိုသွားချစ်​မလဲ။မင်းသူငယ်​ချင်း​တွေကိုလားအဲ့လိုဆိုရင်​ မင်းမှားလိမ့်​မယ်​။မင်းသူငယ်​ချင်း​တွေက မင်းမှာ​ငွေရှိလို့မင်းကို​ပေါင်း​နေတာ၊မင်းဒုက္ခ​ရောက်​တဲ့အခါ သူတို့က မင်းကိုကူညီမှာ မဟုတ်​ဘူး။မင်းမယုံရင်​ ငါ​ပေးတဲ့နည်းနဲ့ စမ်းတက်​ကြည့်​"လို့ အဖိုးအိုက အကြံ​ပေးပြီးထွက်​ခွာသွား​လေသည်​။
တစ်​​နေ့တွင်​ သူသည်​ အဖိုးအိုအကြံ​ပေးတဲ့ နည်းအတိုင်းသူ့သူငယ်​ချင်းသူ့ကိုချစ်​မချစ်​သိ​အောင်​​ဆောင်​ရွက်​မယ်​လို့ဆုံးဖြတ်​လိုက်​​လေတယ်။နောက်​​နေ့တွင်​ သူသည်​​တောထဲသို့ အမဲလိုက်​ထွက်​​လေသည်​။အမဲလိုက်​​တော်​​သော​ကြောင့်​ တစ်​ခုနအတွင်း သမင်​တစ်​​ကောင်​ကို ပစ်​နိုင်​ခဲ့​လေတယ်​။ထိုအခါ သူသည်​ သမင်​ကို​တောင​ပျောရွက်​​တွေနဲ​သေချာဖုံးထားပြီးရွာသို့ ပြန်​ခဲ့​လေသည်​။ရွာ​ရောက်​​သော အခါသူ့သူငယ်​ချင်းတစ်​​ယောက်​ရဲ့ အိမ်​ကိုသွား​လေသည်​။သူ့သူငယ်​ချင်းအိမ်​​ရောက်​​သောအခါ သူ့သူငယ်​ချင်းက"အမဲလိုက်​ပြန်​လာပြီးလား၊ဒီ​နေ့သာ​ကောင်းမရလာဘူးလား"လို့​မေး​လေတယ်​။ထိုအခါ သူဝမ်း​နည်းစိတ်​ပျက်​​သော​လေသံဖြင့်​"မဟုတ်​ဘူးသူငယ်​ချင်း၊ ဒီ​နေ့ငါ​တောထဲအမဲလိုက်​ထွက်​တာ မထင်​မှတ်​ပဲ လူတစ်​​ယောက်​ကို သား​ကောင်​အထင်​နဲ့ မှားပစ်​မိတာ ခု​တော့ ဘယ်​လိုလုပ်​ရမလဲ မသိဘူး၊အဲ့တာမင်းအကူအညီလာ​တောင်းတာ၊ကူညီ​ပေးနိုင်​မလား "လို့​ပြောတယ်​။ထို့အခါ သူ့သူငယ်​ချင်းက "ဟာ၊မင်းကိစ္စက ငါမကူညီ​ပေးနိုင်​ဘူး ၊ငါပါ ပက်​သက်​​နေအုံးမယ်​၊ငါအိမ်​က အခုထွတ်​သွား"ဆိုပြီး နင်​ထုပ်​​လေသည်​။ထိုအခါ သူသည်​ သူ့သူငယ်​ချင်းရဲ့​နောက်​တစ်​အိမ်​ကိုထက်​သွား​လေသည်။ရောက်​​သောအခါအရင်​အတိုင်း သူ့​ပြောခဲ့သလို​ပြေ​လေတယ်​။ထိုအခါ အဲ့တစ်​​ယောက်​လည်း မကူညီ​ပေးနိုင်​ဟု​ပြောပြီး နင်​ထုပ်​​လေသည်​။ဒီလိုနဲ့ တစ်​​ယောက်​ပြီးတစ်​​ယောက်​ သူ့သူငယ်​ချင်း​တွေကို လိုက်​​ပြော​သော်​လည်း မကူညီတဲ့ အပြင်​ နင်​ထုပ်​ခံရ​လေသည်​။ထိုအခါ သူသည်​ သူ့သူငယ်​ချင်းများ၏ စိတ်​​နေသ​ဘောထားကို သိရှိသွား​လေသည်​။ထို့​ကြောင့်​ သူသည်​သူ့အကို၏ စိတ်​ထားကို သိချင်​​သော​ကြောင့်​ သူအကိုဆီသို့ သွား​လေသည်​။သူ့အကိုအိမ်​သို့​ရောက်​သွား​သောအခါ သူ့အကိုက မလာစဖူးလာတဲ့ ညီကိုကြည့်​ပြီး​မေး​လေတယ်​။သူညီက စိတ်​ပျက်​စွာဖြင့်​"​တောထဲသို့ အမဲလိုက်​သွားရင်း မထင်​မှတ်​ပဲ လူတစ်​​ယောက်​ကို သား​ကောင်​အထင်​နဲ့ မှားပစ်​မိခဲ့​ကြောင်း၊ခုအ​လောင်းကို ဖုံးထား​ကြောင်း"​ပြောပြ​လေသည်​။ထိုအခါ သူ့အကိုက ထိုင်​ရာမှ ချက်​ချင်းထာကာ​​ပေါက်​တူးနဲ​ဂေါ်ပြားကို ယူပြီးသူ့ကို​ခေါ်ပြီး ရွာထဲမှ ထွက်​ခွာသွားကြ​လေတယ်​။တောထဲသို့​ရောက်​​သောအခါ သူ့ညီ​ပြောပြတဲ့အတိုင်း ဖုံးထားတဲ့ အ​လောင်းတစ်​ခုကို​တွေ့​လေတယ်​။ထိုအခါ သူ့အကို ကအ​လောင်းကို ဖုံးထားတဲ့ င​ပျောရွက်​​တွေကိုခွာလိုက်​တဲ့ အခါ သူထင်​သလို လူ​သေအ​လောင်း မဟုတ်​ပဲ၊ သမင်​​သေအ​လောင်းဖြစ်​​နေ​လေတယ်​။ ထိုအခါ သူညီက သူ့ အကိုကိုဖက်​ပြီးငို​လေတယ်​။"အကို​ရေ..ညီ​လေးမှားပါတယ်​၊အကိုစကား​တွေကို မနား​ထောင်​သလို၊ အကိုကိုဘယ်​​တော့မှ ဂရုမစိုက်​ခဲ့လို့ ညီ​လေး​တောင်းပန်​ပါတယ်​၊တကယ်​​တော့ ကိုယ်​မိသားစု ညီအကိုထက်​ ဘယ်​သူ့မှ ကိုယ့်​ကိုမချစ်​နိုင်​ဘူး၊မကူညီနိုင်​ဘူးဆိုတာ သိသွားပါပြီး"ဟု​တောင်း​ပန်​ရှာ​လေတယ်​။ထိုအခါ သူ့အကို ကသူ့ညီအမြင်မှန်ရမှုကို​​အလွန်​ဝမ်း​မြောက်​​ကြောင်း၊ညီ​လေးအ​ပေါ် ဘယ်​​တော့မှစိတ်​မဆိုးခဲ့​ကြောင်း၊အမြဲတန်းခွင့်​လွတ်​​ကြောင်း​ပြောပြီး ညီအကိုနှစ်​​ယောက်​ သမင်​​သေကိုထမ်းပြီး ရွာထဲသို့ ပြန်​သွား​လေတယ်​။
ပုံပြင်​​လေးက​တော့သည်​​လောက်​ပါပဲ။ငယ်​ငယ်​က​မောင်​နှ​တွေ တစ်​​ယောက်​နဲ့ တစ်​​ယောက်​မတည့်​ကြရင်​ အ​မေကဆုံးမပြီး သည်​ပုံပြင်​​လေးကို​ပြောပြ​လေတယ်​။ထို​ကြောင့်​ ဒီပုံပြင်​​လေးအတိုင်း နင်​တို့ ဒုက္ခ​ရောက်​ရင်​ ဘယ်​သူမှ မကူညီ​ပေးနိုင်​ကြဘူး၊ နင်​တို့​မောင်​နှမ​တွေပဲအချင်းချင်းပြန်​ကူညီကြရမှာ၊ တာ​ကြောင့်​ တစ်​​ယောက်​နဲ့ တစ်​​ယောက်​ နဲ့ တစ်​​ယောက်​ ချစ်​​ချစ်​​ခင်​ခင်​​နေကြ လို့ အမြဲဆုံးမ​လေသည်​။
ဤပုံပြင်​​လေးကို ဖက်​ခြင်းဖြင့်​ ကျ​နော်​တို့ ဒုက္ခ​ရောက်​ရင်​ မည်​သူမှ ကိုယ်​ကို မကူညီ​ပေမဲ့ သင့်​မိသားစုက​တော့သင့်​အ​ပေါ် အမြဲကူညီ​နေခြင်းပါပဲ။ဒါ​ကြောင့်​ သင့်​မိသားစု​ပေါ် မချစ်​ခြင်း၊ညီအကို​မောင်​နှမ အ​ပေါ် မနှစ်​မျိုခြင်း၊မနှာလိုမှု​တွေမထားရှိသင့်​ပဲ ချစ်​ချစ်​ခင်​ခင်​​နေကြစို့။ image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center