ဘဝရှိရင် ပြဿနာရှိတယ်

image

ဘဝရှိရင် ပြဿနာရှိတယ်

ပြဿနာဆိုတာ ဘဝနဲ့အတူ ရှိနေတာနော်။ ဘဝရှိနေပြီး ပြဿနာ မရှိချင်လို့ မရပါဘူး။ ဘဝရှိရင် ပြဿနာဆိုတာ ရှိကိုရှိတာပါပဲ။ ရှောင်လွှဲလို့ မရပါဘူးနော်။ 
အဲလို ဘဝနဲ့အတူရှိနေတဲ့ ပြဿနာတွေ မလွှဲသာမရှောင်သာစိတ်ဆင်းရဲမှုတွေ အပေါ် ဘယ်လိုသဘောထားမလဲ ..  ဘယ်လိုအမြင်နဲ့ ကြည့်ရမလဲ ... ။ အဲဒါအရေးကြီးပါတယ်။  
ဘဝမှာ ဖြစ်သမျှ အရာရာတိုင်းဟာ ဘယ်အရာမှ အကြောင်းမဲ့ အကျိုးမဲ့ ဖြစ်လာတာ မဟုတ်ပါဘူး။ အကြောင်းရှိလို့ ဖြစ်လာတာပါ။ အဆိုး ဖြစ်လာလည်း အဲဒါ အကြောင်းရှိပါတယ်။ ကိုယ်ကသာ မသိသေး လို့ အဆိုးချည်းသက်သက်လို့ ထင်ရတာနော်။  ဒီအဆိုးဆီက ကိုယ့်မှာ သင်ယူစရာ သင်ခန်းစာတစ်ခုခု ရှိနေပါတယ်။
ဒါ့ကြောင့်မို့လို့  ကိုယ့်ဘဝမှာ ကြုံတွေ့ရတဲ့ ဘယ်အရာမှ အလကား ဖြစ်မသွားစေရဘူးနော်။ ကိုယ် ကြုံတွေ့ရတဲ့ ပြဿနာတွေ အခက်အခဲတွေ ဒုက္ခတွေကို အကျိုးမဲ့ဖြစ်မသွားစေရဘူး။
  ကိုယ်ကသာ ဥာဏ်ရှိတဲ့သူ ဖြစ်မယ်ဆိုရင် ကိုယ့်ဘဝမှာ ကြုံလာသမျှ အကောင်းအဆိုး အားလုံးကို အကျိုးရှိသွားအောင် လုပ်လို့ရပါတယ်နော်။ 

image

      ကြုံတွေ့ရတဲ့ လောကဓံတွေ အခက်အခဲဒုက္ခကြောင့် ကိုယ်ဟာ ပိုပြီးတော့ သဘောထားမှန်အောင် ထားတတ်တဲ့သူ ဖြစ်လာရမယ် ..  စိတ်ထား ပိုကောင်းတဲ့သူ ဖြစ်လာရမယ် .. ပြဿနာတွေ အခက်အခဲတွေကို ဖြေရှင်းရင်း ကိုယ်ဟာ အရင်ထက်ပိုပြီး ဥာဏ်ရင့်သန်လာတဲ့သူ ဖြစ်ရမယ်။
    အဆိုးတွေ စိတ်ဆင်းရဲမှုတွေ ကြုံရပြီးတဲ့နောက်မှာ ကိုယ်ဟာ အရင်ထက် ပိုအဆင့်မြင့်တဲ့သူ ဖြစ်သွားတယ် ဆိုရင် အသက်ကြီးလာတဲ့ဘဝဟာ ပျော်စရာ ကောင်းနေမှာပဲ...။ 
 

ပြဿနာ မရှိတဲ့ဘဝကို မတောင့်တပါနဲ့။
ပြဿနာ ရှိလာရင် စိတ်အေးအေး ခေါင်းအေးအေးနဲ့ ကိုင်တွယ်နိုင်တဲ့ ဥာဏ် ရှိတဲ့သူ ဖြစ်ပါရစေ လို့ တောင့်တပါ.. .။
 စိတ်မချမ်းမသာစရာတွေ စိတ်မသက်မသာဖြစ်စရာတွေ တွေ့ရပြီဆိုရင် စိတ်ပျက်ဝမ်းနည်း မသွားပါနဲ့။ 
 ကိုယ့်ဘဝမှာ စိတ်မသက်သာစရာတွေ ကြုံတွေ့ရလို့ ကိုယ်ဟာ စိတ်ငြိမ်ငြိမ်နဲ့ အမှန်ကန်ဆုံး စိတ်ထားကို ထားတတ်တဲ့သူ ဖြစ်ရမယ်လို့ ဆုံးဖြတ်ပါ....
အခက်အခဲတွေ အကျပ်အတည်းတွေ ကြုံရရင် ငါ့မှ ကြုံရလေခြင်းလို့ မညည်းညူပါနဲ့။ 
ဘဝက ကိုယ့်ကို အမြဲတမ်း အဆင့်မြှင့်ချင်နေတယ် ဆိုတာ သတိပြုပါ.. ။ ငါ့ဘဝက ငါ့ကို အဘက်ဘက်က အဆင့်မြှင့်တဲ့သူဖြစ်ဖို့ လိုချင်နေပြီလို့ ခံယူပါ...။

 ဘဝမှာ အခက်အခဲတွေ ပြဿနာတွေ ရှိလို့ .. ဒီအခက်အခဲ ဒီပြဿနာကို ရင်ဆိုင်ရင်းဖြေရှင်းရင်းနဲ့ ကိုယ်ဟာ ပိုစဉ်းစားတဲ့သူ ပိုတွေးခေါ်မြော်မြင်တဲ့သူ ပိုစိတ်ထားမြင့်တဲ့သူ ဖြစ်လို့ ရပါတယ်။
 ဘဝဟာ ကိုယ့်ကို တစ်ဆင့်ပြီးတစ်ဆင့် မြင့်သထက်မြင့်တဲ့သူ ဖြစ်ဖို့ အမြဲလိုလားနေပါတယ်...။

photo : google

image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center