Happy Childhood Day

image

သိပ်ကိုသာယာအောင်မြင်ကြတဲ့ ရီလေးရှင်းရှစ် တည်ဆောက်နိုင်သူတွေ ...
မည့်သို့ပင်အဆင်ပြေပါတယ်ဆိုစေကာမူ ...
လူနှစ်ယောက်ပေါင်းစပ်ရတဲ့အခါ ...
ညှိယူရမှုတွေနောက်မှာ ဖော်ပြဖို့မကုန်နိုင်တဲ့အကြောင်းအရာများစွာရှိမယ်ထင်ပါတယ်.

တစ်ချို့ အသည်းကွဲလို့လာရင်ဖွင့်တဲ့အခါ ...
မနှစ်သိမ့်မိဘဲ ဖြစ်သင့်တာကို ဒဲ့ ပြောမိလို့ ...
တစ်ခါတစ်ခါ ပြောပြီးမှ စိတ်မကောင်းဖြစ်ရတယ် ...

အချစ်ကချိုခါးတဲ့ ... ချိုတဲ့အခါလည်းချိုသလို ခါးတဲ့အခါလည်းခါးတယ်ပေါ့ ...
အချစ်အကြောင်း သိပ်နားမလည်ပါဘူး ...
သိတာက အချစ်ဟာ ချိုချဉ်ငန်ဖန်စပ်ခါး အစုံသုပ်လိုဘဲ ...

ပုံမှန်ဆို စသဘောကျခါစမှာ အချိုလေးတွေပေး ...
ရည်းစားဖြစ် ... ချိုနေသေးတယ်ပေါ့ ...
အချိန်ကြာလာတော့ ... စ ဖန် ချဉ် ငန် စပ်လာရော ...
ဒီလိုနဲ့ အိမ်ထောင်ပြု ...
အိမ်ထောင်ရေးသက်တမ်းကြာလာရင် တစ်ချို့များ တူးခါးကုန်တာမလား ...
image
ကျင့်သုံးခဲ့တဲ့ ... ကျင့်သုံးနေဆဲ သီအိုရီလေးပေါ့ ...
ပရိုစီဂျာက ပြောင်းပြန် ...
အစမှာ မခံနိုင်အောင်တူးခါးနေတဲ့ အခါးတွေပေး ...
အခါးတွေခံနိုင်ရည်ရှိသွားတော့ ...
မခံမရပ်နိုင်အောင်စပ်တဲ့ အစပ်တွေပေး ...
အစပ်တွေ ကျော်ဖြတ်နိုင်တော့ ...
ချဉ် ငန် ဖန် တာတွေပေး ...
တော်တော်များများကတော့ ...
အခါး နဲ့ အစပ်မှာတင် အလံဖြူပြသွားကြတယ် ...
အဆင့်တွေအားလုံးကျော်ဖြတ်နိုင်သူဆိုတာ ရှားတယ်မလား ...
ကိုယ့်ရဲ့ မခံနိုင်အောင် ခါး စပ် ချဉ် ငန် ဖန်တွေကျော်ဖြတ်နိုင်သူဟာ ... ကိုယ် ယုံကြည်မိပါတယ် (ရာနှုန်းပြည့်တော့မဟုတ်ပါ) ...
တစ်ဘဝလုံးစာ ကိုယ့်သည်းညည်းခံနိုင်မယ့်သူ ...
ကိုယ် ဘယ်လို ပုံစံဖြစ်ဖြစ် ... ပုံဆိုးပန်းဆိုး ဒေါသဖြစ်နေနေ ...
ကိုယ့်ဘဝမှာ ဘယ်လိုရှုံးနိမ့်မှုတွေရှိနေနေ ...
ကိုယ်ဘယ်လောက်ရစ်ရစ် ...
ကိုယ်ဘယ်လောက်ဆိုးဆိုး ...
ကိုယ့်လက်ကို သူ မြဲမြဲတွဲ သူနဲ့ကိုယ်ရေစက်ရှိသ၍ သူ ကိုယ့်အနားက ဘယ်တော့မှ မခွာဘူးဆိုတာပါဘဲ ...
(ဒီလမ်းစဉ်လေးဟာ ကိုယ့်ဘာသာ ခံစားမိပြီး ကျင့်သုံးနေတာမို့ ကိုယ်တစ်ယောက်တည်းရဲ့ ခံစားချက်သက်သက်ပါ)

တစ်ခုလေးခံစားပြောနိုင်တာက ...
ကိုယ့်ကို တကယ်ချစ်ခြင်းမေတ္တာရှိသူဟာ ကိုယ်မျက်ရည် (နာကျင်မျက်ရည်) ကျအောင်မလုပ်ပါဘူး.
ကိုယ့်ကို မျက်ရည်ပါစေလိမ့်မယ် ... သူ့ချစ်ခြင်းမေတ္တာနွေးထွေးမှု ကိုယ့်နှလုံးသားကိုစီးမျောလို့ ဝမ်းသာကြည်နူးပီတိဖြာဖြာကျရတဲ့မျက်ရည်ပါ.

ဆရာတော် ရှင်ဆန္ဒဓိက ဟောကြားတဲ့ တရားတော်ထဲကလို ချစ်ကံကောင်းဖို့ဆိုတာ အကောင်းကံချစ်ဖို့လိုပါတယ်.
ဒီဘဝ အချစ်ကံမကောင်းရင် အတိတ်ဘဝက အကောင်းကံမချစ်ခဲ့လို့မို့ ဒီဘဝ အကောင်းကံတွေချစ်ကြရမှာပေါ့ ...

ဘယ်လိုဖြစ်ဖြစ်လေ ...
ကိုယ့်နားမှာ ကိုယ့်ဟာကိုယ်ဖြစ် လက်ခံနိုင်သူရှိ တယ်ဆို ...
တန်ဖိုးထားပါ ...
လေးစားပါ ...
သူ့လက်ကို မြဲမြဲဆုပ်ကိုင်ထားပါ ...
သက်ဆုံးတိုင်ထိ

image
၂၇ . ၄ . ၂၀၁၈ နေ့မှာရောက်ရှိခဲ့သော မယ့်မွေးနေ့လေးမှာ ...
ချစ်စရာကောင်းတဲ့ ...
လှပတဲ့ ...
ကြည်နူးစရာကောင်းတဲ့ ...
အံ့သြစရာကောင်းတဲ့ ...
စကားလုံးတွေနဲ့ ဖော်ပြလို့မရအောင် ခံစားရစေတဲ့ ...
မွေးနေ့ဆုတောင်းများကို ဖုန်း ...
အက်စ်အမ်အက်စ် ...
ဖေ့ဘွတ်ပိုစ့် ...
မက်ဆင်ဂျာ ...
ဝက်စ်အပ်စ် ...
ဗိုက်ဗာ ...
လိုင်း ...
အီးမေးလ် ...
လူကိုယ်တိုင် စသည်ဖြင့်ကနေ မွေးနေ့ဆုတောင်းပေးကြပါသော ...
တစ်ဦးချင်းစီ အယောက်စိတိုင်းကို မယ့် နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာကနေ ချစ်ခင်တန်ဖိုးထားကျေးဇူးတင်ရပါတယ်.

မွေးနေ့မှာ မယ့်ကိုယ်စား အလှူဒါနကုသိုလ်ကောင်းမှု ပြုပေးသော ချစ်ကြပါသောသူများအားလုံး တစ်ဦးချင်းစီ အယောက်စိတိုင်းကို ကျေးဇူးတင်ပါတယ်.

ဘဝမှာ တန်ဖိုးထားဆုံးက ချစ်ခြင်းမေတ္တာမို့ မယ်တန်ဖိုးအထားဆုံး ' ချစ်ခြင်းမေတ္တာ ' လက်ဆောင်ကို အားလုံးဆီက ရလို့ မယ် ကံကောင်းပြီး ပျော်ရွှင်ကြည်နူးဝမ်းသာပါတယ်.

မယ် အသက်တစ်နှစ်ကြီးသွားပါပြီ.
အသက်တစ်နှစ်ကြီးလို့ ' နေဖို့ ' ထက် ' သေဖို့ ' စတင်ပြင်ဆင်ရမယ်လို့ ကိုယ့်ကိုယ်ကို နေ့စဉ်သတိပေးနေပါတယ်.

မယ် မလိမ္မာတာ အမြင်မတော်ရှိ ဝိုင်းဆုံးမကြပါ.

တစ်ခါတစ်ခါအသက်သာကြီးသွားတာ မယ် ကလေးဆန်ချင် ချွဲနွဲ့ဆိုးချင်မိတတ်တုန်းမို့ပါ.

တကယ်တော့ ... ကလေးဆန်ရတာ လွတ်လပ်ပေါ့ပါးတယ်လေ. လူကြီးဆန်ရတာ ပြောပြလို့မရအောင်များပြားမှုတွေရှိရယ်.

ကလေးဆန်မိတဲ့အခါ မယ့်ကို ငြိုငြင်ပါနဲ့နော်.

မနေ့ညက မွေးနေ့ဆုတောင်းတွေတစ်ဦးချင်းစီစာပြန်ရင်း ဖုန်းကိုင်ရင်း မယ် အိပ်ပျော်သွားလို့ပါ. အနူးအညွှတ်တောင်းပန်ပါတယ်. မယ် ရီပလိုင်း ပြန်ရမယ့်အကြွေးတွေများကြီးပါ. တဖြည်းဖြည်းချင်းဆပ်ခွင့်ပေးပါနော်.

image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now