ယုံကြည်​ရာ​​တွေ​မေး​ဖြေချင်​ရာ​တွေ​ဖြေ

အရပ်​သားဘ၀က​နေ ရဲဝန်​ထမ်းအဖြစ်​တာဝန်​ထမ်း
ရပြီဆိုရင်​ ပုခုံး​ပေါ် ၃ ပွင့်​ရဘို့ဆိုတာ အ​တော်​မလွယ်
တဲ့ကိစ္စပါ ၊ အသွင်​​ပြောင်းနဲ့ Jump Promotion
အ​ချောင်​ရလာသူဆိုရင်​​တော့ တစ်​မျိုး​ပေါ့​လေ ...
image
Credit:photo
ယခု ရဲမှုးက​တော့ သူ့ပုခုံး​ပေါ်က ၃ ပွင့်​ကို ရဲဝန်​ထမ်း
လောကမှာ ၁၀ စုနှစ်​​တွေနဲ့ကျင်​လည်​ရင်းနှီးပြီးမှ
ရလာတယ်​ဆိုတာ​တော့​ပြောစရာမလိုပါ ​ ။

ဒါ​ကြောင့်​ သူလဲသူ့ အပွင့်​​လေးကို
နှ​မျှောမှာ​တော့ အ​သေအချာ ဘဲ ...

ဒါ​ပေမဲ့ တိုင်းရင်းသားတစ်​ဦးဖြစ်​တဲ့အပြင်​ နဂိုလ်​ပင်
ရင်းစိတ်​ကိုက ရိုးသားတဲ့အခံရှိသူတစ်​ဦးဖြစ်​​တော့
အမှန်​တရားကို ရင်​ထဲသိုဝှက်​မထားနိုင်​ဘူး ။ အဲ့ဒိ
တော့ တရားရုံးမှာ အမှန်​ အမှန်​အတိုင်း ​ထောင်
ချောက်​ဆင်​ဖမ်းခဲ့တာပါဆိုပြီး ထွက်​ဆိုသွား
ခဲ့တယ်​ ။ ဒါ​ပေမဲ့ သူ့ရင်​ထဲမှာ ရဲဝန်​ထမ်း
တွေရဲ့ဘ၀​တွေ ဘယ်​လိုခံစား​နေရတယ်
ဆိုတဲ့ အစိုင်​အခဲရှိ​နေတာ သူ​ပြောသွား
တဲ့စကားအရ သိနိုင်​ပါတယ်​ ....

သူ​ပြောသွားတဲ့စကားက ...

" ရဲတပ်​ဖွဲ့ဝင်​​တွေလဲ့ သူ့အဆင့်​အလိုက်နဲ့သူ
ဂုဏ်​သိက္ခာဆိုတာ ရှိပါတယ်​ " တဲ့

ဒါ​လေးနဲ့ပက်​သက်​ပြီး နဲနဲ​ပြောပြချင်​ပါတယ်​ ...

ကျ​နော့သ​င်္ဘောမှာ AB ​လေးတစ်​​ယောက်​ရှိတယ်​ ။
သူ့အ​ဖေက စခန်းမူးဘ၀နဲ့ အငြိမ်းစားယူသွားတာ ။
ဘာ​ကြောင့်​သူ့အ​ဖေအငြိမ်းစားယူသွားရတာလဲဆိုတာ
ဒီမှာမ​ပြော​တော့ဘူး ။ ကျ​နော်​​ပြောချင်​တာက သူ့
အ​ဖေထက်​အဖြစ်​ဆိုးတဲ့ ကိစ္စကို​ပြောပြချင်​တာ ...

ခရိုင်​မှုးအသစ်​​ရောက်​လာတယ်​ ။ အသွင်​​ပြောင်းနဲ့တဲ့ ။
သူ့ခရိုင်​အတွင်းက မြို့နယ်​မှုး စခန်းမှုး​တွေနဲ့ မိတ်​ဆက်
တွေ့ဆုံအစည်းအ​ဝေးသ​ဘော​ခေါ်ပါသတဲ့ ။ ဒါနဲ့​ကျ​နော့
AB ​လေးအ​ဖေနဲ့ သူ့မြို့နယ်​မှုးတို့ ခရိုင်​မှုးရဲ့အစည်းအ
ဝေးကိုသွားကြတယ်​ဆိုပါစို့ ၊ အစည်းအ​ဝေးမှာမြို့နယ်
အသီးသီးက မြို့နယ်​မှုးစခန်းမှုး​တွေက မိတ်​ဆက်​စကား
ပြောပြီး ကိုယ့်​မြို့နယ်​ရဲ့မှု့ခင်းအ​ခြေအ​နေ​တွေကို ရှင်း
လင်းကြ​​ပေါ့​လေ ၊ အဲ့ဒိမှာ သူတို့မြို့နယ်​မှ မြို့နယ်​မှုး
အလှည့်​​ရောက်​​တော့ ထ ပြီးအ​လေးပြု ၊ ဘယ်​မြို့
နယ်​က ဘယ်​သူပါ​ပေါ့ ၊ ဘာရာထူး​ပေါ့ စသဖြစ်
မိတ်​ဆက်​ရုံရှိ​သေး ...

ခရိုင်​မှုးအသစ်​က " ​နေအုန်းဗျ ၊ ခင်​ဗျားတို့မြို့နယ်​က
ကိစ္စတစ်​ခု ကျုပ်​ကိုအထက်​က ​ပေးလိုက်​တယ်​ " ဆိုပြီး
သူတို့မြို့နယ်​မှာ နိုင်​ငံ​ရေးလုပ်​​နေတဲ့ ကျုရှင်​ဆရာကိစ္စ
ကို ​မေးပါတယ်​ ။ တစ်​ဆက်​တည်း အဲ့ဒိဆရာကို ဖမ်း
ချုပ်​ထားတယ်​ဆိုတာ ဟုတ်​သလားလို့​မေး​တော့ ...

" အဲ့ဒိလိုဖမ်းချုပ်​ဘို့အတွက်​ ကျ​နော်​ရမန်​ယူထား
ပါတယ်​ " လို့မြို့နယ်​မှုးက​ဖြေတဲ့အခါ ...
ခရိုင်​မှုးအသစ်​ အကြီးအကျယ်​ 
ဒေါသူပုန်​ထပါ​လေ​ရော...

ခင်​ဗျားကို ဖမ်းချုပ်​ထားခိုင်းတာ
ခင်​ဗျားက ဘာကိစ္စရမန်​ယူရတာလဲ ...
ကျုပ်​တို့လိုချင်​တာ လူမိ​အောင်​ဖမ်းပြီး
အချုပ်​ထဲ မ​ရောက်​ ​ရောက်​​အောင်​ထည့်​ထားဘို့...
ဘာညာနဲ့ အကြီးအကျယ်​​ကောပါ​လေ ​ရော ...

သူက​ကော​လေ မြို့နယ်​မှုးလဲ ​ကြောက်​လန့်​ပြီး
ရမန်​ယူထားပါတယ်​ အဘ ။ ရမန်​ယူထားပါတယ်
ထက်​ခါ ထက်​ခါ ရှင်း ။ ရမန်​ယူထားတယ်​ဆိုတာ
ကြား​လေ ခရိုင်​မှုးအသစ်​က ​ဒေါကန်​​လေ နဲ့
နောက်​ဆုံး ...အနား​ခေါ်ပြီး ထိုးပါ​လေ​ရော ဗျာ ။

မြို့နယ်​အသီးသီးက စခန်းမှုး မြို့နယ်​မှုး​တွေအ​ရှေ့မှာ
ကိုယ့်​သားအရွယ်​သာ သာရှိသူက အသလွတ်​ထိုးတာ
ခံရ​တော့ မြို့နယ်​မှုးလဲရှက်​တာ​ရော ​ကြောက်​တာ
ရောနဲ့ ဘာမှပြန်​မ​ပြောရဲ​တော့ဘူး ။
အထိုးခံ​နေရတယ်​...

အဲ့ဒိမှာ ခရိုင်​မှုးအသစ်​ရဲ့ ပီ​အေ ဒုရဲအုပ်​တစ်​​ယောက်
ကအမြင်​မ​တော်​လို့ သူ့ဆရာခရိုင်​မှုးကိုလာဆွဲ ပြီး
တိုးတိုးရှင်းပြရသတဲ့ ။ တရားခံတစ်​​ယောက်​ကို
ဖမ်းရင်​ ၂၄ နာရီထက်​ပိုချုပ်​ထားခွင့်​မရှိဘူး ။
ချုပ်​ချင်​တယ်​ဆိုရင်​ တရားရုံးမှာ ချုပ်​ရက်
ရမန်​ယူရတယ်​ ။ အဲ့ဒါကို ရမန်​ယူတယ်
ခေါ်တယ်​အဘ ဆိုပြီး ရှင်းပြသတဲ့ ...

အဲ့ဒိ​တော့မှ ခရိုင်​မှုးအသစ်​ ငနဲလဲ သ​ဘော​ပေါက်​င်္ပြး
မြို့နယ်​မှုးကို ​ဆောရီဘဲဗျာ သွားပြန်​ထိုင်​လို့ရပါပြီ
ဆိုပြီး​နေရမှာပြန်​ထိုင်​ခွင့်​​ပေးသတဲ့ ။ သူက​တော့
လူအများ​ရှေ့မှာ ကိုယ်​ထိလက်​​ရောက်​ အ​ဖေရွယ်
ကြီးကို ထိုးကြိတ်​ပြီးမှ ​ဆောရီးနဲ့ ပြီးသွားတာ ...

ခံစားရတဲ့ လူ ( မြို့နယ်​မှုး ) က​တော့
ရှက်​လွန်းလို့ စခန်းပြန်​​ရောက်​တာနဲ့ ထွက်​စာတင်
ပြီး ရဲတပ်​ဖွဲ့က​နေ တစ်​ခါတည်းထွက်​သွားပါ​လေ​ရော...

ကျ​နော်​​ပြောချင်​တာက
ယခု ရဲမှုး​ပြောတဲ့ ရဲတပ်​ဖွဲ့မှာလဲ သူ့အဆင့်​အလိုက်
သူ့ဂုဏ်​သိက္ခာရှိပါတယ်​ဆိုတာ အထက်​ပါ ကျ​နော်
တင်​ပြခဲ့တဲ့ကိစ္စမျိုး​တွေနဲ့ များစွာဆက်​စပ်​​နေမယ်
ဆိုတာ ​ပြောစရာမလိုဘူးထင်​ပါတယ်​ ....

ရဲ ​လောကထဲကို ခပ်​တည်​တည်​နဲ့ ​ရောက်​လာပြီး
ယူထားတဲ့ရာထူး​တောင်​အားမနာ " ရမန်​ " ​တောင်
မသိတဲ့​ကောင်​က လက်​ရှိအချိန်​ထိ ရာထူးကြီးကြီး
နဲ့ တာဝန်​ထမ်း​ဆောင်​လျှက်​ပါ တဲ့ ခင်​ဗျားး ... ။

Sua Sponte .

H2
H3
H4
3 columns
2 columns
1 column
Join the conversation now