လွတ်လပ်ခွင့်

image
ကလေးလေးဘဝက ဖြူစင်တယ်၊ ရိုးသားတယ်၊
သန့်ရှင်းတယ် စင်ကြယ်တယ် ဂုဏ်ပုဒ်တွေအများကြီးပဲ။ လူတိုင်းလူတိုင်းဟာ အဲ့ဒီလို ဂုဏ်ပုဒ်များတဲ့ ကလေးလေးဘဝကနေပဲ စတင်ခဲ့ကြရတာ နောက်တဖြေးဖြေး အသက်အရွယ်ကြီးရင့် လာတာနဲ့အမျှ အဲ့ဒီဂုဏ်ပုဒ်တွေ အနဲနဲ့အများ တဖြေးဖြေး မှေးမိန်ပျောက်ကွယ်သွားကြတယ်။

တချို့သောလူတွေက အသက်ရွယ်ကြီးရင့်ပေမဲ့ အဲ့ဒီပုဒ်တွေ မပျောက်သွားအောင် ကိုယ့်ကိုယ်ကိုယ် ပြုပြင်ထိန်းသိမ်းကြတယ်။အဲ့လို ပုဂ္ဂိုလ်တွေများများရှိနေရင် လူ့လောက ပတ်ဝန်းကျင်ကြီးဟာ အမြဲစိမ်းလန်းစိုပြေ သာယာလှပနေမှာ အသေချာပါ။ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာက အဲ့လို ပုဂ္ဂိုလ်မျိုးတွေဟာ ကမ္ဘာကြီးနဲ့ တွက်ချက်ရေတွက်ရင်တောင် အနည်းစုမျှသာရှိပါတယ်။
image
ကျွန်တော်ဆိုလို ပြောချင်တာက ကလေးလေးတွေကို ငယ်ငယ်က အဖေအမေတွေက မေးတတ်ကြတယ်။ သားတို့သမီးတို့ကြီးလာရင် ဘာလုပ်ကြမှာလည်း……?အဲ့မေးခွန်းလေးကို မိဘတိုင်းလိုလိုမေးတတ်ကြတယ်။ ကလေးလေးက သူ့စိတ်ထဲက ရှိနေတဲ့ဆန္ဒအတိုင်း ပြောခွင့်မရရှာဘူး သားပြောလိုက်လေ သားကြီးလာရင် ဆရာဝန်ကြီးလုပ်မှာလို့ သမီးကြီးလာရင် ဒေါက်တာမကြီးလုပ်ပြီး လူတွေရဲ့ အသက်ကိုကယ်မှာလို့ အဲ့လိုတွေ ပြောခိုင်းကြတယ်။

ကလေးငယ်ငယ်လေး အရွယ်ဖြစ်ပေမဲ့ သူ့ရဲ့စိတ်ဆန္ဒကို ချုပ်ချယ်ခံထားရတယ် သူဝါသနာပါတာ သူစိတ်ဝင်စားတာ သူအားသာချက်ကို ပြောပိုင်ခွင့်မရှိခဲ့ကြဘူး။တခါတုန်းက သိပ္ပံပညာရှင်ကြီးတစ်ယောက်ကို လူတစ်ယောက်မေးတယ်၊ကလေးလေးတစ်ယောက်ဟာ သိပ္ပံပညာရှင်ဖြစ်ဖို့ ဘယ်လိုအရည်ချင်းတွေလိုအပ်ပါသလဲတဲ့..?သိပ္ပံပညာရှင်ကြီးကပြန်ပြောတယ်၊ကလေးလေးတစ်ယောက် သိပ္ပံပညာရှင် ဖြစ်လာဖို့ ပညာတွေအရမ်းတတ်ဖို့လည်း မလိုအပ်ဘူး ဥာဏ်တွေအရမ်းထက်မြက်ကောင်းမွန်ဖို့လည်း မလိုဘူး
မှတ်ဥာဏ်အရမ်းကောင်းမွန်နေဖို့လည်း မလိုအပ်ပါဘူး ကျောင်းမှာအမြဲအဆင့်တစ်ရနေအောင် ထူးချွန်ဖို့လည်း မလိုအပ်ပါဘူး သိပ္ပံပညာကို စိတ်ဝင်စားမှု ဝါသနာပါရင် ပြီးပြည့်စုံပါပြီတဲ့။

image
နောက်ဆက်ရန် ရှိပါသေးသည်။
အားလုံးကိုလေးစားစွာဖြင့်
ရေးသားသူ >>>@myathuaung
MSC >>> 032

H2
H3
H4
3 columns
2 columns
1 column
Join the conversation now