တိတ်ဆိတ်ပါ ဖေးမပါ စာနာပါ ကူညီပါ

သူ ဝမ်းနည်းတိုင်း
ကိုယ် ဝမ်းနည်းချင်မှ နည်းလိမ့်မယ်၊
ဒါပေမဲ့ ..
သူ့ရှေ့မှာ
ပျော်ရွှင်ဟန်မပြမိဖို့တော့လိုတယ် ..။

သူ အဆင်မပြေပေမယ့်
ကိုယ် အဆင်ပြေချင်ပြေနေလိမ့်မယ်၊
ဒါပေမဲ့..
သူ့ရှေ့မှာ..
မမော်ကြွားမိဖို့တော့ လိုတယ် ။

သူ အသည်းကွဲနေပေမယ့်
ကိုယ့်အချစ်ရေး အဆင်ပြေချင်ပြေနေလိမ့်မယ်၊
ဒါပေမဲ့ ..
သူ့ရှေ့မှာ ..
ချစ်မပြမိဖို့တော့လိုတယ် ။

ပျော်ရွှင်ပြည့်စုံအောင်မြင်သူတွေရဲ့ အမှတ်တမဲ့ပြောဆိုပြုမူ ဝံ့ထယ်မိတာလေးတွေဟာ
တစ်ခါတစ်ရံမှာ
မရည်ရွယ်ဘဲနဲ့လည်း အဆင်မပြေဝမ်းနည်းအားငယ်နေသူတွေကို
ပိုပြီး အားငယ်ကြေကွဲသွားစေနိုင်တယ် ။

ဒါ့ကြောင့် ..

အဆင်မပြေမှုတွေများတဲ့ကမ္ဘာကြီးမှာ

သင်အောင်မြင်လေ ..
သင်ပျော်ရွှင်လေ ..

တိတ်ဆိတ်ပါ၊

ဖေးမပါ ၊

စာနာပါ ၊

ကူညီပါ ။

#ပုညခင် image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center