သံကိစ္စ သာမဏေ အပိုင်း၇

(7)
ကပ္ပိယကြီးက ပြောမိပြောရာ ဘယ်လိုပြောလိုက်သလဲဆိုတော့……

"အို……အရှင်တို့! "အကျွန်ုပ်က သူများစားကြွင်းကိုစား၍ ကြီးရတဲ့ သူတစ်ယောက်ပါ! စားကြွင်းစားဆိုတာ လောကမှာ အောက်တန်းနောက်တန်းအကျဆုံးသူတစ်ယောက်ပါဗျာ"………

သူကလည်း ဒီလမ်းက ထွက်မှပဲ… သူကထွက်စရာထွက်ပေါက်တော့လေ! ပြီးတော့ ဒီလိုဆက်ပြောတယ်။

" ရဟန်းတော်အရှင်သူမြတ်တို့က ထိုထိုအမျိုးမျိုးလေးပါးမှ တောထွက်၍ ရဟန်းပြုကြသော်လည်းပဲ သာကီဝင်မျိုးမင်းသားတွေချည်း……ထိုရဟန်းတို့ကို သတ်ပြီးတော့ နတ်ပူဇော်လျှင် သင်တို့ဒေဝတာ နတ်က အလွန် နှစ်လိုအားရဝမ်းမြောက်ပါလိမ့်မယ်……" ဆိုပြီး……
သူပြောတာနဲ့ ကိုယ်တော်တွေ ဘေးရောက်ရတယ်………

အဲ့မှာဓါးပြဗိုလ်က စဉ်းစားတော့တာပဲ………
"လောကမှာ အောက်တန်းနောက်တန်းအကျဆုံး၊ အယုတ်ဆုံးသူကို နတ်တင်ရင် ဘာအကျိုးရှိမလဲ မင်းသားဖြစ်တဲ့ ရဟန်းကို သတ်၍ နတ်တင်မှု ပြုကြစို့" ဆိုပြီး…………
အားလုံးတိုင်ပင်အပြီး ကပ္ပိယကြီးကို ရဟန်းတို့နေတဲ့ အရပ်ကို လိုက်ပြခိုင်းတယ်………

အဲ့မှာ ကပ္ပိယကြီးက ရှေ့ကသွား…………
ကိုယ်တော်တွေနေတဲ့ကျောင်းထဲရောက်တော့………
ဘယ်မှ အစအနမမြင်ဘူး………

"ခင်ဗျားပြောတဲ့ ကိုယ်တော်တွေ ဘယ်မှာတုံး" ဆိုပြီး…
ဓါးပြဗိုလ်ကမေးတယ်……

ကပ္ပိယကြီးက………
" ကိုယ့်နေရာလေးကိုယ်မှာ ရဟန်းတရားပွားများကြိုးကုတ်းထုတ်နေပါတယ်။ ဟောဟိုက ခေါင်းလောင်းကို နှစ်ချက် သုံးချက်လောက်သာ ဆက်တီးလိုက်ပါ။ ခေါင်းလောင်းသံကြားရင် ရဟန်းတော်တွေ ရောက်လာကြပါလိမ့်မယ်။ လာပြီးဟောဒီဓမ္မာရုံမှာ စုဝေးကြပါလိမ့်မယ် " ပြောလိုက်တော့…………

ဓါးပြဗိုလ်ကနေ ခေါင်းလောင်းတီးတဲ့တုတ်နဲ့ ခေါင်းလောင်းကြီးကို တအားကုန် သုံးချက်လောက် ဒေါင် ဒေါင် ဒေါင် နဲ့ ခေါက်လိုက်တယ်။

ကိုယ်တော်တွေ အရှို ရှို ကမ္မဌာန်းကျောင်းလေးထဲကလာပြီးတော့ အဲ့ဒီ ဓမ္မာရုံကြီးထဲ လေးတောင်ခန့်မျှ ကြည့်၍ မျက်လွှာချပြီးတော့ ရဟန်းတရားနှလုံးသွင်းပြီးထိုင်နေကြတယ်။
အားလုံးစုံပြီဆိုတဲ့အခါကျတော့မှ သံဃ မထေရ်ကြီးက စဉ်းစားတယ်……
ကိုယ်တော်တွေ သုံးကျိပ်ပဲ ဟိုကိုယ်တော်ကြည့်လည်း ကျန်းမာတယ်!ဒီကိုယ်တော်ကြည့်လည်းကျန်းမာတယ်! ဒီဟာ တို့ကိုယ်တော်တွေထိုးတာ ဟုတ်ပုံမရဘူးဆိုပြီးတော့……

" ဒီခေါင်းလောင်း ဘယ်သူတီးသလဲဒကာတို့" ဆိုပြီးမေးတော့……

ဓါးပြဗိုလ်က…………
"တပည့်တော်တီးပါတယ်ဘုရား" ဆိုပြီးလျှောက်တယ်"…
ဆက်ပြောတယ်……
" တပည့်တော်တို့သည် တောစောင့်နတ်ကို လူသွေး လူသားဖြင့် နတ်တင်ပါမယ်လို့ ဝန်ခံထားတာ ရှိပါတယ်။နတ်တင်ဖို့ရန်အတွက် ကိုယ်တော်တစ်ပါးခေါ်ပြီး သွားမလို့ပါဘုရား" လို့ တဲ့တိုးပဲ လျှောက်လိုက်တယ်……

ဘေးတော့ရောက်ပြီ……
ရောက်ပေမယ့်လို့ကပ္ပိယကြီးကို အပြစ်မတင်ဘူးနော်……
ဘယ်သူမှ အပြစ်မတင်ဘူး……… :-D

*******************************-*
စာဖတ်နေရင်းနဲ့………
ဒီနေရာမှာ သဘောကျတာက………
ဘုရားလက်ထက်က လူဆိုးလူမိုက်တွေနော်……
သတ်ဖြတ်ဖို့လာခေါ်ပေမယ့်……
ရဟန်းတော်တွေနဲ့စကားပြောတဲ့အခါမှာ………
အမူအရာတွေ မကြမ်းတမ်းဘူး!
အပြောအဆိုတွေလည်းယဉ်ယဉ်ကျေးကျေးပဲ :-D

နောက်တစ်ခုက သူတော်ကောင်းတွေဆိုတော့လေ……
ဘယ်သူ့ကိုမှ အပြစ်မတင်ကြဘူး………တော်လိုက်ကြတာ…… :-D image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center