☺ ကျွန်​မက လူကဲခတ်​ မတတ်​သူပါ ☺
☺ ကျွန်​မက လူကဲခတ်​ မတတ်​သူပါ ☺
 ✉  ​ပြောစရာရှိရင်
 ပွင့်ပွင့်လင်းလင်း လာပြောပါ
စကားကို ဝေ့ ဝိုက်မနေပါနဲ့ 
ကျွန်​မက 
တုံးတယ် ရိပ်ဖမ်းသံဖမ်းပြောရင်လည်း
သဘောမပေါက်လွယ်ဘူး
မေးစရာရှိရင်  ဒဲ့လာမေးပါ
စကားကို ဝေ့လည်ကြောင်ပတ်
 လုပ်မနေပါနဲ့ ကျွန်​မကနုံတယ် 
ကိုယ့်ကိုယ်ပြောလို့  ပြောမှန်းမသိဘူး
မကြိုက်တာရှိရင် 
နောက်ကွယ်မှာ လိုက်မပြောပါနဲ့ 
ကျွန်​မက ပြိန်းတယ်  ပေါ်တင်လာမပြောရင်
ဘယ်စကားကိုမှ အလေးမထားဘူး
ဆုံးမစရာရှိရင်  ပေါ်တင်သာဆုံးမပါ
စကားကို ဟိုရောက်ဒီရောက် မပြောပါနဲ့ 
ကျွန်​မကဒူတယ် 
အရိပ်ပြလို့  အကောင်မမြင်တတ်ဘူး
မကျေနပ်တာရှိရင် ဒဲ့လာဖြေရှင်းပါ
စောင်းချိတ်တဲ့ စကားတွေမပြောပါနဲ့ 
ကျွန်​မက ပြိန်းတယ် 
အရိပ်ကဲခတ်တတ်တဲ့ပညာမတတ်ဘူး
အမြင်မတော်တာရှိရင် 
အားမနာနဲ့ ပြောပြပါ
စကားကို ထိန်ချန်တာမျိုးမလုပ်ပါနဲ့ 
ကျွန်​မက အူတယ်
 ပွင့်ပွင့်လင်းလင်းပြောပြမှ
သဘောပေါက်တာ
မုန်းတီးနေရင်လည်း
ပေါ်တင်သာလာပြောပြ
စကားကို
ထိကပါးရိကပါးပြောရင်လည်း 
မနာတတ်ဘူး
ကျွန်​မကရိုးသားစွာပဲ တွေးတတ်တယ်
ကျွန်​မက လူတိုင်းအပေါ်
ရိုးသားစွာပဲဆက်ဆံတာမို့ 
ဘယ်သူ့ အပေါ်မှ
သံသယမထားတတ်သလို
ဘယ်သူ့ ကိုမှ  အထင်မသေးတတ်ဘူး
ကျွန်​မ ဘဝမှာ
မုန်းတီးရသူမရှိလို့   လူတိုင်းကိုလည်
ယုံကြည်စိတ်ချတယ်  ဖြူစင်ကြမယ်လို့ 
ရိုးသားစွာနေတတ်သူမို့ 
လူကဲခတ်ညံ့ရင်ညံ့လိမ့်မယ်
ကျွန်​မ  မအ ဘူး
အနားမှာနေပြီး
အားနည်းချက်ရှိတာနဲ့  
နောက်ကျောကို ဓါးနဲ့ ထိုးဖို့  ချောင်းနေသူတွေကိုလည်း သိတယ်
ပျော့ကွက် တစ်ခုရှိတာနဲ့  
အဝေးက မြှားနဲ့ လှမ်းပစ်ဖို့ 
စောင့်ကြည်နေသူတွေရှိတာလည်း 
ကျွန်​မ သိတယ်
ကြိုက်သလိုလုပ်သွားလို့ ရတယ်
လုံးဝ မတုန်လှုပ်ဘူး
ဘာလို့ လည်း သိလား
 လက်တွေ့ ကျကျ 
ကောက်ကျစ်ခံရမဲ့ ဒဏ်ရာ က
ဟန်ဆောင်ပြီးဆက်ဆံခံနေရတဲ့ 
ဒဏ်ရာ ကို
မကျော်လွန်နိုင်တော့လိုပဲ
ကိုယ်ကဖြူ သလောက်
သူတို့ က မရိုးသားကြရင်လည်း
မတတ်နိုင်ဘူး  ကံတရားပေါ့
 📝 ရန်​သူဆိုတာ မရှိတဲ့ ကမ္ဘာလေးထဲ
သာသာယာယာ နေလိုက်တယ်
သာသာယာယာပါဘဲ 📝 image
Follow me
@mamaeainjal
H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center