Lose Theory-အရှုံး သီအိုရီ

image
အရှုံးတိုင်က ပျော်မွေ့ဖွယ်တော့ မကောင်းပါဘူး။ အရှုံးဆိုတဲ့ အရာရဲ့ နောက်ကွယ်မှာ နှစ်လိုဖွယ်ခြင်းက ကပ်ပါလာတတ်တာ မဆန်းပါဘူး။ ဒါပေမဲ့ ကျွန်တော် ဒီတစ်ခါတော့ ရှုံးတာချင်း တူတူကို ကွဲပြားနေတဲ့ အရှုံးနှစ်ခုကို လေပွားကြည့်မယ်ဗျာ။

ေ လာကကြီးမှာ အရှုံးနဲ့ ပတ်သတ်ပြီး နှစ်မျိုးရှိတယ်။ တစ်မျိုးက ကိုယ့်ကိုအနိုင်ယူလို့ ရှုံးတာနဲ့ နောက်တစ်မျိုးက ကိုယ်ကအနှိုင်လိုချင်လို့ အရှုံးပေးလိုက်တာပဲ ဖြစ်တယ်။

ဒီနေရာမှာ နည်းနည်းလေး ရှုပ်သွားမှာ သေချာပါတယ်။ ပထမဆုံး ကိုယ့်ကို အနိုင်ယူလို့ ရှုံးတဲ့ အရှုံးကို နည်းနည်းပြောကြည့်မယ်။ လူနှစ်ပြိုင်ပွဲတစ်ခုနဲ့ပဲ အလွယ်ပြောမယ်။ လူနှစ်ယောက်ရှိရင် နှစ်ယောက်စလုံးက ပြိုင်ပွဲမှာ နိုင်လိုစိတ်ရှိနေတယ်။ တစ်ယောက်က နောက်တစ်ယောက်ကို ကိုယ်အားသာတဲ့ အရာတစ်ခုနဲ့ အနိုင်ယူနိုင်ခဲ့မယ်ဆိုရင် ရှုံးနှိမ့်သူဟာ အခြားလူရဲ့ အနိုင်ယူမှုကြောင့် ရှုံးနှိမ့်သွားတာပဲပေါ့။ ဥပမာတစ်ခု ပြောကြည့်မယ်။ ကျော်ကျော်နဲ့ ဇော်ဇော်က အတန်းအေနဲ့ အတန်းဘီတို့ရဲ့ လက်ရွေးစင် ကျက်တောင်ရိုက် ကစားသမားတွေလို့ မှတ်လိုက်ပါ။ နှစ်ယောက်လုံဟာ အတန်းကိုယ်စားပြုတွေ ဖြစ်ကြတယ်။ မိမိရှုံးရင် မိမိအတန်း ဂုဏ်သိက္ခာကို ထိခိုက်မယ်။ ရှုံးတဲ့သူဟာ မိမိတင်မဟုတ်ဘဲ အတန်းပါရှုံမယ်။ ပြိုင်ပွဲမှာ ကျော်ကျော်က ဇော်ဇော်ကို နိုင်တယ်ဘဲထားလိုက်မယ်။ ကျော်ကျော်ဟာ အတန်းဂုဏ်ကို မြှင့်တင်ပေးရာ ရောက်တယ်။ ပြို့ဘက်နဲ့ နိုင်လိုတဲ့ စိတ်ရှိတာချင်းတူတူ ပြိုင်ဘက်ကို အားသာမှုနဲ့ အနိုင်ယူနိုက်ခဲ့တယ်။ ဇော်ဇော်ဘကို တွေးကြည့်မယ်။ ဇော်ဇော် ရှုံးတာဟာ အတန်းပါ ရှုံးသလိုဖြစ်သွားတယ်။ ဇော်ဇော်ရဲ့ မပျော်ရွင်မှုအပြင် အတန်းရဲ့ မပျော်ရွင်မှုတွေပါ ရောနှောလာတယ်။ ဇော်ဇော်ဟာလည်းပဲ စိတ်ဓာတ်ကျမှုတွေ၊ ဝမ်းနည်းမှုတွေ၊ ရှက်ရွံ့မှုတွေ ဖြစ်လာတယ်။ ပြီးတော့ ဇော်ဇော်အပေါ် အတန်းရဲ့ ယုံကြည် အားကိုမှုတွေ လျှော့ကျလာတယ်။ ကျော်ကတော့ ဇော်ဇော်နဲ့ ဆန့်ကျင့်ဘက်ပေါ့။ ဇော်ဇော် ကျော်ကျော်ရဲ့ အနိုင်ယူမှုကို ခံလိုက်ရတာပေါ့။

နောက်တစ်ခုကတော့ ပေးလိုက်တဲ့ အရှုံး။ တစ်ခါတစ်လေကျရင် အနိုင်ယူရတိုင်း နိုင်တာ မဟုတ်သလို ရှုံးနှိမ့်နေတိုင် ရှုံးတယ်လို ခေါလို့မရပါဘူး။ အရှုံးပေးတယ်ဆိုတဲ့ နောက်မှာ တစ်ဖက်ပြိုင်ဘက်ကို ပျော်စေချင်တဲ့ စေတနာဆိုတာလေး ကပ်ပါလာတယ်။ မိမိရဲ့ ပျော်ရွင်မှုထက် ပြိုင်ဘက်ကို စာနာတတ်တဲ့ စိတ်ကြောင့် ပြိုင်ဘက်ကို ပျော်ရွင်စေလိုတယ်။ ပြိုင်ဘက်ထက် သာလွန်ကြောင်းလည်း ပြောစရာမလိုပဲ ပြိုင်ဘက်နဲ့ ပတ်ဝန်းကျင်က ချက်ချင်းသိလာတယ်။ တကယ်တော့ ကိုယ်က ပြိုင်ဘက်ကို အသာလေးနိုင်နိုင်တယ်။ ဒါပေမဲ့ ပြိုင်ဘက်ကို အရှုံးပေးလိုက်တယ်။ စကားမှာကို ပါတယ်။ အရှုံးကို သူ့ကို ပေးလိုက်တာလေ။ ကိုယ်က မရှုံးဘူးလေ။ ပတ်ဝန်းကျင်က ပြောကြလိမ့်မယ်။ ဘယ်လိုပြောမလဲဆိုတော့ ရှုံးတယ်၊ ဒါပေမဲ့ သူက သာတယ်။ ပြိုင်ပွဲ ရလဒ်ရှုံးပေးမဲ့ ဂုဏ်သိက္ခာ မရှုံးခဲ့ဘူးပေါ့။

စကားလေးနှစ်ခုပြောကြည့်မယ်။
ဇော်ဇော်သည် ကျော်ကျော်ကို ရှုံးနှိမ့်ခဲ့သည်။
အေးအေးသည် နုနုကို အရှုံးပေးလိုက်သည်။

ဒီနေရာမှာ ဇော်ဇော်ရော အေးအေးပါ နှစ်ယောက်စလုံး အရှုံးတွေ ကိုယ်စီဖြစ်နေကြတယ်။ နှစ်ယောက်စလုံးကတော့ ရှုံးကြတာပဲလေ။ ဒါပေမဲ့ အေးအေးက ဇော်ဇော်ထက် အနည်းငယ် သာနေသလို ဖြစ်မနေဘူးလား။ ဘာလို့လည်းဆိုတော့ အေးအေးဟာ အရှုံးနှစ်မျိုးထဲက အရှုံးပေးခြင်းဆိုတဲ့ အရှုံးနဲ့ ရှုံးခဲ့ခြင်း ဖြစ်တယ်။

နေရာတိုင်းမှာ အရှုံးပေးတိုင်း ကိုယ်ကသာတယ်တော့ ပုံသေတွက်လို့မရဘူး။ တကယ်ပြိုင်ဘက်ကို ကြောက်ပြီး အရှုံးပေးတယ်ဆိုတာလည်း ရှိသလို ဆက်လက်ယှဉ်ပြိုင်ရင် ကိုယ်ရှုံးမယ်ဆိုတာ သိနေလို့ အရှုံးပေးလိုက်တယ်ဆိုတာလည်း ရှိပါတယ်။
အရှုံးဆိုတဲ့ စကားဟာ အသုံးပြုလို့ မကောင်းပေမဲ့ လူ့ဘဝရဲ့ အလှည့်အပြောင်းမှာ ရှုံးနှိမ့်မှုဆိုတာ ရှိလာတတ်ပါတယ်။ ကိုယ်က အနိုင်ယူခံရလို့ ရှုံးတာလား၊ အရှုံးပေးလို့ ရှုံးတာလား ဆိုတာ ခွဲခြာတတ်ကြစေရန်.....။ ။

( 'အရှုံး'စာသားတွေများပြီး စာဖတ်ရတာ ရောထွေးသွားရင်၊ အမှားတွေ ပါသွားရင် နားလည်ခွင့်လွတ်ပေးစေလိုပါတယ်။)

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center