ရောက်တတ်ရာ စကားလုံးများ

image

မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်မီးခိုးတွေထဲမှာ

နင့်ကို လွမ်းနေတဲ့

အလွမ်းတွေ ပါသွားရင် ကောင်းမယ်…

နေ့ တွေ ညတွေဟာ ဘယ်လောက်ပဲ စည်းကားစည်းကား

နင်မရှိတဲ့ ငါအရပ်ဒေသကတော့

ခြောက်ကပ်ကပ်နဲ့ …

အချစ်ကို စကားလုံးတွေနဲ့ တန်ဆာဆင်ပြရရင်

လပြည့်ညနဲ့ကြယ်တွေစုံတဲ့ ညဆိုရင်

လမင်းကို မင်းမျက်နှာထင်ပြီး

ကြယ်တွေကိုတော့ မင်းဘေးနား ဝန်းရံနေတဲ့

ငါအချစ်တွေထင်ရဲ့……

ဟန်ဆောင်ပြီး မုသားအခါခါ မသုံးရဲတဲ့ ဒီကောင်ဟာ

မုသားဆိုတဲ့ ဝါဒကိုကိုင်ပြီး မလွမ်းဘူးပြောတယ်…

မေ့ကြည့်မယ့်လို့  စဉ်းစားမိတိုင်း

သံယောဇဉ်ဆိုတဲ့ကြိုးဟာ ငြိတွယ်မိရင်

ရုန်းရခက်သလို ဖျက်တောက်ဖို့ လဲ မလွယ်ကူဘူးဆိုတာ

သိလာတယ်…

တကယ်တော့ အပြင်ဒဏ်ရာဟာ ဘယ်လောက်နာနာ

ရင်ထဲကဒဏ်ရာလောက် မနာဘူးဆိုတာ

တချို့တွေ သိကြတယ်…

image

photo.credit.from.facebook
(Author) @Kyawzinhtet

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center