လွန်လာပြီ ကိုဖိုးထောင်

image

ဆဲရင်း ဆဲရင်း
ဆင်းရဲလိုက်ကြတာ
သစ္စာက
အဲဒီလောက် အသံကျယ်စရာ
မလိုပါဘူးလေ။
သင် နံနက် အိပ်ယာထလို့ မျက်နှာသစ်တော့မယ် ရေကို စကိုင်ပြီးဆိုတာနဲ့
ဗုဒ္ဓံသရဏံ ဂစ္စာမိဆိုပြီး တစ်ခါရွတ် မျက်နှာကို ရေနဲ့ တစ်ခါသပ်ချ ..
အဲ့လိုဘဲ ဓမ္မံသရဏံ ဂစ္စာမိဆိုပြီး တစ်ခါရွတ် မျက်နှာကို ရေနဲ့ တစ်ခါသပ်ချ ..
သံဃံ သရဏံ ဂစ္စာမိဆိုပြီး တစ်ခါရွတ် ရေနဲ့ တစ်ခါသပ်ချပါ ..
(ဆိုလိုတာကတော့ မေတ္တာမပို့မှီ သရဏဂုံ သုံးပါးကို အရင်ရွတ်လိုက်ပါ)
..
အဲ့ဒါပြီးရင်တော့ သွားတိုက်ချင်တိုက်ပါ သွားတိုက်ရင်း စိတ်ထဲက
ဂုဏ်တော် ကိုးပါးကိုရွက်ရင် ပိုကောင်းပါတယ် ..
ကိုယ်ပြောတဲ့စကား အောင်စေပါတယ် ..
..
သွားတိုက်ပြီးလို့ ရေကို ထပ်ကိုင်တဲ့အချိန်ကျရင်
ပထမဆုံး - မိမိကိုယ်မိမိဆုတောင်းပါ -
ဤရေ အေးမြသလို အကျွနိုပ်လည်းအေးမြပါစေ)
မျက်နှာကို ရေနဲ့ တစ်ခါသပ်ချပါ ..

အဲ့ဒါပြီးရင် သင်အချစ်ဆုံးသူကို မေတ္တာပို့ပါ
(ဤရေ အေးမြသလို ............ လည်း အေးမြပါစေ)
မျက်နှာကို ရေနဲ့ တစ်ခါသပ်ချပါ ..

ကိုယ်မေတ္တာပို့တဲ့သူရဲ့ မျက်နှာကို စိတ်ထဲမှာ မြင်နေရပါမယ် ..
ပြီးရင် ကိုယ် မျက်နှာကိုသပ်ချတဲ့ ရေရဲ့ အေးမျှမှုကို သတိပြုရမယ် ..

ပြီးရင် သင့်မိသားစု မိဘများကို မေတ္တာပို့နိုင်ပါတယ်
(ဤရေ အေးမြသလို ရှေးရှေးဘ၀များမှ ယခုဘ၀တိုင်အောင်
တော်စပ်ခဲ့ဖူးသော အမိအဖဆွေမျိုးများအားလုံး အေးမြပါစေ)

မျက်နှာကို ရေနဲ့ တစ်ခါသပ်ချပါ ..

ပြီးရင် ကိုယ် အမုန်းဆုံးလူ ကိုယ့်အပေါ် မကောင်းတဲ့သူ
ကိုယ့်ကိုယ် အမြဲတမ်း ဒုက္ခပေးနေတဲ့သူကို မေတ္တာပို့ပါ ..
(ဤရေ အေးမြသလို ............. လည်းအေးမြပါစေ)

အဲ့လိုလူတွေများရင် အဲ့ဒီလူတွေ တစ်ယောက်ချင်းစီရဲ့ မျက်နှာကို
စိတ်ထဲက မြင်ယောင်ပြီး တစ်ခေါက်ချင်းစီ လုပ်ရပါမယ် ...

ဒီနေရာမှာ အရေးကြီးတာက သူ့ကို အမှန်တကယ် အေးမြစေလိုတဲ့စိတ်
သူ့ကို အမှန်တကယ် အောင်မြင်ကြီးပွားစေလိုတဲ့စိတ်နဲ့ မေတ္တာပို့မှ
ထိရောက်မှာဖြစ်ပါတယ်။

အဲ့ဒီလူက ကိုယ့်အပေါ် အချိန်တိုင်း ဒုက္ခပေးနေတဲ့သူ အရမ်းနာကြီး
မုန်းတီးအောင် လုပ်ထားဖူးတဲ့သူဖြစ်ရင်လည်း အဲ့ဒီအချိန်လေးခဏမှာတော့
ခွင့်လွှတ်နားလည်စိတ်နဲ့ မေတ္တာပို့ရမယ် ...
အဲ့ဒါဆိုရင် အဲ့လောက်မုန်းတီးနေတဲ့သူကို
ဘယ်လိုခွင့်လွှတ်ရမလဲ မေးလိမ့်မယ်။

══════════════════════════════════
ကိုယ် အရမ်းမုန်းတဲ့သူကို အချိန်ခဏတာအတွက် ခွင့်လွှတ်နည်း image

လူမႈေရးအရ
ပိပိရိရိ လိမ်နေညာနေရ
ယဉ်ကျေးမှုက
ပကတိစိတ်ရင်း ထက်မြင့်နေတယ်
ဟန်အမူအရာ ကြွယ်ပါစ ချစ်သူ။

မတရားမှုက ပြစ်ဒဏ်ခတ် မခံရသေးခင်
ဖော်ကောင်က ထိတ်တုံးခတ် ခံသွားရပေါ့
အမှန်တရားနဲ့ အပြေးပြိုင်ကြည့်စမ်းပါ
တို့ နိုင်မှာ သေချာတယ်။

သတိ
မေတ္တာ အဝင်အထွက် ရှိသည်
အိမ်ရှေ့မှာ
အာဃာတ ပိတ်မရပ်ရ
အာရုံမုခ်တံခါးဝက
သတင်းတွေ…
သတင်းတွေ… …။ ။
image

မထွန်းညှိဘဲ
လင်းလက်တာတွေ နည်းလာပြီ
မငြှိမ်းသတ်ခင်
ပြာကျ လွင့်စင်တာများလာပြီ။

တွဲဖက်၍ မစားသင့်သော အစားအစာများထဲမှာ
အလင်းရောင်ကို ဘာနဲ့ ရောမြိုချရင် သေတတ်လဲ
လူအတော်များများ အလင်းနဲ့ မတည့်တော့ဘူး။

အမှန်တရားကိုတောင်
လက်သိပ်ထိုး ပေးဝေရတဲ့အထိ
ကမ္ဘာဟာ
မှောင်မိုက်လွန်းလာပြီ။ ။
ငြိမ်းသဇင်(ပညာရေး)

H2
H3
H4
3 columns
2 columns
1 column
Join the conversation now