ေလ့လာလိုက္ပါ

ဘဝမှာ ဘယ်လိုအခက်အခဲရှိရှိ ...
ဗုဒ္ဓ ဓမ္မ သံဃာ့ အဆုံးအမတွေ နှလုံးသွင်း နေထိုင်ရှင်သန်ကြိုးစားရတယ်မလား ...

ရတနာသုံးပါး မိဘ ဆရာသမားတွေရဲ့ အဆုံးအမအပြင် ...
နောက်ထပ် ဘဝမှာ ရိုသေလေးစားချစ်ခင်ပြီး ...
သူ့ထားရှိတဲ့ စိတ်နှလုံးသားကိုတန်ဖိုးထား သူပြောတဲ့ ဘဝနေနည်းကို နှလုံးသွင်းလိုက်နာမိတာကတော့ အမေ ဒေါ်အောင်ဆန်းဆုကြည်ပါ ...

ဒီနေ့ ... မြန်မာနိုင်ငံရဲ့ ရခိုင်အရေးကို အကြိတ်အနယ် ဆွေးနွေးမှုသေးသေးလေးရှိခဲ့တယ် ...
သိလို့ တတ်လို့မဟုတ်ပေမယ့် ...
ကိုယ်လေ့လာထားသမျှ အမှန်တရားဘက်က အကောင်းဆုံးပြောဆိုခဲ့တယ် ...
ဆွေးနွေးပြောဆိုမှုမှာ တစ်ဖက်က သိပ်ကောင်းတဲ့ မေးခွန်းတွေကို အမှန်တရားအပြည့်ပါတဲ့ အကောင်းဆုံးအဖြေတွေဖြေဖို့ကြိုးစားခဲ့တယ် ...

သေချာတာကတော့ ဒီလောကကြီးမှာ ...
သတင်း မှန်/မမှန် မှုတွေရဲ့ကြီးစိုးချုပ်ကိုင်မှုက မီဒီယာပါ ...
အင်အားကြီးသူ နဲ့ အင်အားနည်းသူဆို ...
ကိုယ်တွေနိုင်ငံ ရဲ့ သတင်းမှန်ထုတ်ပြန်မှုက ကမ်ဘာ့မီဒီယာ သတင်းထုတ်ပြန်မှုနဲ့ ယှဉ်ရင် ... အားမရစရာဆိုတာထက် ဝမ်းနည်းကြေကွဲဖွယ်ခံစားမိအောင် သတင်းပေါက်ရောက်မှု မရှိဆဲဘဲ ... image

သတင်းပေါ်မူတည် ယုံကြည်သူတွေဆို ...
ကမ်ဘာ့ အင်အားကြီးတွေရဲ့ သတင်းထုတ်ပြန်မှုမှာ ... သတင်းမှန်ထုတ်ပြန်တဲ့ မြန်မာ့သတင်းထုတ်ပြန်မှုက ...
အလဲလဲအပြိုပြို ...
နောက်ဆုံးတော့ ...
မီဒီယာအားကောင်းခြင်းဆိုတာနောက် အမှန်တွေက အမှားဖြစ်တတ်ကြတယ် ...

တစ်ချိန်က ကြည့်ဖူးတဲ့ Pinocchio ဇာတ်ကားလေးသွားသတိရတယ် ( အဲ့ဇာတ်ကားအကြောင်း နောက်မှရေးဦးမယ်) ...
သတင်းတစ်ခုထုတ်ပြန်မှုဟာ ...
နိုင်ငံကိုမဆိုထားနဲ့ ...
လူတစ်ယောက်ဘဝကို ဘယ်လောက်တောင်ထိခိုက်ပြောင်းလဲနိုင်လဲဆိုတာ အဲဒီ့ဇာတ်ကားကနေ သင်ယူခဲ့ဖူးတယ် ...

အမေဒေါ်အောင်ဆန်းစုကြည်ဟာ ဘာလို့ အတိုက်အခံ ကမ်ဘာကို မပြောတာလဲတဲ့.
ကိုယ့်ဘက်က အုပ်ချုပ်ရေး နိုင်ငံရေးမှာ မေတ္တာတရားသဘောလေးတွေနဲ့ အုပ်ချုပ် ပြောဆိုနွေးဆွေးဆက်ဆံတတ်တဲ့ အမေရဲ့လုပ်ဆောင်မှုတွေကို ခံစားရသူမို့ အမေ ဘာကြောင့် ဘယ်လိုကိုင်တွယ်ဖြေရှင်းရတယ်ဆိုတာ ကိုယ်ခံစားနားလည်သလို အတတ်နိုင်ဆုံးဖြေခဲ့တယ် ...

ဒီနေ့ ဆွေးနွေးမှုမှာ ...
တစ်ဖက်သူ ၁၀၀% လက်ခံတယ်မဟုတ်ပေမယ့် ကိုယ်ပြောတာကို လက်ခံပြီး နောက်ဆုံး ... နင်ပြောတာကို ရာနှုန်းပြည့်လက်ခံတယ်မဟုတ်ဘူး. ဒါပေမယ့် ငါဘက်မှပြောစရာမရှိတော့ဘူး. နင်ပြောတာတွေ မှန်မမှန် ငါ လေ့လာဦးမယ် ဆိုတာမှာပြီးသွားတယ်. တစ်ကမ်ဘာလုံးမဟုတ်တောင် လူတစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် အမှန်တရားကို ချပြနိုင်ဖို့အကောင်းဆုံးကြိုးစားခဲ့ပါတယ် ...

အဖွဲ့အစည်း နဲ့ လုပ်ရတယ်ဆိုတာကလည်း ...
ခေါင်းဆောင်တစ်ယောက်တည်းတော်နေလို့မရသလို နောက်လိုက်တွေကောင်းပြီး ခေါင်းဆောင်အဆင်မပြေလည်းမရပြန်ဘူးမလား ...
Top to bottom အဆင့်ဆင့်အဆင်ပြေမှ အဖွဲ့အစည်းတိုးတက်ကြတာမလား ...

မျှော်လင့်ချက်တွေ ဘဝမှာ သိပ်မထားတတ်ပေမယ့် ...
ယုံကြည်မျှော်လင့်မိတယ် ...
တစ်ချိန် ' မြန်မာနိုင်ငံ ' လို့ပြောလိုက်တာနဲ့ အားလုံးက လေးစားအားကျကြတာမျိုး ... image

ဘယ်တော့ဖြစ်လာမလဲမသိပေမယ့် ... ကိုယ်မျှော်လင့်ပါရစေ.

ရွှေပြည်တော်ရယ် ... မျှော်လေတိုင်း မဝေးပါနဲ့နော် ...

image
ဝေးကွာခြင်းနောက် ခြေရာတွေကျန်ခဲ့တယ်ဆို ...
ကိုယ် ... ခြေရာချန်ခဲ့သူတော့မဖြစ်ချင်ဘူး ...
မင်း ထားခဲ့မယ့်ခြေရာတွေဘဲ ...
ကိုယ် ... လိုက်ကောက်ပါရစေ ...

image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now