ပြောင်းလဲသင့်​ပီ

image
အခိုင်းခံရတဲ့ထဲ ပိုက်ဆံရတာနဲ့မရတာဘာကွာလဲဆိုတော့ ခိုင်းခံရတာနဲ့အကူအညီတောင်းခံရတယ် ဆိုတဲ့အသုံးအနှုန်းဘဲကွာတယ်။ အဲ့ဒိထဲဘာတာဝန်ပိုသလဲဆိုတော့ ပိုက်ဆံမရတဲ့ အလုပ်မို့ငြင်းတယ် ဖြစ်မှာစိုးလို့အချိန်အများကြီးမပေးရတဲ့အလုပ်ကို ကိုယ်စွမ်းရှိသ၍ ဥာဏ်စွမ်းရှိသ၍ လုပ်ပေးတယ်။ စာမေးတာဆိုလည်း သိတာတွေလက်တန်းပြောပြလိုက်လို့ရပေမဲ့ မသိတာတွေဆို ရှာဖွေပြီးပေးတယ်။ ဘိုလိုရေးထားတာလေးတော့ ကိုယ့်ဘာသာ ကြိုးစားဖတ်ကြပေါ့ကွယ်။ နားမလည်ဘူး ၊ မဖတ်တတ်ဘူးဆိုလည်း အတန်းမယူနဲ့ ဘွဲ့မယူကြနဲ့ပေါ့။ မတတ်တဲ့သူကို ဘွဲ့တွေပေးနေလို့ နိုင်ငံလည်းစုတ်ပြတ်သတ်နေတာလေ။ လောလောဆယ်က ကိုယ်လည်း ကိုယ့်အခြေအနေနဲ့ကိုယ်လှုပ်ဖို့တောင်မအားတာရယ်၊ အကူအညီတောင်းတဲ့အရေအတွက်ရော work load ရောများလာတာရယ်ကြောင့်တခါတလေ စာတောင်မပြန်ဖြစ်ဘူး။ ဒီမှာနေရတာ တစ်ရက်နေ တစ်ရက်ကိုယ့်အိတ်ထဲက ပိုက်ဆံကုန်တယ်။ အခုအချိန်အချိန်က အရေးကြီးနေလို့တောင်းပန်တာပါ။ ပိုက်ဆံမရလို့မဟုတ်ပါ။ ပိုက်ဆံနဲ့အလုပ်လာအပ်တဲ့ အကိုတွေ မိတ်ဆွေကို အားနာနာနဲ့ငြင်းနေတာလည်းကြာပါပြီ။ အလုပ်လာအပ်တဲ့သူတွေသိပါတယ်။ Facebook လည်း deactivate လုပ်ဖို့အချိန်ရောက်ပါပြီ ။ လောလောဆယ်တော့ အလုပ်ချိန် chat turn off ပါမယ်

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center