အလုပ်တစ်ခုရဲ့ အစမှာ အဲ့အလုပ်ပေါ်ချစ်မြတ်နိုးခြင်းကအစပြုတယ်။
အလုပ်အတွက် အချိန်ကို နစ်မြုပ်ထားရမယ်။ အပျော်အပါးတွေထက် အလုပ်ကပိုအရေးကြီးလာမယ်။
အိပ်ရစားရဖို့ထက် အလုပ်ပြီးဖို့က ပိုအရေးပါလာမယ်။
photo from google
အစပိုင်းစလုပ်တဲ့နေရာမှာ လွယ်သလိုနဲ့ အခက်အခဲမျိုးစုံကို စတွေ့မယ်။
နောက် အဆင်မပြေမူ့တွေက ကိုယ့်ကို ထိုးနှက်လိမ့်မယ်။
ကြိုးစားပေမယ့် အသိအမှတ်ပြုခြင်းခံရတာနဲနေမယ်။
ဘက်ပေါင်းစုံကတိုက်ခိုက်လိမ့်မယ်။ အလိမ်အညာတွေ ချည်းကပ်လာလိမ့်မယ်။
တချို့က ကဲ့ရဲ့မယ် တချို့က အမူအရာတွေနဲ့ ချိုးနှိမ်ဆက်ဆံမယ်။
အမိန့်ပေးချင်တဲ့သူတွေ ဝေဖန်သူတွေကလဲပိုများလာမယ်။
တဖန် အောင်မြင်နေပြီးသားသူတွေကို သွားကြည့်မိပြီး ဆက်လုပ်ချင်စိတ်တွေကုန်လိမ့်မယ်။
နောက်တော့ ကိုယ့်ယုံကြည်မူတွေ ပျောက်ဆုံးသွားတော့တယ်။
အောင်မြင်ခြင်းရဲ့အစက ကျရူံးခြင်းက သို့ ရုန်းထွက်မူက ဆိုတာ ခံယူထားဖို့လိုပါတယ်။
ကိုယ်တကယ်မြင်အောင်ကြည့်ရမှာက ကိုယ့်ကိုကိုယ်ပါ။
ကိုယ်ဘယ်လောက်စွမ်းဆောင်နိုင်ပြီလဲ။
ကိုယ်ဘယ်လောက် အများတကာရဲ့ထောက်ခံမူ့ကိုရပြီလဲ။
ကိုယ့်ကိုဘယ်လောက်ထိ အရေးပေးအသိအမှတ်ပြုထားလဲ။
ကိုယ့်ရဲ့စွမ်းဆောင်မူ့က ဘယ်လောက်ထိ တစ်ပါးသူကို စိတ်ကျေနပ်မူ့ပေးနိုင်လဲဆိုတာတွေပါ။
photo from google
လူတိုင်းက ချိုသာတာကိုကြိုက်တယ်။
လိုက်ရောတာကိုကြိုက်တယ်။
ကိုယ့်ဘက်ကသာ ဘယ်လောက်ထိ
စွမ်းဆောင်နိုင်မလဲဆိုတာကို အမြဲတွေးနေမယ်ဆို တစ်နေ့ ကိုယ်လိုချင်တဲ့နေရာရောက်ရှိပြီး
ရောက်ရှိနေတဲ့ နေရာလဲ တည်မြဲနေမှာ အသေချာပါပဲ။