What is Financial Market?

Financial market ဆိုတာဘာလဲ
image
အခုတော်တော်များများ trade နေကြတဲ့ products တွေက Forex ဆိုတဲ့ ခေါင်းစဉ်အောက်မှာရောက် နေပါတယ်...ရွှေတွေရော ငွေတွေရော…စတော့ အညွန်းကိန်းတွေရောပေါ့… တကယ်တော့ ဒါတွေအားလုံးဟာ Financial market ထဲမှာ instrument တစ်မျိုးမျိုးနဲ့ trade တဲ့ အရာ တွေပါပဲ..ဒါဖြင့် FX ထဲ ဘယ်လို ရောက်နေတာလဲ…ဒါကတော့ ရှင်းပါတယ်…Brokers တွေက ထည့်ထားလို့ပါ…
ဒါကြောင့် အရင်ဆုံး Financial market ဆိုတာ အရင်လေ့လာကြည့်ရအောင်…သူ့မှာ

  1. Capital Market
  2. Commodities Market
  3. Money Market
  4. Derivative Market
  5. Insurance Market
  6. Foreign Exchange Markets ဆိုပြီး ဈေးကွက်အမျိုးမျိုး ရှိနေပါတယ်…

အဲဒီထဲကမှ Capital market မှာဆိုရင် Equity and stock market ရယ် Bond market ရယ် ၂ မျိုး ထပ်ရှိတယ်…Equity and Stock markets တွေဆိုတာကတော့ အရင်းအနှီးဈေးကွေက် (capital market) ထဲမှာ အရင်းအနှီးဖန်တီးလို့ရနိုင်တဲ့ ဈေးကွက်တွေ…အဓိကကတော့ စတော့ ရှယ်ယာတွေ ထုတ်ရောင်းပြီးရှာကြတာပါ…

Bond market ဆိုတာက
အစိုးရရဲ့ ငွေချေးသက်သေခံ စာချုပ် အရောင်းအ၀ယ်လုပ်တဲ့ ဈေးကွက်ပါ အစိုးရကရော ဘွန်းတွေ ဘာလို့ ထုတ်ရောင်းသလဲ ဆိုတော့ သူတို့လည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ဖို့အတွက် ဘွန်းတွေရောင်းပြီး လိုအပ်တဲ့ အရင်းအနှီးတွေကို ရှာချင်လို့ပါ…၂ နှစ်ကနေ အနှစ် ၃၀ ထိသက်တမ်းရှိတဲ့ ဘွန်းတွေကို အရောင်းအ၀ယ် (trade) လုပ်တာပါ… စီးပွားရေးကော်ပိုးရေးရှင်း တွေက ထုတ်တဲ့ Cooperate Bond တွေလည်း ရှိနေပါသေးတယ်…

Commodities market မှာတော့
ရွှေ ၊ ငွေ နဲ့ ရေနံတို့ကို အဓိကထား trade ပြိး အခြားကုန်စည် တွေ ဖြစ်တဲ့ ကော်ဖီ ၊ သကြား ၊ ပဲပိစပ် ၊ ဂျုံ စတာတွေ ပါဝင်ပါတယ်…ဒီ ကုန်စည် တွေကို financial market ထဲမှာ ရောင်းနိုင်ဝယ်နိုင် (trade) လုပ်နိုင်တာက Future contracts ဆိုတဲ့ ကြိုပွိုင့် ရောင်းဝယ်ရေး သဘောတူညီမှု စာချုပ်တွေကြောင့်ပါ…ဒီ contract တွေကြောင့်လည်း ကုန်စည် စိုက်ပျိုးထုတ်လုပ်မှု ပိုမိုအားကောင်းလာနိုင်စေတာပါ…

Money market ကတော့
Treasury bills အပါအ၀င် (bill of exchange) ကုန်အရောင်းအ၀ယ် စာချုပ်တွေကို securities တွေလိုသဘောထားပြီး trade ပါတယ်…နောက် commercial paper (ကော်ပိုးရေးရှင်းတွေရဲ့ ငွေချေးစာချုပ်) ၊ certificate of deposit (CD - အပ်ငွေအပေါ် ဘဏ်က ထုတ်ပေးတဲ့ လက်မှတ်) Federal Fund (အမေရိကန် ဗဟိုဘဏ် ရံပုံငွေ)…အဲဒါတွေကို ကာလတိုအတွင်း အရင်းအနှီးရယူဖို့ ဈေးကွက်ထဲမှာ အရောင်းအ၀ယ် လုပ်ကြပါတယ်…

Derivative market
(ဆင့်ပွားဈေးကွက်) ဆိုတာက financial instrument တစ်မျိုးပါပဲ…ရှိပြီးသား underlying asset တစ်ခုအပေါ် CFD ရောင်းဝယ်နည်းတစ်မျိုးနဲ့ ဆင့်ပွားထားတာပါ…သူ့ကို physical trading လုပ်တဲ့အခါ အရှုံးကို ကာမိအောင်လို့ hedging လုပ်တဲ့အနေနဲ့ trade ပါတယ်..နောက်တော့လည်း ဈေးကွက်က ကြီးလာလို့ derivative တွေချည်းပဲ သတ်သတ် trade လာကြပါတယ်…အခု Online trading လုပ်နေတာတွေက Derivative market တစ်မျိုးပါပဲ…

Insurance market ကတော့
အာမခံဈေးကွက်ပါ…အာမခံကို ကုန်စည်တစ်ခုလို သဘောထားပြီး အာမခံတဲ့သူက အာမခံကို ရောင်းပြီး အာမခံထားတဲ့သူက အာမခံကို ၀ယ်ယူရတဲ့ သဘောပါ..ဆုံးရှုံးမှု ကိုကာကွယ်ဖို့ သက်သက် သာ လုပ်တာပါ…ဒါပေမဲ့ အခုအခါ မြန်မာနိုင်ငံမှာတောင် ချေးငွေ အာမခံ တွေ တောင် ထုတ်ရောင်းလာတော့ … ဘဏ်တွေက ပိုက်ဆံချေးထားတဲ့သူတွေက ပြန်မဆပ်နိုင်ရင် အာမခံ ကုမ္ပဏီတွေက ပြန်ဆပ်ပေးမှာပါ..ဒါကြောင့် ဘဏ်တွေလည်း ချေးငွေတွေ ပိုပြီး ချေးငှားလာ နိုင်ပါတယ်…ဒါက ဈေးကွက်သဘောတရားပြောတာ အပြင်မှာလက်တွေ့ ဖြစ် မဖြစ် ကျနော်လည်း မသိပါ…

နောက်ဆုံးမှာတာ့ အားလုံးပြောနေကြတဲ့ Foreign Exchange Market လို့ခေါ်တဲ့ Forex ဆိုတဲ့ ဈေးကွက်ကြီးပါ…
အစပထမတော့ လိုအပ်ချက်အရပဲ Exchanged လုပ်ကြပြီး နောက်တော့ ဈေးအတက်အကျမှာ အကျိုးအမြတ်ယူလာတဲ့ speculative လုပ်လာတာတွေ ရှိလာပါပြီ…

အခုတင်ပြခဲ့တာ Financial Market ရဲ့ ပဏာမ အခြေခံ အကြောင်းတရားတွေပါ…

အဲဒီမှာ ဈေးကွက်ကို သုတေသန လုပ်ကြတဲ့ အခါ Fundamental analysis and Technical Analysis ဆိုပြီး ၂ပိုင်း ခွဲလေ့လာကြပါတယ်…

Fundamental analysis ဆိုတာက သတင်းကောင်းတွေ သတင်းဆိုးတွေကို လေ့လာတာမဟုတ်ပါဘူး….စတော့ ကုမ္ပဏီ တစ်ခုရဲ့ တည်ထောင်ပုံ ၊ သက်တမ်း ၊ earning ၊ အမြတ်ဝေစုခွဲဝေမှု တွေနဲ့ ဒီ ကုမ္ပဏီ ဘာတွေ လုပ်နေတာ လည်းဆိုတာကိုလေ့လာပါတယ်..နောက် ဘယ်သူ အုပ်ချုပ်သလဲ ဆိုတဲ့ CEO ကိုလည်း ကြည့်ပါတယ်..အဲဒီလို လေ့လာပြီး စတော့ ရှယ်ယာ တစ်ခုရဲ့ တန်ကြေးကို တွက်ပါတယ်…ပြီးရင် လက်ရှိ ပေါက်ဈေးနဲ့ နှိုင်းယှဉ်ပါတယ်….အဲဒီမှာ ၀ယ်သင့် မ၀ယ်သင့် စဉ်းစားပါတယ်….

Technical analysis ဆိုတာကတော့ ဖြစ်ပြီးသမျှ ဈေးနှုံးတွေ အပေါ်မှာ အခြေခံပြီး နောက်တစ်ကြိမ် ထပ်ဖြစ်နိုင် မဖြစ်နိုင်ကို ဂရပ်နည်းသုံးပြီး လေ့လာတာပါ…TA ကို trader တွေပဲ သုံးပါတယ်…Investors တွေ မသုံးပါ…

အဲဒီတော့ FA and TA ကို Forex မှာ သုံးတဲ့ အခါကျတော့ concept တွေလွဲကုန်ပါတယ်…ဈေးကွက် တစ်ခုနဲ့ တစ်ခုရဲ့ ဆက်နွယ်မှု correlation ကိုလည်း လေ့လာရပါတယ်...

FA အနေနဲ့ကတော့ လက်ရှိမြင်တွေ့ ကြားနေရတဲ့ သတင်းတွေ အပြင် ဈေးကွက်ချိတ်ဆက်မှုတွေကို လည်းလေ့လာရပါတယ်…ဥပမာ စတော့တွေ ဘွန်းတွေ တက်ရင် ကမ္ဘာ့ေ၇ွှဈေး ဘယ်လို ဖြစ်မလဲပေါ့

နောက်တစ်ခုက Derivative ဈေးကွက်ပုံစံ လုပ်နေတာ ဖြစ်တော့ ဟိုတစ်နေ့ကလို ကမ္ဘာ့ရွှေဈေး Fat Finger Trade ဖြစ်သွားတဲ့အပေါ် ဈေးတွေထိုးကျတဲ့ ပုံစံက တကယ်တော့ contract တွေကို ထုတ်ရောင်းလိုက်တဲ့သဘောပါ…တကယ့် ရွှေချောင်းတွေကို ထုတ်ရောင်းလိုက်တာမဟုတ်ပါဘူး ဒါပေမဲ့လည်း ဒီသဘောသက်ရောက်ပါတယ်…Contracts တွေကို ရောင်းလိုက် ၀ယ်လိုက်ခြင်း အားဖြင့် ဈေးနှုံး အတက်အကျတွေကို ဖြစ်ပေါ်စေပါတယ်…
image
ဒီ Contracts မှာပါတဲ့ ရွှေချောင်းတွေက တော့ Safe heaven asset အဖြစ် လုံခြုံတဲ့နေရာမှာ သေသေချာချာ ရှိနေဆဲပါ
##credit:sayar kyaw zin

@htoohan

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center