Take Care Trading

image
Tradingြုလုပ်​ရာတွင်​သတိထားရမည့်​ အချက်​(၅)ချက်
၁။။ပထမဆုံး ဆုံးဖြတ်ချက်က ဘာကို ရောင်းဝယ်ရမယ်ဆိုတာပါ။ ဒါမှမဟုတ် ဘယ်ဈေးကွက်မှာ ထရိတ်မယ်ဆိုတာပါ။ အကယ်၍ သင်က ဈေးကွက်ကျဉ်းကျဉ်းလေးမှာ ထရိတ်ရင် သင့်ရဲ့ ထရမ်းလိုင်းနဲ့ ထရိတ်ရမယ့်အခြေအနေ အရမ်းကိုနည်းသွားစေပါတယ်။ တဆက်တည်းမှာဘဲ သင်က ပမာဏနည်းတဲ့ ဈေးကွက်မှာ သို့မဟုတ် ထရမ်းလိုင်းသိပ်မကောင်းတဲ့ ဈေးကွက်မှာ ထရိတ်ချင်မှာမဟုတ်ပါဘူး။

၂။ Position အရွယ်အစား- ဘယ်လောက်ပမာဏ ၀ယ်/ရောင်း ရမယ်

သင်ဘယ်လောက်အရောင်းအ၀ယ်လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ အရမ်းကို ပဓာဏကျပါတယ်။ ပြီးတော့ မကြာခဏ ဒါကို ထရိတ်ဒါတော်တော်များများက ကျွမ်းကျွမ်းကျင်ကျင်မကိုင်တွယ်နိုင်ကြပါဘူး။

ဘယ်လောက်ပမာဏရောင်းဝယ်မယ်ဆိုတာက ထရိတ်ဒင်းရဲ့ အရေးပါဆုံးအပိုင်းပါ။ ထရိတ်ဒါအသစ်တွေက ထရိတ်တစ်ခုချင်းစီမှာ စွန့်စားမှုတွေအရမ်းယူကြပါတယ်။ အကယ်၍ ထရိတ်ဒင်းစတိုင်ပုံစံကောင်းကောင်းရှိတောင် ထိုကဲ့သို့လုပ်ဆောင်ပါက ဆုံးရှုံးနိုင်ခြေတွေလည်း အရမ်းများသွားစေပါတယ်။

၃။ အ၀င် entry များ - ဘယ်အချိန် ၀ယ်/ရောင်း ရမယ်

ဘယ်အချိန်ရောင်းဝယ်ရမယ်ဆိုတာကို အ၀င်စ ဆုံးဖြတ်ချက်လို့ခေါ်ပါတယ်။ အလိုအလျှောက်စနစ်တွေက ဈေးနှုန်းအတိအကျသတ်မှတ်ခြင်းနဲ့ ဘယ်ဈေးကွက်အခြေအနေမှာဝင်ရမယ်ဆိုတာကို ၀ယ်ရောင်းနိုင်ဖို့ရာအတွက် အ၀င်အချက်ပြခြင်းတွေကို သတ်မှတ်လုပ်ဆောင်ပေးပါတယ်။

၎။ Stops - ဘယ်အချိန်ထိ အရှုံးခံပြီး ရပ်မယ်

ဘယ်လောက်အရှုံးခံနိုင်တယ်ဆိုတာကို မသတ်မှတ်တဲ့ထရိတ်ဒါတွေဟာ ရည်ရှည်မှာမအောင်မမြင်နိုင်ပါဘူး။ အရှုံးခံနိုင်တဲ့ပမဏသတ်မှတ်ခြင်းအတွက် အဓိကကျတဲ့အရာက သင် position မဖွင့်ခင် ဘယ်ပွိုင့်ရောက်ရင် ပိတ်မယ်ဆိုတာကို ကြိုတင်သတ်မှတ်ထားခြင်းပါ။

၅။ အထွက်- အမြတ်ရနေတဲ့ position တစ်ခုကနေ ဘယ်အချိန်ထွက်ရမယ်

ထရိတ်ဒါတွေအတွက်ရောင်းချတဲ့ ပြီးပြည့်စုံတဲ့ထရိတ်ဒင်းစနစ်အများစုဟာ အမြတ်ရနေတဲ့ position တွေကနေ ဘယ်အချိန်ထွက်ရမယ်ဆိုတာကို ကောင်းကောင်းပြောပြမထားပါဘူး။ ထရိတ်ဒင်းမှာ အမြတ်ရဖို့ဆို အမြတ်ရနေတဲ့ position တစ်ခုကနေဘယ်အချိန်ထွက်ရမယ် ဆိုတဲ့မေးခွန်းဟာ အထာကျပါတယ်။ ဘယ်ထရိတ်ဒင်းစနစ်ပဲဖြစ်ဖြစ် အမြတ်ရနေတဲ့position ကနေဘယ်အချိန်ထွက်ရမယ်ဆိုတာကောင်းကောင်းပြောပြမထားနိုင်ရင် ပြီးပြည့်စုံတယ်လို့ ဆိုလို့မရပါဘူး။

နည်းဗျူဟာ - ဘယ်လို ၀ယ်မလဲ (သို့မဟုတ်) ရောင်းမလဲ။
image
အချက်ပြမှုတစ်ခုရလိုက်တာနဲ့ position ပိတ်ခြင်းကို ဗျူဟာကျကျ စဉ်းစားတွေခေါ်မှုဟာ အရေးပါလာပါတယ်။ ဒါဟာ အကောင့်အကြီးစားတွေအတွက်ဆို အထူးသဖြင့် မှန်ကန်ပါတယ်။ ထိုအကောင့်တွေမှာ position ရဲ့ အ၀င်နဲ့ အထွက်တွေက ကြီးမားပြီး ဆန့်ကျင်ဘက်ကိုသဘောဆောင်တဲ့ ဈေးကွက်ရွေ့လျားမှုတွေ သို့မဟုတ် ဈေးကွက်သက်ရောက်မှုတွေကို ဖြစ်ပေါ်စေပါတယ်။
@htoohan
image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center