ဤကမ္ဘာမြေ လူ့ဘောင်လောက
အတွင်းဝယ် ဖြစ်တည်လတ်သော
အကယ်ဒမီ ဆုများပိုင်ရှင်
မည်သူနည်းဟု ဆန်းစစ်ကြည့်စို့။
ဆေးစက်ကျရာ အရုပ်ထင်သို့
ကျရာဇာတ်ရုပ် မှန်သမျှကို
နှုတ်မူရာတွင် ကိုယ်မူစွက်၍
ဆွဲဆောင်နိုင်သည့် ပညာရှင်တို့။
သနားဖွယ်ရာ သနားတတ်အောင်
ချစ်ခင်ဖွယ်ရာ မြတ်နိုးတတ်စေ
ဒုစရိုက်ကို ကြောက်ရွံ့စေရန်
ချော့လှည့်တစ်ခါ ခြောက်၍တစ်ဖန်
သဏ္ဏာန်လုပ်၍ သရုပ်ဖော်ပြ
ကျိုးလိုစိတ်နှင့် ဆုံးမနိုင်သည့်
ပန်းမြိုင်လယ်မှ ဥယျာဉ်မှူးတို့။
ဆုံးမပဲ့ပြင် လမ်းညွှန်ရာဝယ်
သက်ဝင်လှုပ်ရှား ပီပြင်လှ၍
အကယ်ဒမီ ပေးထိုက်ပါ၏
ပညာ့လောက သရုပ်ဆောင်တို့။
ထိုသူတို့ကား နာမည်မကျော်
မထင်ပေါ်လည်း ကမ္ဘာကျော်သည့်
ဘယ်ဆုများရှင် လိုက်လို့မှီနဘ်း
လူ့ပြည်ရွာမှ ဗြဟ္မာကြီးတို့။ ။
SMT-74