Esteem

အတွေးတစ
ကျွန်တော်တို့ငယ်ငယ်တုန်းကဆိုကိုယ်ပိုင်အထက်တန်းကျောင်းတွေရှားပါတယ်.မူလတန်း.အလယ်တန်း.အထက်တန်းတက်ပြီးဒီလိုပဲပြီးခဲ့ကျတာပါ.အခုနောက်ပိုင်းအပြိုင်အဆိုင်တွေများလာကျတယ်.ကိုယ်ပိုင်အထက်တန်းကျောင်းတွေတခုပြီးတခုဖွင့်လာကျတယ်.ပညာရေးလောင်းရိပ်အောက်မှာအခုခေါတ်ကလေးတွေမနားရတော့ပါဘူး.နည်းပညာတိုးတက်လာတော့ Ph တွေသုံးရင်းကစားနည်းတွေလဲမေ့လာကျပြီ.Phone တွေကြောင့်တိုးတက်လာသလို ဆိုးယုတ်လာတာတွေလဲတွေ့နေရပါတယ်.ကျောင်းသွားတယ်ပြန်လာရင်အဝတ်အစားလဲ ကျူရှင်သွား ပြန်လာရင်အိမ်စာတွေလုပ်ရနဲ့ မနားရတဲ့ကလေးတွေဖြစ်လာကျပြီ.ကိုယ်ပိုင်ကျောင်းတက်မှ ဘော်ဒါတက်မှဆိုပြီး ဂုဏ်တွေပြိုင်ကျတာ ကလေးတွေကမြေစာပင်ဖြစ်လာပါပြီ.
image
ကိုယ်ပိုင်ကျောင်းတွေဘော်ဒါတွေကလဲ ဈေးကြီးသလို စည်းကမ်းလဲကောင်းဂရုလဲစိုက်ကျတော့ ပိုက်ဆံကိုမမြင်တော့ဘူး သားသမီးပညာရေးပဲအဓိကထားပြီး မိဘတွေလဲကိုယ်ပိုင်ကျောင်းတွေပို့ကျပါတယ်.တကယ်တော့အပြိုင်အဆိုင်များလာတဲ့ ခေါတ်ဆိုတော့လဲ ခေါတ်ရေစီးချောင်းအတိုင်းပဲပေါ့.ရှေးယခင်အခါက ကျွန်တော်တို့ကစားခဲ့ကျတဲ့ကစားနည်းတွေလဲ ကွယ်ပျောက်ကုန်တော့မယ်.
image
ဘာပဲပြောပြောကျွန်တော်ကတော့ ငယ်ငယ်ကကစားခဲ့ကျတာတွေပြန်တွေးကြည့်တိုင်း လွမ်းဆွတ်မိတယ်.
"ညအခါ လသာသာ
ကစားမလား နားမလား"
image
သြော်ပြန်မြင်ယောင်ရင်း...
Photo credit by Google
Smt29

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center