Zaloon Hill (Myanmar)

image
image

သလွန်တောင်(သို့မဟုတ်)
စန့်လုံတောင်(သို့မဟုတ်)
ဇလုံတောင် သို့ သွားရောက်ရန် လမ်းညွှန်
========================

သလွန်တောင်(သို့မဟုတ်)
စန့်လုံတောင်(သို့မဟုတ်)
ဇလုံတောင် သည် စစ်ကိုင်းတိုင်းဒေသကြီး ၊ ကသာခရိုင် ၊ ဗန်းမောက်မြို့နယ်တွင် တည်ရှိပါသည် ။

ဗန်းမောက်မြို့မှ မြေပြန့် ၅ မိုင် ၊ တောင်အတက်/အဆင်း ၁၂ မိုင် နှင့် ကျောက်မဏ္ဍပ်လမ်းခွဲ ၁ မိုင် ၊
စုစုပေါင်း ၁၈ မိုင်ခန့် ကွာဝေးပါသည်။

သလွန်တောင်သို့ သွားရောက်ရာတွင် ဗန်းမောက်မြို့မှနေ၍ တောင်တက်ကားအသင်း၏ ကားများဖြင့်သာ သီးသန့် တက်ရောက်ရပါသည် ။ ကားများမှာ ဟိုင်းလပ် ၊ အီဇူဇူး ၊ ရိမ်းဂျားဖို့ဒ် ၊ ချက်ဗလက် စသော(4×4) ကားအများစုဖြစ်ပါသည် ။ ပြင်ပဧည့်သည်ယာဉ်များအား
တက်ရောက်ခွင့် မပြု ပါ ။

တောင်တက်ကားခနှုန်းထားများမှာ တစ်ဦးလျှင် အတက်ခရီးအတွက် ၃၅၀၀ိ/- နှင့် အဆင်းခရီးအတွက် ၂၅၀၀ိ/- ဖြစ်ပါသည် ။ စင်းလုံးငှားရမ်း၍လည်း ရပါသည် ။

ရင်ပြင်တော်အနီးရှိ ဘုန်းကြီးကျောင်းအထိ ကား သွားလာ၍ ရပါသည် ။ တောင် အတက်/အဆင်း ၊ ဘုရားဖူး ၊ ဓာတ်ပုံရိုက် ၊ မုန့်စား ၊ သစ်ခွပန်းဝယ် စုစုပေါင်း ၄ နာရီမှ ၅ နာရီအထိ ကြာမြင့်ပါသည် ။

သလွန်တောင်ရှိ နတ်ရေတွင်းမှ ရေကို သယ်ဆောင်ပြီး မိမိတို့နေအိမ်တွင် အလိုရှိသလို သုံးစွဲနိုင်ပါသည် ။

ကားလမ်းတွင် ဖုန်ထူထပ်သဖြင့် နှာခေါင်းစည်း ၊ ခြုံ ထည်ပုဝါများ အသုံးပြု သင့်ပါသည် ။
မိုးရွာလျှင် မည်သည့်ယာဉ်မျှ သွားလာ၍မရပါ ။

ဗန်းမောက်မြို့တွင် တည်းခိုခန်း ၆ ခု ရှိပါသည် ။
အင်းတော်မြို့တွင်လည်း တည်းခိုနိုင်ပါသည် ။ အင်းတော်နှင့် ဗန်းမောက် ၄၉ ကီလိုမီတာခန့် ကွာဝေးပြီး ယာဉ်မောင်းချိန် ၅၀ မိနစ်ခန့်သာ ကြာမြင့်ပါသည် ။

ကျွန်တော်သိသလောက် ဆက်သွယ်စုံစမ်းနိုင်သည့် ဖုန်းနံပတ်များမှာ -
တောင်တက်ကားအသင်း(၀၉၄၄၂၂၂၈၆၈၆ / ၀၉၂၅၈၇၁၂၆၃၅ / ၀၉၂၅၀၈၀၂၆၅၅) ၊ အောင်သရဖူတည်းခိုခန်း(ဗန်းမောက်)
၀၉၂၆၁၂၅၅၅၁၃ ၊ ချင်းတွင်းသားတည်းခိုခန်း(ဗန်းမောက်)
၀၉၂၆၅၈၈၁၆၁၆ ၊ အင်းတော်ဟိုတယ်(အင်းတော်)၀၇၅၂၉၂၆၁ ၊ ကံ့ကော်မြိုင်တည်းခိုခန်း(အင်းတော်)
၀၇၅၂၉၂၂၈ တို့ဖြစ်ပါသည် ။

ဗန်းမောက်မြို့သို့ သွားရောက်နိုင်သော မော်တော်ကားလမ်းများမှာ -
လမ်းကြောင်း (၁)
(ဒေသအခေါ် - အရှေ့လမ်း)
ရန်ကုန် - မန္တလေး -
မတ္တရာ - လက်ပံလှ(စဥ့်ကူးလမ်းဆုံ) - လက်ခုပ်ပင် - ချောင်းကြီး -
ဇရပ်ကွင်း - ဖော့တော -
ဝါးဖြူ တောင်(မိုးကုတ်လမ်းဆုံ) -
၇ မိုင်(သပိတ်ကျင်းလမ်းဆုံ) - ကျောက်ကြီး -
တွင်းငယ်/စံပါယ်နဂို(မိုးမိတ်လမ်းဆုံ) - လက်ပံကုန်း - မကျီးကုန်း - တကောင်း -
မြတောင်(ဗန်းမော် - ရွှေကူလမ်းဆုံ) -
ထီးချို င့် - ကျောင်းကုန်း(ထီးချို င့်လမ်းဆုံ) - ဗုဓလက် - နတ်မဟုတ်ကြီး -
လယ်ပြင် - အင်းတော်(မြစ်ကြီးနား/ကသာလမ်းဆုံ) - ဗန်းမောက် သို့လည်းကောင်း (စုစုပေါင်း ကီလိုမီတာ ၉၉၀ ကျော်) ။

လမ်းကြောင်း (၂)
(ဒေသအခေါ် - အနောက်လမ်း)
ရန်ကုန် - ရွှေဘို - ကျောက်ပြင်သာ(ကျောက်မြောင်း/စဥ့်ကူးလမ်းဆုံ) -
ဇီးကုန်း(ခင်ဦးလမ်းဆုံ) - ငှက်ပျောတိုင် - စံပါယ်နံ့သာ(ကန့်ဘလူ-ကျွန်းလှလမ်းဆုံ) - လွှဲဆိပ် - ဘော - ဇင်း(ချပ်သင်းလမ်းဆုံ) - ဟင်သော် - တောင်ပုံ - ကျောက်တန်း(ကောလင်း - ဝန်းသို လမ်းဆုံ) - ပိန္နဲကုန်း - ကျောင်းကုန်း(ထီးချို င့်လမ်းဆုံ) - ဗုဓလက် - နတ်မဟုတ်ကြီး - လယ်ပြင် - အင်းတော်(မြစ်ကြီးနား/ကသာလမ်းဆုံ) - ဗန်းမောက် သို့လည်းကောင်း (စုစုပေါင်း ကီလိုမီတာ ၁၀၀၀ ကျော်) ။

လမ်းကြောင်း (၂) မှ (၁) သို့ ဖြတ်သန်းသွားရောက်လိုပါလျှင် -
ရွှေဘို - ကျောက်ပြင်သာ - ကျောက်မြောင်း - စဥ့်ကူး - လက်ပံလှ လမ်းအတိုင်း အပြန်အလှန် သွားရောက်နိုင်ပါသည် ။

လမ်းကြောင်း(၁)နှင့်(၂)သည် ကျောင်းကုန်းတွင် ပေါင်းဆုံပါသည် ။
မန္တလေး - ဗန်းမောက် တိုက်ရိုက်ပြေးဆွဲသော ခရီးသည်တင်ယာဉ်(အောင်နိုင်သူယာဉ်လိုင်း)များဖြင့်လည်း သွားရောက်နိုင်ပါသည် ။

မိတ်ဆွေ သူငယ်ချင်းများအတွက် သလွန်တောင်သို့ အဆင်ပြေစွာ သွားရောက်ဖူးမျှော်နိုင်စေရန် ရည်ရွယ်၍ တင်ပြလိုက်ရခြင်းဖြစ်ပါသည် ။

အားလုံး ကျန်းမာ ချမ်းသာပြီး လိုရာဆန္ဒများလည်း ပြည့်ဝကြပါစေခင်ဗျာ ။

ကျေးဇူးတင်စွာဖြင့် -

image
image
image
image
ကိုလင်း

H2
H3
H4
3 columns
2 columns
1 column
Join the conversation now