Father For Half

'' အဖေ့အတွက် တစ်ဝက်ချန်ထား…"

တစ်ခါက ရွာတစ်ရွာမှာ ဦးဘ+ ဒေါ်မြ နဲ့ သားဖြစ်သူ မောင်လှတို့ မိသားစုလေးတစ်စုရှိသတဲ့……

မောင်လှ အရွယ်ရောက်လာတော့ ဖခင်ဖြစ်တဲ့ ဦးဘဟာ သူ့သားကို မကြာခဏဆိုသလို ဆုံးမသွန်သင်လေ့ရှိတဲ့ စကားတစ်ခွန်းက…
''ငါ့သား…မင်း မိန်းမယူတဲ့အခါ အပျိုစစ်စစ်ကို ရအောင်ရှာယူပါ''
ဒီစကားကို ဦးဘက သတိရတိုင်း ပြောဆိုဆုံးမတယ်ပေါ့။

တစ်နေ့တော့ မောင်လှဟာ တစ်ရွာကျော်က မိန်းမပျိုနဲ့ ချစ်ကြိုက်ပြီး ခိုးယူလာခဲ့တယ်ပေါ့။ သူ့ အဖေကိုလည်း လက်မထောင်ပြီး ကြွားလိုက်သေးတယ်……

''အဖေ…သားမိန်းမက အပျိုပျိုစစ်စစ်ဗျ ''

အေး… ကောင်းတယ် ဒါမှ ငါ့သားကွ

ဒီလိုနဲ့ သူတို့မိသားစုလေးဟာ သာသာယာယာ နေလာခဲ့ကြတယ်ပေါ့။

တစ်နေ့မှာတော့ ဦးဘဟာ အိမ်ခန်းထဲမှာ သူ့မိန်းမဒေါ်မြနဲ့ သူ့ချွေးမတို့ရဲ့ မတိုးမကျယ်ပြောနေတဲ့ စကားသံကြောင့် နားစွင့်မိခဲ့တယ်ပေါ့။

''အမေရယ်…အမေ့သားကလေ သမီးကို အပျိုစစ်ရဲ့လား ခဏခဏမေးတာပဲသိလား…သမီး သိပ်စိတ်ညစ်တယ်မေမေ
သူ့ကို ခဏခဏလိမ်ပြောနေရတာကိုပေါ့။ တကယ်တော့…သမီးက သူနဲ့မယူခင်တုန်းက အရင်ရည်းစားနဲ့ တစ်ည ခိုးရာ လိုက်ပြေးဖူးတယ်အမေရဲ့…''

ထို စကားသံ ကြားလိုက်တဲ့ ဦးဘအဖို့ ဒေါသပြင်းပြင်းထွက်ကာ
အိမ်ရှေ့ပြေးထွက်သွားပြီးသကာလ သူ့သား မောင်လှကို အော်ဟစ်မြောလိုက်တာက …

ဟေ့ကောင်… မောင်လှ
မင်းဟာ လူမဟုတ်ဘူး နွား။ ဂျိုပေါက်နေတဲ့ နွားကွ။
သွားစမ်း…ဟိုရှေ့ကမြက်တွေကုန်အောင်သွားစမ်း…''ဆိုပြီး
ကြိမ်းမောင်းလွှတ်လိုက်တယ်လေ…။

သူ့ချွေးမ ဘာတွေထပ်ပြောဦးမလဲဆိုတာ ထပ်သိချင်သေးတာနဲ့
ခုန အခန်းနားကို အသာလေးကပ်ပြီး နားထောင်မိတာပေါ့။

ဒီတစ်ခါ ကြားရတာက သူ့ချွေးမအသံမဟုတ်တော့။
သူ့မိန်းမ ဒေါ်မြရဲ့အသံ……

''သမီးခိုးရာလိုက်ပြေးတာ သားကို ပြောဖြစ်သေးလား သမီး ''

''မပြောဖြစ်သေးဘူး အမေ ''

အေး… ကောင်းတယ်သမီး…
ယောက်ျားတွေကို ဘယ်တော့မှ အမှန်တိုင်းမပြောရဘူးသမီးရဲ့
အမေဆိုရင် ဒီယောက်ျားနဲ့ မရခင်က ကလေးနှစ်ယောက်တောင်
ရှိခဲ့ဖူးတာသမီး ခုထိ သမီးတို့အဖေကို ထုတ်မပြောဖူးဘူးလေ''

ကြားလိုက်ရတဲ့ စကားသံသည်ကား ဦးဘအဖို့ ခေါင်းမီးတောက် လေ၏။ အိမ်ရှေ့သို့ အမြန်ပြေးထွက်ကာ လယ်ကွင်းအစပ်၌ ငူတူတူကြီးရပ်နေသော သူ့သား မောင်လှအား အော်ပြောလိုက်တာက…………

''သားရေ…အကုန်မစားနဲ့ကွ…
ငါလည်း မင်းနဲ့ အတူတူပဲ…
အဖေ့အတွက်လည်း ချန်ထားဦး…'' တဲ့ ဗျာတို့ရေ။

ဟီး…………
image

'' Leaving half disconnected ... "

Once village + Daw Mya and his son John Doe family group of four floats ......

John Doe, age arrive, father teaching his son often the word ...
'' When my son ... She's a pure virgin ''
Remember the words to say something beautiful.

One day, John Doe, the young women in the village came to steal and love. His father-inch dwarf even boast ......

'' My father ... she really pure young virgin ''

... good, so that my son

So their families were happy.

One day in the property with his wife Daw Mya and her daughter-in-law's voice complains listener.

'S face ... modifications virgin daughter's frequent question I know, I forgot my daughters
He was often twisted I'm saying. In fact ... she stole the night with a girlfriend when he starts the first thing that I've run out ... ''

And to hear the voice of anger to intensify
The pilot left the house, I loved the cries of his son John Doe ...

Fun ... John Doe
You are not cattle. Joey a cow.
Kiss my ... I go to the grass in front of the extreme test ... ''
OK shock.

What his daughter-in-law wanted to know what will be the first to repeat yet
Now, I hear very close to a room, uncovered.

This time, no longer heard the voice of his daughter-in-law.
His wife Daw Mya's voice ......

'Smoke' run out '

'' I did not say ''

... good ...
Men must never tell the truth, the daughter
If these two young men before and
She still had her father once '

The voice is heard and flames. Fast running out of the house in the field coherence standing morosely his son John Doe they say ............

'' ... the end ...
I want to make the same ...
Leave disconnected, I ... ''.

, ............

by-@chitnaingoo

photo-google

H2
H3
H4
3 columns
2 columns
1 column
Join the conversation now