အောင်မြင်သူတွေရဲ့ အရည်အသွေး

image
လူရဲ့ သဘာဝက တစ်ခုခုလုပ်လို့ ရှုံးနိမ့်သွားရင် သူများတွေရဲ့ ကဲ့ရဲ့ရှုတ်ချတာကို မခံချင်ဘူး။ ဒါကြောင့် အရှုံးနဲ့ ရင်မဆိုင်ချင်ဘူး။ ဒါပေမဲ့ ရှုံးမှာ ကြောက်ပြီး ကစားပွဲတစ်ခုကို ဝင်မပြိုင်ရင် ရှုံးတာနဲ့ အတူတူပါပဲ။ ဘာကြောင့်လဲဆိုတော့ ဝင်မပြိုင်ရင် အနိုင်မရဘူး။ အနိုင်မရဘူးဆိုတာ ရှုံးတာနဲ့ အတူတူပါပဲ။ ဘ၀မှာ အောင်မြင်မှုတွေ ရယူပိုင်ဆိုင်ချင်ပါသလား။ လက်ရှိ အောင်မြင်သူတို့ရဲ့ စဉ်းစားတွေးခေါ်ပုံတွေနဲ့ အလေ့အကျင့်တွေကို အတုယူလုပ်ဆောင်မယ်ဆိုရင် သင်လည်းပဲ အောင်မြင်သူတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ ဒါဆိုရင် အောင်မြင်သူတွေရဲ့ အရည်အသွေးတွေက ဘာတွေလဲဆိုတာကို လေ့လာကြည့်သင့်ပါတယ်။ သူတို့က ရည်မှန်းချက်ကြီးကြတယ်။ အောင်မြင်သူအများစုဟာ ဘာကိုပဲလုပ်လုပ် အကောင်းဆုံးဖြစ်အောင် လုပ်မယ်လို့ယုံကြည်ထားတတ်ကြတယ်။ ဒီအချက်က သာမန်လူတွေအတွက် အလေးအနက်စဉ်းစားစရာတစ်ခုပါပဲ။ သာမန်လူအများစုဟာ လက်ရှိအောင်မြင်နေသူတွေက သူတို့ထက်ထူးချွန်တဲ့အတွက် အောင်မြင်ကြတယ်လို့ အလွယ်တကူယူဆတတ်ကြပါတယ်။ ဒီယူဆချက်ကြောင့်ပဲ အောင်မြင်မှုနဲ့ မထိုက်တန်ဘူးလို့ မှတ်ထင်ထားကြပြီး အောင်မြင်မှုနဲ့ အလှမ်းဝေးနေကြတာဖြစ်ပါတယ်။ တကယ်တော့ထိုက်တန်မှုဆိုတာ ကြိုးစားအားထုတ်မှုနဲ့ သက်ဆိုင်ပါတယ်။ သင်ကြိုးစားအားထုတ်သမျှရဲ့ အကျိုးရလဒ် (၁၀၀)ရာခိုင်နှုန်းကို သင်ကိုယ်တိုင်ရရှိခံစားဖို့ ထိုက်တန်ပါတယ်။ ပိုပြီးတော့ ကြိုးစားအားထုတ်လေလေ ပိုမိုကြီးမားတဲ့အောင်မြင်မှု၊ ပိုမိုများပြားတဲ့ ၀င်ငွေကို ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ ဘာပဲလုပ်လုပ် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ သူတို့က သတ္တိရှိကြတယ်။ အခြားသူတွေ လက်လျှော့အရှုံးပေးသွားတတ်တဲ့ အခက်အခဲတွေကို အောင်မြင်သူတွေက ရင်ဆိုင်ချင်စိတ်ရှိကြပါတယ်။ အောင်မြင်မှုရဲ့ အဓိကရန်သူနှစ်ဦးကတော့ စိုးရိမ်စိတ်နဲ့ သံသယပဲဖြစ်ပါတယ်။ တစ်ခုခုကို ထပ်ခါတလဲလဲလုပ်ဆောင်မယ်ဆိုရင် အလေ့အကျင့်ဖြစ်လာပါတယ်။ သင် လုပ်ဆောင်ရမှာ စိုးရိမ်ကြောက်လန့်နေတဲ့အရာတွေကို လုပ်ဆောင်နိုင်မယ့် အလေ့အကျင့်ကို ပျိုးထောင်ပါ။ သင်ကြောက်တဲ့အရာတွေကို လုပ်ဆောင်မယ်ဆိုရင် စိုးရိမ်စိတ်ဆိုတာ လွင့်ပါးပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် စိုးရိမ်ကြောက်လန့်မှုတွေကို ရင်ဆိုင်ပါ။ စိုးရိမ်စိတ်တွေကို ရင်ဆိုင်နိုင်စွမ်းဟာ အောင်မြင်သူတွေရဲ့ အမှတ်အသားတစ်ခုဖြစ်ပါတယ်။ ရည်မှန်းချက်မြင့်မားပြီး ထိပ်ဆုံးအောင်မြင်မှုကို ရရှိချင်တယ်ဆိုရင် စိုးရိမ်စိတ်ကို ရင်ဆိုင်ပြီး မ၀ံ့မရဲဖြစ်နေတာတွေကို လုပ်ဆောင်ပါ။ သူတို့က ဆုံးဖြတ်ချက်ခိုင်မာကြတယ်။ ဘယ်လိုနယ်ပယ်မျိုးမှာပဲဖြစ်ဖြစ် ထိပ်ဆုံးအောင်မြင်မှုကို ရရှိထားသူတွေဟာ ဆုံးဖြတ်ချက်ခိုင်မာသူတွေ ဖြစ်ကြပါတယ်။ သူတို့ကိုယ် သူတို့ယုံကြည်မှုရှံရုံသာမက သူတို့ရဲ့လုပ်ငန်း၊ သူတို့ရဲ့ထုတ်ကုန်နဲ့ ၀န်ဆောင်မှု၊ သူတို့ရဲ့စားသုံးသူတွေအပေါ်မှာပါ ယုံကြည်မှုအပြည့်ရှိကြပါတယ်။ အလေးအနက်ယုံကြည်မှုနဲ့ လက်တွေ့အဖြစ်အပျက်တို့အကြား တိုက်ရိုက်ဆက်သွယ်မှုကို သိရှိနားလည်ထားကြသူတွေ ဖြစ်ပါတယ်။ ဘာကိုပဲလုပ်လုပ် မှန်ကန်မှုနဲ့ ကောင်းမွန်မှုကို အပြည့်အ၀ယုံကြည်ထားမယ်ဆိုရင် အောင်မြင်မှုတွေကို ရယူနိုင်လာမှာဖြစ်ပါတယ်။ ဘ၀မှာအောင်မြင်နေသူတွေ အားလုံးဟာ သူတို့လုပ်နေတဲ့အရာပေါ်မှာ စိတ်အားထက်သန်မှုအပြည့်ရှိပြီး အခိုင်မာဆုံး ဆုံးဖြတ်ချက်တွေနဲ့လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ သူတို့က ကြိုတင်ပြင်ဆင်ထားတတ်ကြတယ်။
အောင်မြင်သူတွေက အရာရာကိုကြိုတင်ပြင်ဆင်ထားလေ့ ရှိပါတယ်။ သာမန်လူတွေ မလုပ်ချင်တဲ့ကိစ္စတွေကို သူတို့က လုပ်ဆောင်လေ့ရှိပါတယ်။ သာမန်လူတွေ မစွန့်လွှတ်နိုင်တာတွေကို သူတို့ကစွန့်လွှတ်နိုင်ကြပါတယ်။ ဒီလို ကွဲပြားခြားနားချက်ကပဲ သာမန်ထက်ပိုတဲ့ ထူးခြားမှုတွေကိုဖြစ်စေနိုင်တာပါ။ အစည်းအဝေးတစ်ခုကို မတက်ခင်မှာ ကြိုတင်ပြင်ဆင်ပါ။ ဟောပြောပို့ချချက်တစ်ခုမလုပ်ခင်မှာ ပြောဆိုရမယ့်အချက်အလက်တွေကို ကြိုတင်စုဆောင်းပြီး လေ့ကျင့်ပြင်ဆင်ထားပါ။ ဘယ်လိုအရေးကိစ္စမျိုးမဆို တကယ်မလုပ်ရသေးခင်မှာ အသေးစိတ်ကြိုတင်ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ စေ့စပ်သေချာစွာပြင်ဆင်ထညးတာထက် ပိုကောင်းတဲ့ရလဒ်တွေကို ဖန်တီးပေးနိုင်တဲ့အရာ မရှိပါဘူး။ သူတို့ဟာ စဉ်ဆက်မပြတ်လေ့လာသင်ယူနေတတ်ကြတယ်။ အောင်မြင်များစွာရရှိထားသူတွေဟာ ရပ်တန့်နေတတ်ကြသူတွေ မဟုတ်ပါဘူး။ သူတို့ဟာ အချိန်ရတာနဲ့ စာတွေဖတ်၊ လိုအပ်တဲ့သင်ယူမှုတွေကို လုပ်ဆောင်နေကြသူတွေ ဖြစ်ပါတယ်။ စဉ်ဆက်မပြတ်လေ့လာသင်ယူနေကြသူတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် အချိန်ရတာနဲ့ စာဖတ်ပါ။ ဟောပြောပို့ချမှုတွေနားထောင်ပါ။ သူတို့က တာဝန်သိတတ်ကြတယ်။ ကျွန်တော်တို့ရဲ့လူမှုဝန်းကျင်ထဲက အောင်မြင်သူတွေမှာ ကိုယ့်တာဝန်ကိုယ်သိတဲ့ စိတ်နေသဘောထားရှိကြပါတယ်။ ဒီအချက်က အရေးကြီးပါတယ်။ တကယ်တော့ ကျွန်တော်တို့အားလုံးဟာ ကိုယ်တာဝန်ကိုယ်ယူကြာရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကိုယ့်အတွက်ကိုယ် အလုပ်လုပ်နေကြတာဖြစ်ပါတယ်။ အခြားတစ်ယောက်ယောက်အတွက် အလုပ်လုပ်ပေးနေတယ်လို့ ခံယူထားရင် မှားနေပြီလို့ ဆိုနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ အလုပ်ရှင်တွေ၊ အလုပ်တွေ တစ်ခုပြီးတစ်ခု ပြောင်းလဲသွားနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကိုယ်တိုင်ကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် သင့်ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်အတွက်၊ သင့်ဘ၀အတွက်၊ သင့်ရဲ့ ငွေကြေးအတွက်၊ သင့်မိသားစု၊ ခန္ဓာကိုယ်၊ ကျန်းမာရေးတို့အတွက် သင်ကိုယ်တိုင်မှာပဲ တာဝန်ရှိပါတယ်။ အခြား ဘယ်သူတစ်ဦးတစ်ယောက်ကမှ သင့်အတွက် တာဝန်ယူပေးမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကိုယ့်တာဝန်ကိုယ်ယူနိုင်သူ ဖြစ်အောင်ကြိုးစားပါ။
image
လူဆိုတာ ကလေးဘဝတုန်းက အရှုံးဆိုတာကို မကြောက်ခဲ့ပါဘူး။ တနှစ်သားအရွယ် ကလေးငယ်ဟာ လမ်းလျှောက်ဖို့ ခြေတစ်လှမ်း စလှမ်းတယ်။ ကြမ်းပြင်ပေါ် လဲကျသွားတယ်။ သူ ငိုတယ်။ ဒါပေမဲ့ ပြန်ထပြီး ခြေလှမ်းလှမ်းပြန်တယ်။ လဲကျပြန်တယ်။ ပြန်ထတယ်။ နောက်တော့ မလဲကျပဲ ခြေတစ်လှမ်း စလှမ်းနိုင်လာတယ်။ ၂ လှမ်း မြောက်မှာ လဲကျပြန်တယ်။ ငိုတယ်။ ပြန်ထပြီး ထပ်လျှောက်တယ်။ နောက်တော့ ၃ - ၄ လှမ်း လျှောက်ရင်း လမ်းလျှောက်တတ်သွားတယ်။ မကြာခင် ပြေးတောင် ပြေးနိုင်လာတယ်။ ကလေးဟာ ကြီးလာတဲ့အခါ မိဘက ပြောကြတယ်။ သား ဒီနေ့ ကျောင်းမှာ အပြေးပြိုင်ပွဲ ရှိတယ်ဆို။ နိုင်အောင် ပြေးနော်။ သား ပထမဆုရပြီး ပြန်လာရင် အမေနဲ့ အဖေတို့က ဆုထပ်ပေးအုံးမယ်။ ပထမ မရရင်တောင် အနည်းဆုံး တတိယဆုလောက်တော့ ရအောင်လုပ်။ အဲဒါလောက်မှ ရမလာရင်တော့ အမေတို့ သားကို မချစ်တော့ဘူး”
ဒီစကားလေးတွေ ကြားရတဲ့ ကလေးဟာ ကြီးလာတဲ့အခါမှာ အရှုံးဆိုတာကို ရင်မဆိုင်ရဲတော့ဘူး။ အရှုံးဆိုတာ ရှက်စရာကြီးပါလားလို့ ထင်လာတယ်။ အနိုင်အရှုံးမသေချာရင် ရှုံးမှာ ကြောက်ပြီး ဘာမှ မလုပ်တော့ဘူး။ မစွန့်စားရဲတော့ဘူး။ ပျော်ရွှင် အောင်မြင်တဲ့ သူတွေဟာ ဘဝမှာ အာရုံစိုက်စရာတွေကို အာရုံစိုက်တတ်ကြသလို အာရုံမစိုက်ရမယ့် အရာတွေကိုလည်း သိရှိထားကြပါတယ်။ အောက်မှာတော့ ပျော်ရွှင်၊ အောင်မြင်တဲ့ သူတွေ ဂရုမစိုက်တဲ့အရာ ပျော်ရွှင် အောင်မြင်သူတို့ဟာ ပြန်မရနိုင်တော့တဲ့ အတိတ်ကို တသသ ဆွေးလေ့ မရှိပါဘူး။ တကယ်တော့ အတိတ်ဆိုတာဟာ သင်ခန်းစာ ယူလို့အကောင်းဆုံး အရာ တစ်ခုပါ။တကယ်လို့ သင်ဟာ ဒီနေ့မှာ မအောင်မြင်ခဲ့ပေမယ့် မဆုတ်မနစ် ဆက်ကြိုးစားခဲ့ရင် နောင် တစ်ချိန်ချိန်မှာ အောင်မြင်နိုင်မှာပါ။ ဒါကြောင့် သင့်အတွက် တန်ဖိုးရှိတဲ့ လက်ရှိ အချိန်တွေကို အတိတ်ကြောင့် ဘယ်တော့မှ မပျက်စီးစေပါနဲ့။ အောင်မြင်သူတွေဟာ သူတို့ မလုပ်နိုင်တာအပေါ် စိတ်ဓာတ်မကျတတ်ကြပါဘူး။ သူတို့ က ဘယ်လိုအရာမျိုးကိုမှ တွန်းအား ထားလေ့မရှိကြပါဘူး။ ပြသနာတစ်ခုရှိလာရင် ထိုပြသနာရဲ့ အရင်းအမြစ်ကို ရှာလေ့ရှိပါတယ်။ဒါ့ကြောင့်သင့်မှာ ပြသနာတစ်ခုခုရှိလာရင် အဖြေကိုအရင်ရှာပါ။ ကိုယ်မလုပ်နိုင်မှာကိုအရင်မတွေးပါနဲ့။ ပတ်ဝန်းကျင်က အခြားသောသူတွေရဲ့ သင့်အပေါ်ထင်မြင်လျက်တွေကို နားထောင်ရုံပဲနားထောင်သင့်ပါတယ်။သူတို့ပြောတဲ့ အတိုင်း သင်ပြုမူစရာ မလိုပါဘူး။ သင်ဟာဘယ်လိုလူဆိုတာ သင်အသိဆုံးပါ။ သူများ အဆုံး အဖြတ်အပေါ် အရမ်းအလေးပေးရင် သင်ဘယ်သူဆိုတာ မေ့သွားပါလိမ့်မယ်။သင်လုပ်ရမှာက သူတို့ကို သင်ဟာ ကိုယ့်ဘဝ အခြေအနေကို ဘယ်လောက်ပျော်ရွှင်ကျေနပ်မိလည်းဆိုတာ ပြသဖို့ပါပဲ။ စောင့်ဆိုင်းချိန်မှာ အကောင်းဆုံးစိတ် ထားနိုင်တဲ့ စွမ်းရည် ပဲဖြစ်တယ် ” လို့ဆိုခဲ့ပါတယ်။ဘယ် အရာမဆို သေးသည် ဖြစ်စေ ကြီးသည်ဖြစ်စေ စိတ်ရှည်သည်းခံရင် အောင်မြင်မှုကို ကျိန်းသေ ရနိုင်မှာပါ။ စိတ်မ
ရှည်တာတွေဘေးဖယ် ကိုယ့်ပန်းတိုင်ကို အာရုံစိုက်ပြီး ကြိုးစားရင် သင့် ရဲ့ပန်းတိုင်ဟာ လက်တစ်ကမ်းမှာပါ။ အောင်မြင်ပျော်ရွှင်သူတွေဟာ သူတို့ အောင်မြင်မှု အပေါ် သံသယ လုံးဝ မရှိသူတွေပါအကြိမ်ကြိမ်ကျရှုံးလည်းအောင်မြင်မယ်ဆိုတာ ယုံကြည်သူတွေပါဒီတော့ သင့်မှာ သင့်အောင်မြင်မှုအပေါ်သံသယ ဖြစ်စရာ ကိစ္စတွေရှိလာရင် အဲ့ဒီသံသယတွေကို ယုံ ကြည်မှုအဖြစ်ပြောင်းလဲလိုက်ပါရွေးချယ်စရာ ကိစ္စတွေရှိလာရင် ကိုယ့်ရွေးချယ်
မှုမပေါ် ယုံ ကြည်ချက်ထားပါ။သံသယဟာ သင့် အောင်မြင်မှုကို တိုက်စားသူတွေပါယုံကြည်မှုကသာ
သင့်အောင်မြင်ဖို့ကို လမ်းပြပေးနိုင်မှာပါ။ အောင်မြင်သူတွေဟာ ဘယ်လိုအချိန်မှာ ဘယ်လို ငြင်းရမလဲဆိုတာ ကောင်းစွာသိသူတွေပါ တစ်ယောက်မဟုတ်ပါဘူးသင်မလုပ်နိုင်သေးတဲ့ အရာတွေအတွက်နဲ့ သင့်ကိုယ်ကို အဆိုးမမြင်သင့်ပါဘူး
ဘယ်အရာမဆို ချက်ချင်း မကျွမ်းကျင်နိုင်ပါဘူးအရေးကြီးတာက အဓိကနဲ့ သာမည ကို ခွဲခြားသိပြီး သင်လုပ်သင့် တာတွေကို အမှန်တကယ် လုပ်ဆောင်ဖို့ သင်ဟာဆိုးရွားတဲ့နေ့တွေကြောင့် အရမ်း စိတ်အပင်ပန်းမခံသင့်ပါဘူးသင်ဟာ အရာရာကို အကောင်းမြင်နေတာတောင်မှ ဆိုးရွားတာတွေကြုံလာနိုင်ပါတယ်ပြီးပြည့်စုံတဲ့လူ ရယ်လို့မရှိပါဘူး။လူတိုင်းမှားဖူးတယ် စိတ်ညစ်စရာတွေကြုံရပါတယ်။ဒါတွေကိုမေ့ပြီး ဘဝကို အကောင်းမြင်ပါတစ်နေ့တာ စိတ်ရှုပ်စရာတွေ့ကိုမေ့ပစ်ပါသင်ပိုပျော်ရွှင်လာပါ
လိမ့်မယ်။ တစ်ခါတစ်လေ မှာ လူတွေဟာ ကျရှုံးမှုတွေ ဆုံးဖြတ်ချက်တွေ ငြင်းပယ်ခံရမှုတွေကြောင့် စွန့်စားရတာတွေကို ရှောင်
လေ့ရှိပါတယ်ဒါတွေဟာ မအောင်မြင်ဖို့ အတွက် လမ်းစတွေပါပဲမစွန့်စားပဲ အောင်မြင်မှုဆိုတာ မရရှိနိုင်ပါဘူးဒါ့ကြောင့် ကြောက်ရွံ့တာတွေ သံသယတွေ အချည်းအနှီးဖြစ်မှာတွေ စိုးရိမ်တာတွေကို စွန့်လိုက်ပါ။သင့်ပန်းတိုင် အတွက် ကောင်းတာတွေ ပဲတွေးပါ သင်လုပ်နိုင်တယ်လို့ ယုံကြည်ထားပါ။ သင်ပိုကောင်းအောင်စွမ်းဆောင်နိုင်လာ
ပါလိမ့်မယ် ဒီအချက်လေးတွေထဲက လုပ်သင့်တာတွေလုပ် ပစ်ပယ်သင့်တာတွေပစ်ပယ်ပြီး ပိုမိုပျော်ရွှင် အောင်မြင်တဲ့ ဘဝတွေ ပိုင်ဆိုင် ကြပါစေ။
image
အောင်မြင်သူတွေကတော့ အရှုံးကို မကြောက်ကြဘူး။ မကြောက်ရုံတင်မက အရှုံးကို ကြိုဆိုကြသေးတယ်။ အရှုံးဆိုတာ အောင်မြင်မှုရဲ့ အစိပ်အပိုင်းတစ်ခုလို့ သတ်မှတ်ထားကြတယ်။ သောမတ်စ်အယ်ဒီဆင်ဟာ သိပ္ပံတီထွင်မှုပေါင်းများစွာ လုပ်ခဲ့လို့ တီထွင်ပညာရှင်ကြီးလို့ ထင်ရှားကျော်ကြားခဲ့ပါတယ်။ အဲဒီတီထွင်မှုတွေထဲက လူပြောအများဆုံး တီထွင်မှုက လျှပ်စစ်မီးလုံး တီထွင်ခဲ့ခြင်းပါ။ သူဟာ မီးလုံးမှာ သုံးဖို့ လျှပ်စစ်ဖြတ်စီးရင် အလင်းရောင်ထွက်နိုင်တဲ့ သတ္တုနန်းကြိုးမျှင်ရဖို့အတွက် သတ္တုတွေကို တစ်မျိုးစမ်းကြည့်လို့ မရရင် နောက်တစ်မျိုး စမ်းကြည့်ပြန်တယ်။ လပေါင်းအတော်ကြာ သတ္တုအမျိုးပေါင်း တစ်ထောင်ကျော်ကို စမ်းသပ်ကြည့်ပြီး နောက်ဆုံး တန်စတင်းသတ္တုနဲ့ကျမှ အောင်မြင်သွားပြီး လျှပ်စစ်မီးလုံးကို တီထွင်နိုင်ခဲ့တယ်။ အဲဒီလျှပ်စစ်မီးလုံးကို တီထွင်လိုက်နိုင်လို့ အမေရိကန်နိုင်ငံမှာ သူ့နာမည်ဟာ အရမ်းကျော်ကြားသွားတယ်။ အမေရိကန်သတင်းစာကြီးတစ်စောင်ရဲ့ သတင်းထောက်တစ်ယောက်က သူ့အကြောင်းကို ဆောင်းပါးရေးချင်လို့ အယ်ဒီဆင်ကို လာတွေ့ပြီး အင်တာဗျူးလုပ်တယ်။ သတင်းထောက်က သူ့ကို ခုလို မေးလိုက်တယ်။ သတင်းထောက် မစ္စတာ အယ်ဒီဆင်အနေနဲ့ စမ်းသပ်မှုပေါင်း ၁,၀၀၀ ကျော် ရှုံးနိမ့်ခဲ့ရတာနဲ့ ပတ်သက်လို့ စိတ်ထဲမှာ ဘယ်လို ခံစားရပါသလဲ”
အယ်ဒီဆင် ငါ အကြိမ်တစ်ထောင် ရှုံးနိမ့်ခဲ့တာ မဟုတ်ပါဘူးကွ။ လျှပ်စစ်မီးလုံးအတွက် သုံးလို့ မရတဲ့ သတ္တုအမျိုးပေါင်း တစ်ထောင်ကျော်ကို ရှာဖွေတွေ့ခဲ့တာပါတဲ့။ အဲဒါက ဘာကို ပြောချင်တာလဲဆိုတော့ အောင်မြင်သူတွေဟာ တစ်ခုခုကို ကြိုးစားလို့ မအောင်မြင်တာကို ရှုံးနိမ့်သွားတယ်လို့ မယူဆကြဘူး။ မအောင်မြင်တာကို စမ်းသပ်မှုတစ်ခုလို့ပဲ ယူဆကြတယ်။ သူတို့ရဲ့ အဘိဓါန်မှာ “အရှုံး”ဆိုတဲ့ ဝေါဟာရ မရှိဘူး။ စမ်းသပ်မှုကို နည်းတစ်မျိုးနဲ့ လုပ်လို့ မအောင်မြင်ရင် နောက်တစ်နည်း ပြောင်းပြီး စမ်းသပ်ကြတယ်။ အောင်မြင်တဲ့အထိ နည်းတွေ တစ်မျိုးပြီး တစ်မျိုးပြောင်းလဲစမ်းသပ်ကြတယ်။ အောင်မြင်ကျော်ကြားသူတွေအကြောင်း ရေးထားတဲ့ စာအုပ်တွေ၊ သူတို့ရဲ့အထုပ္ပတိတွေကို ဖတ်ကြည့်လိုက်ရင် တစ်ကြိမ်ထဲနဲ့ အကြီးအကျယ် အောင်မြင်သွားသူဆိုလို့ တစ်ယောက်မှ မရှိပါဘူး။ သူတို့ဟာ အကြိမ်ကြိမ် ရှုံးနိမ့်မှုတွေနဲ့ ကြုံခဲ့ရသူတွေချည်းပါပဲ။ အဲဒီစာအုပ်တွေကို မဖတ်ကြည့်ဖူးသူတွေကတော့ အောင်မြင်သူတွေဟာ တစ်ကြိမ်ထဲနဲ့ အောင်မြင်သွားတယ်၊ ကံကောင်းသူတွေလို့ ထင်ကြတယ်။ ဘီလ်ဂိတ်၊ ဝါရင်ဘတ်ဖက်၊ မတ်ခ်ဇူကားဘတ်၊ ဂျက်မားစတဲ့ ဘီလျံနာသူဋ္ဌေးကြီးတွေဟာ သူတို့ဘဝတစ်သက်တာမှာ တစ်ခါမှ အရှုံးနဲ့ ရင်မဆိုင်ခဲ့ရဘူးလို့ သင် ထင်နေရင် အကြီးအကျယ် မှားသွားပါလိမ့်မယ်။ ကြိုးစားပါ။ ကျရှုံးပါ။ မကြာခဏ ကျရှုံးပါ။ ဒါပေမဲ့ ကျရှုံးပြီးတိုင်း ပြန်ထပါ။ အဲဒီလို အရှုံးတွေနဲ့ ကြုံတိုင်း သင်ခန်းစာ ယူပြီး ဆက်ကြိုးစားသူဟာ ပိုပြီးတော်လာတတ်ကြတယ်။ အတွေ့အကြုံ ရင့်ကျက်လာတယ်။ သူတို့သာ အောင်မြင်သူ ဖြစ်လာကြမှာပါ။ တစ်ခါ နှစ်ခါလောက် ရှုံးနိမ့်သွားလို့ စိတ်ပျက်လက်လျှော့သွားသူဟာ ဘယ်တော့မှ အောင်မြင်ကြီးပွားသူတစ်ယောက် ဖြစ်လာမှာ မဟုတ်ပါ။ အချုပ်အားဖြင့် ပြောရရင် အောင်မြင်ကြီးပွားချင်ရင် စွန့်စားရဲရမယ်။ စွန့်စားလို့ အရှုံးနဲ့ ကြုံလာရင် သင်ခန်းစာယူပြီး မိမိလိုချင်တဲ့ ပန်းတိုင်ရောက်တဲ့အထိ ဆက်ကြိုးစားရပါမယ်။ တစ်သက်မှာ တစ်ခါသာ ရတဲ့ လူ့ဘဝမှာ ရှုံးနိမ့်မှာကို ကြောက်လို့ မစွန့်စားရဲရင် ချို့ချို့ငဲ့ငဲ့ဘဝနဲ့ပဲ လူ့ဘဝကို ကုန်ဆုံးသွားမှာကို သတိပြုစေချင်ပါတယ်။အသက်ကြီးလာတဲ့အခါကျမှ သားသမီးတွေက အဖေဟာ ငယ်ငယ်တုန်းက မစွန့်စားရဲခဲ့လို့ ငါတို့ အခုလို ဆင်းဆင်းရဲရဲ နေနေရတာပေါ့ကွာ” လို့ အပြောမခံရပါစေနဲ့။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now