Qq

#ရွာလိုက်တဲ့မိုးဆိုတာ …

တစ်ညလုံးသည်း တစ်နေ့လုံးသည်း။
ခြံထဲမှာရော လမ်းပေါ်ရော ရေတွေ ဖွေးဖွေးလှုပ်လို့။ အုံးအုံးအွမ်အွမ် ပွီပွီပွမ်ပွမ်တွေကလည်း ဆူရောညံရော။

မိုးတွင်းရောက်ရင် ကျောင်းနဲ့အိမ် အသွားအပြန်လုပ်ရတာလည်း တကယ့်မလွယ်ကြော။

ကျောင်းရောက်တုန်း
ရေကြီးတော့ အိမ်မပြန်နိုင်…

အိမ်ပြန်ရောက်နေတုန်း မိုးကောင်းနေတော့ ကျောင်းမပြန်နိုင်။

ဒါတောင် အခုကျတဲ့ကျောင်းက
ရိုးတွေ သဲချောင်းတွေ မကျော်ရလို့ကံကောင်း။

ဆရာမဖြစ်စက တာဝန်ကျခဲ့တဲ့ကျောင်းကတော့ ရိုးကျော် ချောင်းကျော် သစ်တောကြိုးဝိုင်းတွေဖြတ်ရင်း
ကားလမ်းကနေ ရွာအရောက် လှည်းကို ၈နာရီ ၉နာရီစီးရတဲ့ ဇနပုဒ်ကလေးကကျောင်းလေ။

အဲတုန်းက မိုးတွင်းအတွေ့အကြုံလေး သတိရမိသေး။

ကားလမ်းကို လှည်းနဲ့အကြိုလာတာက ကျောင်းသားမိဘ။

သူ ဈေးဝယ်ထားတဲ့အထုပ်တွေရော ကိုယ့်ပစ္စည်းတွေရော စုပြုံတင်လိုက်တော့ လှည်းကလေးက ကျပ်ကျပ်ညပ်ညပ်။

လှည်းသမားကလည်း လှည်းစထွက်ကတည်းက ပြောလိုက်တဲ့ ကြောက်စရာလန့်စရာအကြောင်း။ကိုယ့်မယ် သမ္ဗုဒ္ဓေကို ကျော်ကျော်နင်းနင်းရွတ်ရင်း မျက်လုံးအပြူးသားနဲ့ တောင်ကြည့်မြောက်ကြည့်။

``ကျုပ်တို့ဆီ တာဝန်ကျတာ လမ်းကြမ်းတော့ စိတ်ညစ်နေပြီထင်တယ်… ဒီကုန်းဆင်းမှာ လှည်းမှောက်တာလေ ဆရာမလေးရဲ့…လှည်းသမားခမျာ သွားတွေအကုန်ကျွတ်ထွက်ပြီး ရုပ်ပျက်ဆင်းပျက်ကို သေရတာ´´

``ရှင်…´´

``ဟိုဘက်ရွာက ဓားခုတ်မှုဖြစ်တယ်ဆိုတာ ဟိုအပင်အောက်မှာပေါ့…ကျုပ်တော့ အဲဒီအပင်အောက်က တစ်ယောက်တည်းဖြတ်ရင် ကြက်သီးတွေကိုထရော ဆရာမလေးရေ´´

``ဟင်…ဟုတ်လား´´

မိုးက တဖွဲဖွဲကျနေ…ရွှံ့ဗွက်တွေက လမ်းအပြည့်…လှည်းကလေးတကျွီကျွီမှာ စကားတပြောပြောလာနေရင်း တဖြည်းဖြည်း မှောင်ရီပျိုးလာပါတယ်။လှည်းသမားကလည်း စကားကို non stopပြောရင်း မိုးကလည်း တစစ သည်းလာတဲ့အချိန်…

``ဆရာမလေးရေ…ဟိုရှေ့က ရိုးမှာ ရေကျော်နေရင် ခဏစောင့်နေရမယ်နော်…ရေကျသွားမှ လှည်းမောင်းလို့ရမယ်´´

``သြော်…ဟုတ်ကဲ့…အဲဒီရိုးထဲ ရေလျှံနေရင် ရေစီးအရမ်းကြမ်းသလားရှင့်´´

``ဟား…ရေစီးကြမ်းချက်ကတော့ ဆရာမလေးရာ…တမြန်မနှစ်ကလေ…ရွာက ကွမ်းတောင်ကိုင်ကလေးမနဲ့ သူ့အမေပေါ့…သားအမိနှစ်ယောက်သား လှည်းပေါ်ပစ္စည်းအပြည့်နဲ့ ကျုပ်တို့ရှေ့တင် ဇွတ်ဖြတ်တာ…တားမရဘူးကိုး ဆရာမလေးရဲ့…လှည်းရော နွားပါမကျန် သားအမိနှစ်ယောက်သား ဒလိမ့်ကောက်ကွေးကို ပါသွားတာ…ရေကျမှ အောက်ဆိပ်ဘက်က ချုံ ကြို ချုံ ကြားမှာ ချိတ်နေတဲ့ အလောင်းတွေပြန်ကောက်ရတယ်´´

``အမလေး…ကြောက်စရာကြီးပါလား´´

သူပြောသမျှ နားထောင်လိုက် ပြန်ပြောလိုက်နဲ့
ငေးနေတုန်း လှည်းဘီးက ရွှံ့ရေဗွက်ထဲအဖြတ်…

ဗွမ်းခနဲ ဆို ရွှံ့စက်တွေက
တစ်ကိုယ်လုံးကို လာစင်ပါတယ်။

နံစော်နေတဲ့ ရွှံ့စက်ညိုမည်းမည်းတွေက ငေးမိငေးရာ ငေးနေတဲ့ မျက်လုံးတွေထဲပါ ဝင်ကုန်တော့ ဘေးချထားတဲ့ စလင်းဘက်အိတ်ကလေးဖွင့်…မှန်ပါတဲ့ မိတ်ကပ်ဘူးကလေးထုတ်ပြီး
ပြူးပြဲကြည့်ရတာပေါ့။

လှည်းရံတိုင်ကိုမကိုင်နိုင်ဘဲ
မိတ်ကပ်ဘူးလေးဖွင့်ပြီး မှန်ကြည့်နေတုန်းပါဆိုမှ

လှည်းသမားကလည်း လှည်းကိုဒုန်းကြမ်းမောင်းလိုက်တာဆိုတာ ကျွန်မဖြင့် လှည်းပေါ်ကနေ ပြုတ်ကျကျန်ခဲ့တော့မလား ထင်ရတယ်။

တစ်လမ်းလုံး စကားတပြောပြောနဲ့ ဖြည်းဖြည်းမောင်းလာခဲ့ပြီးမှလေ ခုတော့ဖြင့် ပြိုင်ပွဲဝင်သလားမှတ်ရဲ့။မိတ်ကပ်ဘူးလေး ကပျာကယာသိမ်းပြီး လှည်းရံတိုင်ကို အမြန်ဖမ်းဆွဲလိုက်ရတယ်။

ရိုးနားရောက်လို့ လှည်းရပ်တော့မှ
လှည်းသမားက

သက်ပြင်းကြီး ဟင်းခနဲချပြီး ပြောရှာတယ်။

``ကျုပ် ဒုန်းစိုင်းမောင်းတာ လန့်သွားလား ဆရာမလေး…ဟိုနောက်နားက သစ်ပင်အောက်မှာ ကွမ်းတောင်ကိုင်မ ခြောက်တာလေ…ဆရာမလေး သတိထားမိလား´´

``ရှင်…သရဲခြောက်တယ်…ကျွန်မ မသိလိုက်ပါလား´´

``ဟာ…"
ဆရာမလေးရယ် …
အ ရန်ကော …
သစ်ပင်အောက်က ဗွက်ကိုဖြတ်တုန်းက မိတ်ကပ်နံ့ပေးတာလေ …

မိတ်ကပ်နံ့မှ မိတ်ကပ်နံ့…

"ကျုပ်ဖြင့် ခေါင်းနားပန်းကို ကြီးရောဗျို့´´တဲ့။
😅😅😅😅
image
@bokoo

H2
H3
H4
3 columns
2 columns
1 column
Join the conversation now