ကဆုန်လပြည့် ဗုဒ္ဓနေ့ (မနက်ဖြန်ဆို(29.4.18) ကဆုန်လပြည့်နေ့ ရောက်ပြီနော်) .................

.......... image
ဖွား ပွင့် ဟော စံ၊ ဗျာဒိတ်ခံ ၊ မှတ်ရန် လကဆုန်။
(တနည်း)
ဗျာဒိတ်တော်ခံ၊ ဖွား ပွင့် စံ၊ ဟောညွန်ဗုဒ္ဓဝံသ ၊ဖြစ်တော်စဉ်ငါး၊ ကြုံကြိုက်ငြား၊ ထူးခြား လကဆုန်။ image

၁.ဗျာဒိတ်တော် ခံယူသည့်နေ့။
လေးသင်္ချေကိန်း၊ တစ်သိန်းကပ်ကြုံ
သုမေဓာလောင်း၊ ညွန်ပြောင်းဗွက်နွံ
ဒီပင်ထံပါး၊ ဝမ်းလျေားမှောက်ခုံ
ဆုပန်နေ့ လပြည့် နွေကဆုန်။

၂.ဖွားမြင်တော်မူသည့်နေ့။
မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ
လုမ္ဗိနီတော၊ သာမောရဂုံ
လောင်းတော်သိဒ္ဓတ်၊ ထွက်လတ်ကြာငုံ
ဖွားမြင်နေ့ လပြည့်နွေကဆုန်။

၃.ဘုရားပွင့်တော်မူသောနေ့။
တစ်ရာသုံးနှစ်၊ သက္ကရာဇ်ကြုံ
ဗောဓိပင်မင်း၊ မှီတင်းခိုလှုံ
မာန်စွယ်ငါးစင်၊ အောင်ခြင်းဖုံဖုံ
ဗုဒ္ဓနေ့ လပြည့်နွေကဆုန်။

၎.ပြန်လည်ဆုံတွေ့ ကဆုန်နေ့။
ပြည်ကပ္ပိနန်း၊ ကြွမြန်းခိုလှုံ
ခမည်းတော်မင်း၊ ဆွေရင်းမျိုးစုံ
ဗုဒ္ဓဝင်ဇာတ်၊ ဟောလတ်ဖုံဖုံ
ပြန်လည်တွေ့ လပြည့်နွေကဆုန်။

၅.ပရိနိဗ္ဗာန်စံတော်မူသည့်နေ့။
ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ကြုံ
မလ္လာမင်းတို့၊ အင်ကြင်းရဂုံ
ဇာတ်တော်သိမ်းလို့၊ အေးငြိမ်းခိုလှုံ
နိဗ္ဗူနေ့ လပြည့်နွေကဆုန်။

ကဆုန်လပြည့်နေ့ ညောင်ရေသွန်းရခြင်းမှာ
၁.မြတ်ဗုဒ္ဓ၏ ပွင့်ရာ ဗောဓိဥာဏ်အားလည်းကောင်း၊ ဗောဓိပင်အားလည်းကောင်း ရည်မှန်းပြီးကုသိုလ်ပြုခြင်း။
၂.ရေပြတ်ချိန်မှာ မညိုးနွမ်စေဘဲ ရှင်သန်လန်းဆန်းစေလိုခြင်း စတဲ့ ရည်ရွယ်ချက်ကောင်းတွေနဲ့ ညောင်ရေသွန်းကြ ကုသိုလ်ပြူကြတာမို့..၊

အားလုံး...ဗောဓိဥာဏ်၏ အထောက်အပံ့ကုသိုလ်ပြုတတ်ကြပါစေ၊
ဘဝ ညိုးနွမ်းခြောက်သွေးမှု မဖြစ်စေဘဲ ရှင်သန်လန်းဆန်း လှပစေသော ကုသိုလ်များပြုတတ်ကြပါစေ..၊
ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းကြပါစေ.. ။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now