ကထိန်သင်္ကန်းအလှူပွဲကြီးအကြောင်းပြန်လည်တင်ဆက်ခြင်း

ကြာတော့ကြာခဲ့ပါပြီ။ကျွန်မမတို့အလှူလေးကိုတငပြန်တင်တာပါ။မန္တလေးမြို့ မစိုးရိမ်တိုက်ကြီးနှင့် မစိုးရိမ်တိုက်သစ်၌ သီတင်းသုံးတော်မူသော နာယက၊ စာချ၊ စာသင်သံဃာတော်အပါး (၃၀၀၀)ကျော်တို့အား အလှူရှင် ဘရူနိုင်းနိုင်ငံ ထေရဝါဒ တရုတ်ဘုန်းတော်ကီး စူမိထော့ (Ten Thousand Buddharram Vihara) ဦးဆောင်သော တပည့်ဒါယဒါယိကာမတို့မှ ဆွမ်း၊ သင်္ကန်း၊ ဆေးပစ္စည်းများနှင့် န၀ကမ္မဝတ္ထု ဆက်ကပ်လှူဒါန်းသည့် အလှူတော်မင်္ဂလာအခမ်းအနားကို ဒီဇင်ဘာ ၁၈ ရက် နံနက် ၇ နာရီခွဲက မစိုးရိမ်တိုက်သစ် ဓမ္မမဟိဒ္ဓိလေးထပ်ကျောင်းဆောင်ကြီး၌ ကျင်းပသည်။ခမ်းခမ်းနားနားကြီးကိုကျင်းပခဲ့တာဖြစ်ပါတယ်။
sv62dt10ug.jpg
Photo credit to original source
အလှူတော်မင်္ဂလာအခမ်းအနားပွဲကြီးစတင်တဲ့အခါမှာတော့...အလှူတော်မင်္ဂလာအခမ်းအနားသို့ နိုင်ငံတော်ဩဝါဒစရိယ မစိုးရိမ်ကျောင်းတိုက်ကြီး မဟာနာယကဆရာတော် ဘဒ္ဒန္တပဒုမာဘိဝံသ၊ မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော်များဖြစ်ကြသော ဘဒ္ဒန္တဝါသေဌာဘိဝံသ၊ ဘဒ္ဒန္တဣန္ဒကာလင်္ကာရာဘိဝံသ၊ ဘရူနိုင်းနိုင်ငံ ထေရဝါဒ တရုတ်ဘုန်းတော်ကြီး စူမိထော့၊ မစိုးရိမ်တိုက်ကြီးနှင့် မစိုးရိမ်တိုက်သစတို့မှ နာယက၊ စာချ၊ စာသင်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင် တရုတ်ဘုန်းတော်ကြီး၏ တပည့်ဒါယကာ၊ ဒါယိကာမ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြသည်။ရှးဦးစွာ အခမ်အနားကိုဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပေးကြပြီး မစိုးရိမ်တိုက်သစ် မဟာနာယက ဘဒ္ဒန္တဝါသေဌာဘိဝံသထံမှ ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်ည်ကြပြီးနောက် သံဃတ်ာအရှင်သူမြတ်တို့ ရွတ်ပွားသရဈ္ဇာယ်တော်မူအပ်သော ပရိတ်တရာတ်ာမြတ်ကို နာယူကြည်ညိုကြသည်။ကြည်ညိုစရာအရမ်းကောင်းသောဆရာတော်ကြီးများပေတည်း။
727isthokm.jpg
Photo credit to original source
တရားဘာဝနာများပွားများပြီးသောအခါမှာ..ဆက်လက်၍ တရုတ်ဘုန်းတော်ကြီး စူမိထော့ ဦးဆောင်သော တပည့်ဒါယကာ၊ ဒါယိကာမများက ငွေပဒေသာပင် ကျပ်သိန်းငါးဆယ် ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ကိုယ်စား တိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးတို့က လက်ခံရယူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တရုတ်ဘုန်းတော်ကြီးအားလည်းကောင်း၊ အလှူရှင်များက ဆရာတော်၊ သံဃာတော်များအားလည်းကောင်း၊ သင်္ကန်း၊ ဆေးပစ္စည်းများနှင့် န၀ကမ္မဝတ္ထုများ အသီးသီးဆက်ကပ်လှူဒါန်းကြသည်။ယင်းနောက် မစိုးရိမ်တိုက်သစ်မဟာနာယကဆရာတော် ဘဒ္ဒန္တဣန္ဒကာလင်္ကာရာဘိဝံသထံမှ ရေစက်ချ အနုမောဒနာတရား နာယူကြည်ညိုကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။ရင်ထဲမှာပြောမပြနိုင်လောက်အောင်ဝမ်းသာခဲ့ရသည်။
xlr76adais.jpg
မကြာမီမှာရေစက်ချအခမ်းအနားပြီးစိးကြောင်းကြော်ငြာလေတော့သည်။ရစက်ချအခမ်းအနားအပြီးတွင် မစိုးရိမ်တိုက်ကြီးနှင့် မစိုးရိမ်တိုက်သစ်တို့တွင် သီတင်းသုံးတော်မူကြသော နာယက၊ စာချ၊ စာသင်သံဃာတော်အပါး ၃၀၀၀ ကျာ်တို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်များနှင့် အလှူရှင်ထေရဝါဒ တရုတ်ဘုန်းတော်ကြီး၏ တပည့် ဒါယကာ၊ ဒါယိကာမများက ဆွမ်းလောင်းလှူပူဇော်ကြသည်။ ယနေ့ကျင်းပပြုလုပ်သော အလှူတော်မင်္ဂလာအခမ်းအနားတွင် ဆွမ်း၊ သင်္ကန်း၊ ဆေးပစ္စည်း များနှင့် န၀ကမ္မဝတ္ထုများ စုစုပေါင်းတန်ဖိုးငွေကျပ် သိန်းခုနှစ်ရာကျော် ရေစက်ချလှူဒါန်းခဲ့ကြသည်။လောင်းလှူရာတွင် သဒ္ဒါစိတ်အားထက်သန်စွာလောင်းလှူခဲံကြခြင်းဖြစ်သဖြင့်အရမ်းပီတိဖြစ်ခဲ့ရပေသည်။
seq82jw7ok.jpg
Photo credit to original source
စာတိုနေလို့နောက်ထပ်သတင်းတစ်ခုကိုထပ်တင်ပေးခြင်းဖြစ်သည်။မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည် မြို့နယ်၊ ဓမ္မိကာရာမတိုက် မိတ္ထီလာကျောင်း ဦးစီးပဓာန ဆရာတော် နိုင်ငံတော် သြဝါဒါစရိယ အဂ္ဂမ ဟာသဒ္ဓ မ္မဇောတိက ဘဒ္ဒန္တသုဇနပီယ၊ ရတနာပုံကျောင်း ဦးစီး ပဓာနဆရာတော် နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင် ဘဒ္ဒန္တ သီဟနာဒနှင့် မင်္ဂလာ အုဋ္ဌ်ကျောင်း ဦးစီးပဓာန ဆရာတော် ဘဒ္ဒန္တဣန္ဒော ဘာသတို့အား ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာလင်းနှင့် အဖွဲ့ဝင်များက သွားရောက်ဖူးမြော်၍ သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်း သည်။ဆက်လက်၍ တိုင်းမှူးနှင်ဖွဲ့ဝင်များသည် မဟာအောင်မြေမြို့နယ်ရှိ မစိုးရိမ်တိုက်သစ် မဟနာယက ဆရာတော်များ ဖြစ်ကြသည့် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဣန္ဒကာ လင်္ကာရာ ဘိဝံသ၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂ မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝါသေဠာဘိဝံသနှင့် ချမ်းအေး သာစံမြို့နယ်ရှိ အနောက် ခင်မကန်တိုက် မိုးတားကျောင်း ဦးစီးပဓာန နိုင်ငံတော်သြဝါဒါ စရိယ အဂ္ဂမဟာပဏ္ဍိတ မဟာ ဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒသူရိယာ ဘိဝံသတို့အား သွားရောက် ဖူးမြော်၍ သင်္ကန်း၊ လှူဖွယ် ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။ထပ်တူထပ်မျှ သာဓုအနုမောဒနာ ခေါ်ဆိုကြောင်းလဲပြောကြားလိုပါသည်းအားလုံးကျေးဇူးအထူးတင်ရှိပါသည်။ကြည်နူးဝမ်းသာချမ်းမြေ့ကြပါစေရှင်။
shp1i4kk1s.jpg
Photo credit to original source

Author - @babysister
Thanks for reading & visit to my blog & for your upvote and comment.

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center