အကျွမ်းကျင်ဆုံးအလုပ်နဲ့ အထူးချွန်ဆုံး တတ်မြောက်မှုအဆင့်မှာ ရှိနေပြီဆိုရင် အဲ့ဒီလူကို ပညာရှင်အဆင့်လို့ သတ်မှတ်လေ့ရှိကြပါတယ်...
လေးစားမှုနဲ့ ခရီးဦးကြိုပြုတတ်ကြတယ်။အမေရိကန်လို နိုင်ငံမှာဆိုရင် ပညာရှင်ဆိုတာနဲ့ မြှောက်စားဖို့ အဆင်သင့်ရှိနေတတ်ကြတယ်လို့ ဆိုပါတယ်။ ဒါဟာ သူတို့တိုင်းပြည်ရဲ့ ပညာရှင်အပေါ်တန်ဖိုးထားမှုနဲ့ ပညာအပေါ် လေးစားမှုပဲ ဖြစ်ပါတယ်...။
နယ်ပယ်တစ်ခုမှာ ပညာရှင်တစ်ယောက်ဆိုတာ သော့တစ်ခုလိုပဲ အရေးပါလှပါတယ်။စက်မှုနယ်ပယ်ဆိုပါစို့..စက်မှုပညာရှင်တွေမရှိရင် နောက်ထပ် နောက်ထပ် တော်တဲ့ တတ်တဲ့ စက်မှုပညာရှင်တွေကို မမွေးထုတ်ပေးနိုင်ရင် အဲ့ဒီစက်မှုနယ်ပယ်ဟာ တိုးတက်ထွန်းကားလာမှာ မဟုတ်ပါဘူး။ပိုကောင်းတဲ့ ပိုတော်တဲ့ ပညာရှင်မျိုးဆက်သစ်တွေကို ဆင့်ကဲ လက်ဆင့်ကမ်းကြရင်း ဒီနေ့ခေတ်ကြီးဟာ တစ်ဆင့်ချင်း တိုးတက်ပြောင်းလဲလာတာ ဖြစ်ပါတယ်။
ဒီနိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံ ဖြစ်ပါလျက်နဲ့ စိုက်ပျိုးရေးစနစ်က အခြားနိုင်ငံတွေလောက် မထွန်းကားတာဟာ အခြားနိုင်ငံတွေလောက် စိုက်ပျိုးရေး ပညာရှင်တွေကို စိုက်ပျိုးရေးကဏ္ဍတွေမျာ အသုံးမချလို့ပဲ ဖြစ်ပါတယ်။ဈေးကွက်မထွန်းကားတာဆိုရင် ဈေးကွက် ပညာရှင်တွေကို အသုံးမချလို့ပါပဲ..။
အခြားနိုင်ငံတွေက နယ်ပယ်ကဏ္ဍ အသီးသီးမှာ ကျယ်ပြန့်ထွန်းကားလာကြတာဟာ နယ်ပယ်အစုံမှာ ပညာရှင်အစုံကို နေရာပေးကြလို့ပါပဲ။ သူတိုက ပညာရှင်ရဲ့ တန်ဖိုးကို သိတယ်။ ပညာရှင်ရဲ့ ပညာကနေ ရလာမယ့် အကျိုးအမြတ်ကိုသိတယ်။ ဒီတော့ ပညာရှင်တွေကို အရူးအမူး ဆာလောင်လိုအပ်နေကြလေ့ရှိတယ်။
ဒါကြောင့်လည်း ပညာရှင်တစ်ယောက်ရပြီဆိုတာနဲ့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အပြိုင်အဆိုင် အလုအယက် ကြိုဆိုကြ ဖိတ်ခေါ်ကြနဲ့ ဖြစ်နေကြတာပါ။
ဒီနိုင်ငံမှာတော့ ပညာရှင်တွေကို နေရာပေးမှု အားနည်းသေးတယ်လို့ပဲ မြင်မိပါတယ်။
ပညာရှင်တစ်ယောက်ဖြစ်လာဖို့ ဖြတ်သန်းရတဲ့ အတွေ့အကြုံတွေ သင်ယူရမှုတွေ ကြိုးစားရမှုတွေက သာမန်လူထက် ပိုပြီး ဖြတ်သန်းရလေ့ရှိကြပါပါတယ်။ ပုံမှန်အားဖြင့်ပေါ့လေ။
အဲ့ဒီလိုအခြေအနေတွေထဲကမှ အများထဲက တစ်ယောက်ဆိုတာမျိုး တစ်ထောင်မှာ တစ်ယောက် တစ်သောင်းမှာ တစ်ယောက်တောင် ပေါ်ထွန်းဖို့ မလွယ်ကူတဲ့ ပညာရှင်တွေကလည်း ရှိနေတတ်ကြပါသေးတယ်။
သူတို့ကိုတော့ မွေးရာပါ ပါရမီထူးသူ အင်မတန် ကံကောင်းသူများလို့ သတ်မှတ်ထားတတ်ကြပါတယ်။
အခြားသော ပညာရှင်တွေ မနေမနား ကြိုးစားပမ်းစားနဲ့ သူတို့ထူးချွန်ရာနယ်ပယ်ကို ရှာဖွေနေကြရချိန်မှာ အဲ့ဒီမွေးရာပါ ပါရမီရှင်တွေကတော့ သက်တောင့်သက်သာနဲ့ သူတို့ပညာတွေကို အသုံးချနေလေ့ရှိတတ်ကြပါတယ်..။
ကြိုးစားမှုနဲ့ ဖြစ်လာတဲ့ ပညာရှင်တွေကကျောက်မီးသွေးဘဝကနေ စိန်ဖြစ်လာမျိုးနဲ့တူပြီး ပါရမီရှင်ပညာရှင်တွေကတော့ စိန်အဖြစ်နဲ့ မွေးဖွားလာသလိုပါပဲ။ တန်ဖိုးထားတတ်သူတွေအတွက် အင်မတန် အဖိုး မဖြတ်နိုင်လောက်တဲ့ ရတနာတွေပဲ ဆိုပါတော့...။
ရတနာဆိုတာမျိုးက အရိုင်းတုံးအဖြစ်နဲ့ဆို သိပ်ပြီး လူမသိနိုင်ကြသလို တန်ဖိုးကို မသိတဲ့ လူတွေလက်ထဲမှာ ဆိုရင်လည်း တန်ဖိုးမဲ့နေတတ်ပါတယ်။
တန်ဖိုးရှိတဲ့အရာဆိုတာ တန်ဖိုးသိတဲ့လူတွေ လက်ထဲမှာ ပိုပြီး တောက်ပတတ်တာမျိုးပါ...။
အကယ်၍များ မိတ်ဆွေတို့ရဲ့ သူငယ်ချင်းထဲမှာ မွေးရာပါ ပါရမီထူးနဲ့ ပညာရှင်တစ်ယောက်ကို တွေ့ခွင့်ရခဲ့မယ်ဆို တန်ဖိုးထားကြဖို့ တန်ကြေးကို သိကြဖို့ သတိပေးလိုက်ချင်ပါတယ်။
ပညာရှင်တစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရဖို့ မလွယ်ကူသလို ပညာရှင်တစ်ယောက်ကို ဆုံးရှုံးခံလိုက်ရတာဟာ အင်မတန် နစ်နာလွန်းလို့ပါ...။
သင့်ကို သတိပေးလိုက်ပါ့မယ်။
သင့်အနီးအနားမှာ ရှိနေတဲ့ သင့်ရဲ့ မိတ်ဆွေဖြစ်နေတဲ့ Aye Thet Moe ဆိုတဲ့ ကျွန်မဟာ မွေးရာပါ ပါရမီထူးနဲ့ ပညာရှင်တစ်ယောက်ပါပဲ..
သူ့ရဲ့ ပါရမီထူးဖြစ်တဲ့ သူအကျွမ်းကျင်ဆုံး အတတ်မြောက်ဆုံး အရာတွေကို တန်ဖိုးထားပြီး သူ့ပညာအတွက် ဝိုင်းဝန်းချီးမြှောက်ကြဖို့ အကြံပေးလိုက်ချင်ပါတယ်။ သင်တို့ကို မဆုံးရှုံး မနစ်နာစေချင်လို့ဆိုတဲ့ စေတနာအမှန်နဲ့ ပြောခြင်း ဖြစ်တယ်ဆိုတာလည်း နားလည်စေချင်မိပါတယ်...။
Aye Thet Moeရဲ့ မွေးရာပါ ပါရမီနဲ့ ပညာရှင်အဆင့် သတ်မှတ်ရမယ်ဆိုရင်တော့ သူဟာ အစားအသောက်ပညာရှင်ပဲ ဖြစ်ပါတယ်......။
ကဲ ဘာလုပ်နေတာလဲ...
ကျွေးကြ မွေးကြလေ....
ပညာရှင်ကို တန်ဖိုးမထားတတ်ကြဘူးလား...
ရှားပါးလွန်းတဲ့ မွေးရာပါ ပါရမီထူးနဲ့ ပညာရှင်တစ်ယောက်ကို အဆုံးရှုံး ခံချင်နေပြီလား....
တန်ဖိုးသိကြစမ်းပါ.....
ပြီးကျ နှမြောနေကြရမှာစိုးလို့ သတိပေးတာနော်....
မပြောမရှိနဲ့.....
အိုင်အမ် ဂျီးနီးယပ်စ်...
Msu 021.
Photo credit.