*** လေဟာနယ်အကျဉ်းသား ***
ငါ့ သာဓုခေါ်သံတွေ ယိုရွဲလာတဲ့အခါ ငါ့ကိုယ်ငါတောင် အကြည်ညိုပျက်ချင်လာတယ်...
ငါ့နှလုံးသားကို စည်းမဲ့ကမ်းမဲ့ ဆုတ်ဖြဲလို့ လောကရဲ့ မျက်နှာစာနောက်တော်ပါးမှာ ပျော်တော်ဆက်နေကြတဲ့ ငါ့ အမှန်တရားတွေကို လိုက်ဖမ်းဖို့ တိမ်မျှင်တွေ တစ်ဆုပ်ပြီး တစ်ဆုပ်နဲ့ ဖုံးအုပ်ဖို့ ကြိုးစားမိတယ်....
သက်ရင့်လှေနဲ့ ရွက်ဟင်းလင်းပြင်ထက်မ မှာ ရူးသွပ်နေတဲ့ ကဆုန်ပေါက်တေးနဲ့ မုန်တိုင်းတို့ ပျင်းရိညီးတွဲ့သံဟာ တလှည့်တစားနဲ့ ထိခတ်ပြီး ကလူကျီစယ်နေကြလေရဲ့.....
တသောသော တလွှင့်လွှင့်နဲ့ အပ်ကြောင်းတွေ သင့်ခဲ့တဲ့ လမ်းအိုတွေရဲ့ တီးတို ဆိုရွတ်သံတွေ တမှုန်မှုန် တမွှားမွှား ကြဲပတ်နေကြတဲ့ အထဲမှာပဲ ငါလျှောက် သလောက် လမ်းဖောက်ဖြစ်တယ်...ငါသွားနေသလာက် လမ်းပျောက်နေတယ်...
အနက်ရောင် လက်တစ်ဆုံးရဲ့ မာယာတစ်ကုံးကို ပျော်ပျော်ကြီး ပန်လို့ .....
တူးဆွလို့ မရတော့တဲ့ သံသရာနောက်ကြောင်းတွေကို ဖြည်းဖြည်းလေး ဆွဲဖွရင်း မျက်ရည်ကျနေရတာကို ကြိုက်မိရုံနဲ့ ငါ့ လေညင်းတွေ ပုတ်အဲ့အဲ့ နာရီသံထဲ သက်ဆင်းခဲ့ရ....
နားမခံသာတဲ့ အမှန်တွေကို ငါမုန်းရင်း
ငါ့ရေရွတ်မှုတွေ အပေါ်မှာ ငါ့အတ္တတွေနဲ့ အိပ်တန်းမတက်သေးတဲ့ အပ်ကြောင်းတွေရဲ့ လမ်းမထက်မှာ ငါဟာ အမှီအခို ကင်းကင်းနဲ့ လွတ်လမ်းတွေ ပျောက်လို့.....
အကြည်လင်ရဆုံး အမြင်တွေကြောင့် ငါ့ မျက်ကြာ်လွှာတွေမှာ ခံနိုင်ရည်မဲ့စွာ........ကန်း.........။ ။
I'm ATM.
MSU 021.
Photo credit.