#အစွန်းမဲ့ အလင်းရောင်
အထီိးကျန်ခြင်းကို ညည်းညူမနေတော့ဘူး..
ကျွန်မ မှီခိုနေတဲ့ ငွေ့ရည်တွေ လေးလံခြင်းနဲ့ လေးနက်ခြင်းအပေါ် ဖြတ်လျှောက်ရင်း
သတိတရ..
ကျိုးနွံတတ်ခြင်းမှာ ရင်ခုန်သံတွေ ကျောက်ချရပ်နား..
နွေတည့်တည့်မှာလည်း နှင်းခါးတို့ ရိုက်နိုင်တယ်..
လွင်ပြင်တွေကို ထိုးဖောက် ဖြတ်ကျော်လာတဲ့ အမိန့်တွေ တိုးတိုးညှင်းညှင်း ...
ကျွန်မရဲ့ မနက်ဖြန်တွေကတော့ ပေါက်ကွဲသွားတယ်..
ဘယ်တစ်နေ့ဆီကိုမှ မှီခိုမထားတဲ့ ပစ္စုပ္ပန်ဆီမှာ ကျွန်မ ရယ်မောမိတယ်..
တစ်ခါတလေတော့လည်း ကျွန်မ ငိုမိတာပဲ..
ကျွန်မဆီ လူစီဖာရဲ့နှုတ်ဆက်စကားတို့ကို လေညင်းတို့ သယ်ဆောင်မလာခင်အထိ...
မနက် မနက်တွေမှာ ကျွန်မရဲ့ အမည်နာမကို ဟစ်အော်မိတဲ့အခါ တစ်နေကုန် ရွှင်လန်းချမ်းမြေ့နေပါစေ..
ကျွန်မရဲ့ ရှင်သန်ခြင်းတွေဟာ အဲ့ဒီလောက်လေး ကြီးထွားခဲ့ရုံနဲ့ ပြည့်စုံ...
I'm ATM.