အကျဉ်းသား၏ ပြတင်းတစ်​ချပ်

*** အကျဉ်းသား၏ ပြတင်းတစ်ချပ် ***

အငြိမ်းချမ်းဆုံးနေရာတွင်
အငြိမ်သက်ဆုံးသော
နှလုံးသားကို
မြှုပ်နှံလိုသည် ။

မျက်ရည်တွေယိုစီးလာတိုင်း
ခံစားချက်တွေသည်သာ
တရားခံ

နှလုံးသားသည်သာ
ရုပ်ကြွင်းတစ်ခု

မမြင်အပ်သော
ဝေဒနာသချိုင်္င်းသည်
ဘယ်ဖက်ရင်ဘတ်တွင်
အသားတံဆိပ်ကပ်

အမြစ်စွဲနေပြီ
အယူအဆတို့
ထုံးတမ်းဓလေ့တို့ ။

( ကျွန်မ……)
ကိုယ်တိုင်လည်း
ပန်းပုဆရာ၏
စိတ်တိုင်းကျ
သစ်ရိုင်းတစ်တုံး ။

ခုန်နေသည့်
နှလုံးသား

မွေးဖွားနေ​သော
ခံစားချက်

အဆုံးမသတ်နိုင်သေးသည့်​ခါ
အရာရာသည်
( အဇ္ဈတ္တ )
ငြိမ်းချမ်းမှုတွေကြားတွင်
မြှုပ်နှံ ပစ်လိုက်ချင်မိသည်​ ။

I'm ATM.
image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center