Acient Myanmar Way for Money Come

image
image
image

" ​ငွေဓာတ်​ဖွင့်​ပုံ အစီအစဉ်​ "

လိုအပ်​​သော ပစ္စည်းများ ။

၁ - ​ကြွေပန်းကန်​ပြား အ​သေးတစ်​ချပ်​ ၊

၂ - ​ဇော်​စိမ်း ၃ညွန့်

၃ - ပျဉ်းမ ၅ ရွက်​ + ရွက်​လှ ၄ရွက်

၎ - ​ငွေစက္ကူ ၅၀၀ ကျပ်​တန်​ တစ်​ရွက်​ ။

၅ - ဖန်​ခွက်​တစ်​လုံး ။

ပြုလုပ်​ပုံ ။

၁ - ​ကြွေပန်းကန်​ပြားထဲသို့. ပျဉ်းမရွက်​ ၅ရွက်​နှင့်​ ရွက်​လှ၎ရွက်​အား ပက်​လက်​လှန်​၍ ထည့်​ပါ ။ အရွက်​ဖျားများသည်​ တစ်​လက်​တည်းဖြစ်​​နေရမည်​ ။

၂ - ထိုခင်းထား​သော အရွက်​​ပေါ်သို့ ​ငွေစက္ကူ ၅၀၀တန်​အား ဖြန့်​၍ တင်​ရမည်​ ။

၃ - ထို ​ငွေစက္ကူ​ပေါ်သို့ ဖန်​ခွက်​တစ်​လုံးအား ​ရေထည့်​၍တင်​ပါ ။

၎ - ထိုဖန်​ခွက်​ထဲသို့ ​ဇော်​စိမ်း၃ညွန့်​အား ထိုးရမည်​ ။

၅ - ထိုဓာတ်​ဆင်​​သောပွဲအား ​ကောင်​တာ ၊ အမြင့်​တစ်​​နေရာ ( ​ခေါင်းရင်းဘက်​သန့်​ပြန့်​​သော​နေရာ ) ၊ ဘုရား​ကျောင်း​ဆောင်​​ရှေ့တွင်​ ​ငွေ​ကြေးလာဘ်​လာဘ​တွေ အဆင်​​ပြေ​ပြေနဲ့ဝင်​လာပါ​စေဟု ဆု​တောင်း၍ တင်​ထားရမည်​ ။

၆ -ပြီးလျှင်​ ဒိဝါတပတိဂါထာ​တော်​မြတ်​အား ၁၀၈​ခေါက်​ရွတ်​ဖတ်​ပါ ။

၇ - ဤ ဓာတ်​ဆင်​ခြင်းအား
တနင်္ဂ​နွေ​နေ့ နံနက်​ ၆နာရီမှ ၇နာရီခွဲအတွင်း ပြုလုပ်​၍ ကြာသာပ​တေး​နေ့ နံနက်​ ၆နာရီမှ ၇နာရီခွဲတွင်​ ​နောက်​တစ်​ကြိမ်​ အသစ်​လဲလှယ်​၍ ပြုလုပ်​ရမည်​ ။
စတင်​ပြုလုပ်​သည့်​ရက်​မှ ကြာသာပ​တေး​နေ့မနက်​ ပြန်​မလဲမီ အချိန်​အတွင်း ဒီအတိုင်းသာထားရမည်​ ။

ပြုလုပ်​ပုံအား ​အောက်​ပါပုံများတွင်​ကြည့်​ပါ ။

image
image

ဤ ဓာတ်​ဆင်​ခြင်းအား အခက်​အခဲရှိသူ မည်​သူ့ကိုမဆို ပညာဒါနအဖြစ်​ အခမဲ့ ပြန်​လည်​လက်​ဆင့့်​ကမ်း ​ပေး၍ အသုံးပြုခွင့်​ရှိသည်​ ။

ထိုသို့မဟုတ်​ အခ​ကြေး​ငွေ အသပြာတို့ဖြင့်​​ပေးခြင်း ၊ လုပ်​စားခြင်း၊ ပြုပြင်​၍ဖျက်​စီးသုံးစွဲမှူ့များရှိခဲ့​သော်​ ပြုလုပ်​သူနှင့်​တကွ မိသားစုအားလုံး ငရဲမီးပူသကဲ့သို့ ပူ​လောင်​ပါ​စေ​သော်​ဝ်​။ မ​သေမီကာလ လူလုံးမလှဖြစ်​ပါ​စေ​သော်​ ။ ​သေသည့်​​နောက်​ပိုင်း ငရဲမှ ပြန်​မတက်​တမ်း ခံရပါ​စေ​သော်​ဝ်​ ။
လူ့ဘဝ လူအဖြစ်​ပြန်​ရသည့်​တိုင်​ သူများ​ပေးမှ ​ကမ်းမှစားရ​သော အပူကြီးသည့်​ ထမင်းလုတ်​ဖြစ်​ပါ​စေ​သော်​ဝ်​ ။ မျက်​ရည်​လည်​ရွှဲ ဘဝကို ဖြတ်​သန်းရကာ
သောကအပူမီး​တောက်​​လောင်​ပါ​စေ​သော်​ ။ ဤသည်​မှာ ကျွနုပ်​၏ ကျိန်​စာတည်း ။

ဤ ယတြာဓာတ်​ဆင်​ခြင်းသည်​ ကျွနုပ်​သုံးစွဲ​နေ​သော
ဓာတ်​ဆင်​ခြင်းဖြစ်​သည်​ ။

image
image

Credit# ရှေးဟောင်းပညာရပ်များ

MSO-34 (@aungpaing)

H2
H3
H4
3 columns
2 columns
1 column
Join the conversation now