တောင်တွေဝန်းရံထားသောရေတံခွန်(သို့)ဆင်ခေါင်းပုံသဏ္ဍန်လိပ်ကျရေတံခွန်(2)

image
လက်ပန်ပြန့်ရွာကလေးကနေ ၁၅မိနစ်လောက်မောင်းလာသောအခါ ရွှေပြည်သာဆိုသောရွာကလေးအရောက်ဝယ် ရေတံခွန်တွင်စားကြသောက်ကြရန်အတွက် beer,မုန့်ထုပ်,ကွမ်းနှင့်ဆေးလိပ်တို့အား ရှစ်ယောက်စာ ဝယ်ယူကြလေသည် ။ လိုအပ်သည်များအားလုံးဝယ်ယူပြီးနောက် ရဲရင့်မှ
"ရဲနီ လိပ်ကျဝင်အုံးမှာလား"
ဟုမေးလေရာ
"မဝင်တော့ဘူး ရေတံခွန်ပဲ တန်းသွားရအောင်"
လို့ပြောကာ ရှေ့ဆုံးမှမောင်းလိုက်လေသည်။ မိနစ်နှစ်ဆယ်လောက်မောင်းလာသောအခါ "ဓမ္မပီတိသို့" ဆိုသောဆိုင်းဘုတ်လေးအတိုင်း ချိုးကွေ့လာခဲ့ပါသည်။တဖြေးဖြေး မောင်းလာရာမှ ဆိုင်ကယ်အပ်ရန် နေရာသို့ ရောက်ရှိလာပါသည်။ ဆိုင်ကယ်များအားအပ်နံပြီး ရေတံခွန်သို့ဆင်းလာခဲ့ကြလေရာ ပထမချောင်းသို့ရောက်ပြီး တောင်ကုန်းပေါ်သို့ဆက်လက်တက်လာခဲ့ပါသည်။ တောင်ကုန်းပေါ်သို့အရောက်ဝယ် အရမ်းကိုလှပနေသော ရေတံခွန်ကြီးအား စတင်ပြီးတွေ့မြင်လိုက်ရပါသည်။
ရေတံခွန်ကြီးမှာ အပြာရောင်တောက်ပနေသော ရေပြင်ထက်ဝယ် ရေများ တရှိန်ထိုးကျဆင်းနေသည့်မှာ အရမ်းလှပပြီးရှုမငြီးနိုင်ဖွယ်ဖြစ်သည်။ ရေတံခွန်သည် ချိုင့်ခွက်ပုံသဏ္ဍန်အတွင်း၌တည်ရှိနေလေသည်။ သူငယ်ချင်းများက တစ်ယောက်ပြီးတစ်ယောက် အောင်သို့ကိုင်၍ဆင်းရန်ပြုလုပ်ထားသော ကြိုးလေးအားကိုင်ကာ ဆင်းသွားကြလေသည်။ ကျွန်တော့မှာသာ ရေတံခွန်၏အလှတရားအား ငေးမောကာကျန်ခဲ့လေတော့သည်။ ကျွန်တော်အောက်သို့ရောက်သည်နှင့် စားသောက်ကြရန် နေရာရှာပြီးနောက် အဖွဲ့လိုက်စားသောက်၍ အပန်းဖြေကြလေသည်။ ထို့နောက်myanmar beerပုလင်းအားဖေါက်ကာ သူငယ်ချင်းများ၏ တစ်ခါသုံးကော်ခွက်ကလေးများအတွင်းသို့ လိုက်လန်၍ငှဲ့ပေးလိုက်သည်။
တောက်ထွန်းမှ
"သောက်ပြီးရင် က ကြမလား bluetooth box ပါတယ်"
"ဟာ.......ပိုပြီးအဆင်ပြေတာပေါ့"
ဆိုပြီး အောင်စိုးထိုက်မှပြန်ဖြေလိုက်သည်။ ထို့နောက် ph ထဲမှ DJမြူးမြူးလေးများအား ရွေးချယ်ကာ ဖွင့်၍ က ကြသည်။ နာရီဝက်ခန့်အကြာတွင် ရဲရင့်မှ
"အောင်အောင် ရေထဲဆင်းကြရအောင် တော်တော်ပူလာပြီ"
"တောက်ထွန်း ဆင်းကြရအောင် ပူလာပြီ"
ဟု ကျွန်တော်မှ အဖော်ငြှိလိုက်လေသည်။ image ထို့နောက် ကျွန်နော်တို့သုံးယောက်ရေထဲသို့ဆင်း၍ ရေကူးကြလေတော့သည်။ ရေ၏အရောင်မှာ ကြည်လင်ပြီး အေးမြနေကာ လူတစ်ယောက် ရေထဲ ငုတ်နေလျှင်ပင် အပေါ်မှနေ၍ထိုသူအားလှမ်း၍မြင်နေရသည်။ ကျွန်တော် တို့သုံးယောက် ရေကူးနေချိန်တွင် အသက်၂၆နှစ်အရွယ် အကိုတစ်ယောက်မှ
"ငါညီ ရေတံခွန်အပေါ်မှာ ရေကန်ကြီးတစ်ကန်ရှိသေးတယ် သွားကြမလား"
ဟုပြောလေရာ ရဲရင်နှင့်တောက်ထွန်းတို့မှ မေးကလေးငေါ့ကာ သွားကြမလားဟု ကျွန်တော့အား မေးလေရာကျွန်တော်မှ
"သွားကြမယ်လေ အကို"ဟု ထိုသူ့အားပြန်ပြောလိုက်လေသည်။ထို့နောက် ကျွန်တော်တို့လေးယောက် ရေတံခွန် ပေါ်သို့ခက်ခက်ခဲခဲ စတင်ပြီးတက်လေသည်။
part (3)ဆက်ရန်>>>>>>>>
SMT67@aungkyawsoe
photo from facebook

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center