အသိကရတဲ့သတိ

img_0.6880052109839793.jpg
အသိကရတဲ့သတိ

အဆင်မပြေပါဘူးဆိုနေမှ ကပ်ဘေးနဲ့ရင်ဆိုင်နေရတယ်။ငတ်နေပါတယ်ဆိုနေမှ မရှိ ရှိတာအကုန်ထုတ်တဲ့ဗျာ။ဆာလောင်နေပါတယ်ဆိုနေမှ ပြောင်းဝနဲ့ အတေ့ခံနေကြရတယ်။ရင်ဆိုင်နေရတဲ့ဘဝ မရှိ မရှိ မရှိတဲ့ကြားက အတေ့ပါခံနေကြရတာ နေ့ဓူဝပါပဲ.....။
ဆိုးဇဝါးလွန်းလှတဲ့ကပ်ဘေးကြီးဟာ ပြီးဆုံးပျောက်ကွယ်သွားတော့မလိုနဲ့ တလှိုင်းပြီး တလှိုင်း ပရှိန်မြင့်တက်စွာနဲ့ ရိုက်ခက်လို့လာပါတယ်။ကမ္ဘာကြီးရဲ့ စာနပ်ရိတ်ခါအသင်း ဌာနကြီးကတော့ အဆိုပြုချက်အနေဖြင့် ရှေ့ပြေးနိမိတ်ကြီးကို ပေးလာခဲ့တယ်။မင်းတို့နိုင်ငံဟာ ယခုဖြစ်ပေါ်နေသည့် အကြောင်းအမျိုးမျိုးတို့ကြောင့် ယခုအချိန်မှအစပြု၍ နောက်လာမည့်ခြောက်လအတွင်း နိုင်ငံအတွင်းရှိ လူဦးရေ နှစ်ဆယ်ရာခိုင်နှုန်းသို့မဟုတ် နိုင်ငံတစ်ဝက်ရဲ့ လူဦးရေသည် စားနပ်ရိတ်ခါ ငတ်မွန်းခေါင်းပါးပြီး အငတ်ဘေးနဲ့ ရင်ဆိုင်ကြုံတွေ့လာနိုင်ချေရှိသည်ဟု အသိအလင်း ကြေငြာချက်ထုတ်ပြန်လာပါတယ်။ဒီသတင်းကို ကြားသိသိခြင်းမှာပဲ အသိကသတိအနေဖြင့် ကျွန်နော်ရဲ့စိတ်မနောမှာ ဖြစ်ပေါ်လာခဲ့ပါတယ်။

img_0.2649313389098888.jpg

ပေကပ်ကပ်လုပ်တက်တဲ့နေရာမှာ နှစ်ယောက်မရှိတဲ့ကျွန်နော် ကမ္ဘာကပ်ရောဂါကြီးဖြစ်လို့ အများသူငါ အပြေးအလွှားနဲ့ စားနပ်ရိတ်ခါစုဆောင်း ဝယ်ခြမ်းနေကြတုန်းကလည်း ဆန်ဝယ်တော့ တစ်ပြည် နှစ်ပြည် ဆီဝယ်တော့လည်း နှစ်ထောင်ကျပ်တန် ဆီတစ်ဗူး ဆားတစ်ပိဿာလောက်သာ ဝတ်ကျေတန်းကျေ ဝယ်ခြမ်းရင်း ဖြတ်သန်းလာခဲ့တယ်။ဒို့အရေးတွေဖြစ်လို့ အရေးအခင်းကာလကိုရောက်ပြန်တော့လည်း ထိုနည်း၎င်း ဖြစ်လာမှ ကြုံသလို နေထိုင်စားသောက်လိုက်မယ်ဆိုပြီး တစ်ရက်စာ တစ်ရက် ဝယ်ခြမ်းချက်ပြုပ်စာသောက်ရင်း ပေကပ်ကပ်နဲ့ နေထိုင်လာခဲ့တယ်။

img_0.09973466930766826.jpg

ကမ္ဘာစားနပ်ရိတ်ခါ အသင်းကြီးက အသိ​ပေးကြေငြာချက် ထုတ်ပြန်လိုက်ချိန်မှာတော့ ရှေ့က ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့်အခက်အခဲ ယခုကြုံကြိုက်နေရသည့် ဒုက္ခ ဒီအချက်နှစ်ချက်ကို ပေါင်းစုပြီး အတွေးနယ်ပယ်ခဲ့ထွင်ကြည့်လိုက်တော့ နောက်ထက်လာမည့်ခြောက်လအတွင်၌ ရင်ဆိုင်ကြုံတွေ့ရမည့် ငတ်မွန်းဆာလောင်ရမည့် အငတ်ဘေးဒုက္ခသည် မိမိကိုယ်တိုင် ကြုံတွေ့ရင်ဆိုင်ရမည်ဆိုသည်ကို သေချာတွက်ချက်ကြည့်လိုက်တဲ့အချိန်မှာပဲ ဟယ်လို ယခုချက်ချင်း ပေါ်ဆန်းမွှေး နှစ်အိပ် အိမ်ကိုလာပို့ပေးပါဟု ဆန်ဆိုင်ကို ဖုန်းဆက်အကြောင်းကြားရင်း မဝယ်စဖူး ဝယ်ပစ်လိုက်ပါတော့သတည်း....................။
author: @thurawinkyaw
photo images: unsplash.com

H2
H3
H4
3 columns
2 columns
1 column
Join the conversation now