မျက်ရည်ကျတာ အရှုံးပေးတာမဟုတ်ပါ

img_0.38620715651869564.jpg
https://pixabay.com/photos/girl-complained-tears-sadness-1192479/
မျက်ရည်ကျချင်နေတဲ့ကြားက ဟိုဟာကြောင့် ဒီအတွက်​ကြောင့်ဆိုပြီး အံကြိတ်နေတာဟာ ခံနိုင်ရည်ရှိလို့တော့မဟုတ်ဘူး။အဲ့ဒါက ဟန်ဆောင်နေတာပါ။တစ်ဆို့နေတဲ့ ရင်ထဲက အစိုင်အခဲကြီးကို အရည်ဖျော်ပြီး မျက်ရည်အနေနဲ့ သွန်ထုတ်လိုက်နိုင်တာကလည်း သတ္တိရှိမှုတစ်ခုပဲ။ဘာမှန်းမသိဘဲ မျက်ရည်ကျချင်နေတာရော ဘာမှန်းသိလို့ မျက်ရည်ကျချင်နေတာရော။ဘာကြောင့်ပဲ မျက်ရည်ကျ​ချင်နေပါမျက်ရည်ကျလိုက်ဖို့ကို ကိုယ့်ကိုယ်ကို ခွင့်ပြုပေးသင့်တယ်။
မျက်ရည်ကျလို့ရော အကုန်အဆင်ပြေသွားမှာလား ဆိုပြီး မေးခွန်းထုတ်ခဲ့ရင်မျက်ရည်ကျတာဟာ ပြဿနာတွေကို မဖြေရှင်းပေးနိုင်ပါဘူး။ဒါပေမယ့် အနည်းဆုံးတော့ ခံစားရ သက်သာပြီး ရင်ထဲပေါ့ပါးသွားစေမှာတော့ အမှန်ပဲ။
လူဆိုတာ ကြေကွဲလာရင်တော့ မျက်ရည်ဆိုတာ ကျတက်တာပဲ။စိတ်မှာခံစားမှုတွေဟာ မခံမရပ်နိုင်အောင်ဖြစ်လာရင် မျက်ရည်ဆိုတာကျတက်ကြတာပဲ။မျက်ရည်ကျတယ်ဆိုတာက အရှုံးပေးလိုက်တာမဟုတ်ဘူး။ခွန်အားသစ်တွေရလာဖို့အတွက် အားဖြည့်ပေးလိုက်တဲ့သဘောပါနော်။
@sandarkyaw

H2
H3
H4
3 columns
2 columns
1 column
Join the conversation now