လူ့ဘဝ လမ်းဆုံသို့ ရောက်ရှိနေသည့် ကာလ

iranian_architecture_5243948_640.jpg
https://pixabay.com/photos/iranian-architecture-isfahan-city-5243948/

အားလုံးလျှောက်လှမ်းနေတဲ့ သံသရာ ခရီးသည် ရှည်လွန်းလှပါသည် ကောင်းကင်ဘုံမရောက်မချင်း ဘဝအဆက်ဆက်မှာ ဘဝမျိုးစုံ အကြိမ်ကြိမ် ကျင်လည်နေခဲ့ရတယ်လေ
နိမ့်တစ်ခါ မြင့်တလှည့် သာတစ်ခါ နာတလှည့်နဲ့ ခရီးဆက်နေခဲ့ရပါတယ်
အမြင့်မြတ်ဆုံးလို့ မဆိုနိုင်သော်လည်း သွားလိုရာခရီးကို စိတ်ကြိုက်ရွေးချယ် သွားလာခွင့်ရှိလေသော သွားလာနိုင်သော လူ့ဘဝ လမ်းဆုံသို့ ရောက်ရှိနေသည့် ကာလသည်ကားအလွန်အမင်းအရေးကြီး လွန်းနေသည့် အချိန်ကာလတစ်ခုဖြစ်နေပါသည်
ဒီအချိန်သည် မြင့်ရာသို့လည်း တက်နိုင်လေသည် နိမ့်ရာသို့လည်း သွားနိုင်လေသည်
ဖြောင့်တန်းသည့် လမ်းကိုလည်း လျှောက်နိုင်သည် ကွေ့ကောက်သည့်လမ်းကိုလည်း ရွေးချယ်နိုင်ပါတယ်
ကိုယ်တိုင် အရွေး မမှားဖို့တော့ အရေးကြီးလာတယ်မဟုတ်ပါလား
ကံတရားဆိုတာလည်း အတိတ်က ပါလာသည့် ကောင်းတဲ့ကံ ဆိုးတဲ့ကံ ကိုပြုပြင်လို့မှ မရနိုင်တာဘဲလေ အတိတ်ကံကို ပြုပြင်လို့မရပေမယ့် နောင်လာမယ် အသစ်ကံကိုတော့ ထိန်းသိမ်း လို့ ကောင်းမွန်အောင် ပြုလုပ်နိုင်ပါသေးတယ် ကောင်းတဲ့ စိတ်လေးထား ကောင်းတာလေးလုပ် ကိုယ်လုပ်သမျှက နောင် သံသရာမှာ ပြန်လည် စံစား ခံစားရမယ်လို့တော့ ယုံကြည်မှု တစ်ခု ရှိထားရမယ်မဟုတ်လား
ဒီအချိန်မှာ ကောင်းမွန်တဲ့ ဘဝမျိုးစေ့လေးတွေ စိုက်ပျိုးထားနိုင်ရင် နောင်သံသရာမှာ ကောင်းမွန်တာလေးတွေ ခံ့စားရနိုင်တယ် မကောင်းတဲ့ မျိုးစေ့ စိုက်ပျိုးမိထားရင်တော့ မကောင်းတာတွေ ခံစားရတော့မှာပါဘဲ
ကိုယ်စိုက်ပျိုးတဲ့အတိုင်း ကိုယ်တိုင်ပြန်လည် ရိတ်သိမ်းရနိုင်တယ်ဆိုတာကိုတော့ အမြဲသတိထား နေထိုင် လုပ်ကိုင် ရှင်သန် သွားကြရပါလိမ့်မယ်
အခုခံစားနေတာတွေက အတိတ်ကလုပ်ခဲ့တဲ့ကံအတိုင်းဘဲ ဘာမှ ပြုပြင်ပြောင်းလဲလို့မရနိုင်ဘူး နောင်လာမယ် အတိတ်ကံကိုတော့ လက်ရှိအချိန်မှာပြုပြင်နိုင်တယ်
ဒီအတွက် ကိုယ့်မှာ သံသရာအခွင့်အရေးအပြည့်အဝရှိတယ်လေ
ကောင်းတာလုပ်ရင် ကောင်းတာမဖြစ်မယ် မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ် အခုလုပ်ပြီး အခု ခံစားရနိုင်တယ်ဆိုတာတော့ သိပ်မလွယ်ကူပါဘူး
ယုံကြည်မှုက တော့ အရင်းခံပေါ့
သံသရာမရှိဘူးလို့ ယုံကြည်သူအတွက်တော့ ဒီသဘောက အသုံးမတည့်နိုင်ပါဘူး မရှိဘူးဆိုသည်ဘဲထားပါ တကယ်လို့များရှိနေခဲ့ရင် ကိုယ်က မကောင်းတာတွေ စိုက်ပျိုးထားမိရင် ကိုယ်ကျိုးမနည်းပေဘူးလား တွေးဆ ဆင်ခြင်စရာပါဘဲ
@arrowqueen

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center