ကာကွယ်ဆေးထိုးသင့်သလားထိုးချင်သလား

covid_4948866_640.jpg
link

ကာကွယ်ဆေး ထိုးတာတွေ သတင်းမှာဖတ်ရတော့ ကာကွယ်ဆေးက တကယ်အသုံးဝင်ရဲ့လားဆိုတာ သံသယဖြစ်လာတယ် လုံးဝကာကွယ်နိုင်ပါတယ်လို့တော့ အတိအကျ အာမခံထားတာမတွေ့ရပါဘူး ကာကွယ်ဆေးကလည်း လူတိုင်းအားလုံး မထိုးနိုင်သေးပါဘူးအမေရီကန်လို နိုင်ငံတောင် လူတိုင်း ကာကွယ်ဆေး မထိုးနိုင်သေးပါဘူး
တစ်ချို့ကလည်း ကာကွယ်ဆေးကို ထိုးရန် ငြင်းဆန်နေတဲ့ အခြေအနေဖြစ်ပါတယ် အထူးသဖြင့်တော့ အသက် ဆယ့်ရှစ်နှစ်ကနေ နှစ်ဆယ့် ငါးနှစ်အတွင်း လူငယ်တွေပေါ့ သူတို့က ရောဂါကို မကြောက်ကြပါဘူး သူတို့သည် ရောဂါကို အံတုနိုင်တယ် သူတို့ ရောဂါမဖြစ်နိုင်ဘူးလို့ ယူဆတဲ့ အယူအဆ သူတို့မှာရှိနေတာပါ
ကာကွယ်ဆေးမှာလည်း ဘေးထွက်ဆိုးကျိုးတွေ ရှိနေနိုင်တဲ့အတွက် လူငယ်တွေက ငြင်းဆန်တာလည်းဖြစ်နိင်ပါတယ်
အနောက်အိန်ဒိယမှာတော့ ကာကွယ်ဆေးကို နိုင်ငံရဲ့ ငါးရာခိုင်နုန်းသာ ထိုးလို့ပီးပါသေးတယ် သူတို့ဆီမှာလည်း ရောဂါကူးစက်မှုက အတော်ကို များပါတယ် သေဆုံးနှုန်းကလည်း များပါတယ်
ကျေးလက်ဒေသတွေ တောရွာတွေမှာဆိုရင် ကာကွယ်ဆေးကို မထိုးချင်ကြဘူး ရှောင်ပုန်းနေကြတယ်လို့ဆိုပါတယ် ကျန်းမာရေးဝန်ထမ်းတွေလာရင် ထွက်ပြေးတာ တောထဲမှာ တစ်နေကုန် သွားပုန်းနေတာ ညနေပိုင်းကျန်းမာရေး ဝန်ထမ်းတွေပြန်သွားမှ အိမ်ကိုပြန်လာတာတွေ လုပ်နေကြပါတယ်
တစ်ချို့နေရာတွေမှာတော့ ကျန်းမာရေး ဝန်ထမ်းတွေလာရင်ကို မောင်းထုတ်တာ ဂဲတွေနဲ့ထုတာတွေအထိ လုပ်တယ်လို့လည်းဆိုပါတယ်
တောရွာတွေမှာ ဒီရောဂါပိုးက မဖြစ်နိုင်ဘူး မြို့တွေမှာသာ ကူးစက်တက်တာဆိုတဲ့ အတွေးမျိုးလည်းရှိနေကြပါတယ် ကျန်းမာရေး အသိပညာပေးဖို့အများကြီးလိုအပ်နေသေးတောကိုတွေ့ရပါတယ်
သူတို့နိုင်ငံက ချမ်းသာတဲ့နိုင်ငံတွေပါ ကာကွယ်ဆေးကိုလည်း အလွယ်တကူရနိုင်ကြပါတယ် ဒါပေမယ့် သူတို့ ကာကွယ်ဆေးကို မထိုးချင်ကြပါဘူး
ဆင်းရဲတဲ့နိုင်ငံတွေကတော့ ကာကွယ်ဆေးအလုံအလောက်ရရှိရန် ခက်ခဲလှပါတယ် တကယ်လို့ ကာကွယ်ဆေးရလာခဲ့ရင်တော့ ကိုယ့်ကျန်းမာရေးအတွက် ထိုးသင့်တယ်လို့ထင်ပါတယ် ဒီအတိုင်း ဘာမှ ကာကွယ်မှုမရှိဘဲ နေထိုင်နေရတာက ဆေးထိုးထားတာထက် အများကြီး အကာအကွယ်မဲ့ပါတယ် သေမယ့်အချိန် ရောဂါဖြစ်မယ့်အချိန်ကို ထိုင်စောင့်နေရသလိုပါဘဲ
သင်ကောကာကွယ်ဆေးထိုးပြီးပီလား ကာကွယ်ဆေးကို ဘယ်လို ရှုမြင်ပါသလဲ

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center