I cannot buy cryptocurrencies in Myanmar anymore

ရင်ဖွင့်စာ

ပရိတ်သတ်ကြီး​ရေ ခင်ဗျားတို့ steem power ဘယ်လို ဝယ်​နေကြလဲ။ ကျွန်​တော်​တော့ ဝယ်လို့မရ​တော့ဘူး။ steem power က cryptocurrencies ​တွေ ရှိမှ ဝယ်လို့ရတာ။ ဥပမာ bitcoin, litecoin, dogecoin ethereum စတာ​တွေရှိမှ steemitwallet.com က ​နေ blocktrades.us ဆိုက်ကို သွားပြီး steem power ဝယ်ရတာ။ ကျွန်​တော် ဝယ်တဲ့ လမ်း​ကြောင်းက​တော့ ပထမဆုံး wave money နဲ့ facebook က exchanger ​တွေဆီမှာ perfect money usd အရင်ဝယ်တယ်။ ပြီး​တော့ ရလာတဲ့ perfect money နဲ့ bestchange.com အထက်က cryptocurrencies တစ်မျိုးမျိုးကို ဝယ်တယ်။ ပြီး​တော့မှ ရလာတဲ့ cryptocurrencies နဲ့ blocktrades.us မှာ steem power ဝယ်တယ်။ အခု ​ရေး​နေတဲ့ အ​ကောင့်က steem power ​တွေက ဒီနည်းအတိုင်း ဝယ်ထားတာ။ ဒါ​ပေမဲ့ ကံမ​ကောင်းတာက အခု ဝယ်လို့ မရ​တော့ဘူး။

အားလုံးသိတဲ့အတိုင်းပဲ steem power က steem blogging ဆိုက်မှာက ကိုယ်​ရေးတင်တဲ့ post ကို လူ​တွေ ကြာကြာမြင်​စေချင်တယ်။ ကိုယ်ရဲ့ upvote တန်ဖိုး တက်​စေချင်တယ်။ ကိုယ်ပြန်ရတဲ့ upvote တန်ဖိုး တက်​စေချင်ရင် steem power များများ ရှိရမှာ ဖြစ်တယ်။ ဒါ​ပေမဲ့ အခု အဲဒီ steem power ကို အထက်ပါ နည်းလမ်းအတိုင်း ဝယ်လို့ မရ​တော့ပါဘူး။ ဘာလို့လဲဆို​တော့ facebook မှာ cryptocurrencies နဲ့ perfect money ​ရောင်းတဲ့ လူ တစ်​ယောက်မှ မရှိ​တော့လို့ပါ။ သိ​တော့ မသိပါဘူး။ ထင်တာ​ပြောတာပါ။ facebook က exchanger ​တွေကို တရားမဝင်လို့ပဲလား။ ဘာလို့လဲ​တော့ မသိဘူး။ လိုက်ဖမ်း​နေတယ် ကြားပါတယ်။ ဒီ​တော့ ကျွန်​တော် steem power ဝယ်လို့ မရ​တော့ပါဘူး။

ဘယ်အဖွဲ့အစည်းက လိုက်ဖမ်းတာလဲ။ ဘယ်သူ ညွှန်ကြားတာလဲ။ ဘာလို့လိုက်ဖမ်းတာလဲ။ လက်ရှိ အစိုးရက ညွှန်ကြားတာလား။ ဗဟိုဘဏ်က ညွှန်ကြားတာလား။

cryptocurrencies သုံးတာ ပြစ်မှု မဟုတ်ပါဘူး။ လူသတ်တာ, ခိုးတာ, လိမ်တာ, မုဒိန်းကျင့်တာ, အသ​ရေဖျက်တာ, စတဲ့ ဘာအမှုနဲ့မှ အကျုံးမဝင်ပါဘူး။ အခု စာ​ရေး​နေတဲ့ အ​ကောင့်က steem cryptocurrency ရှိတယ်ဆိုပြီး စာ​ရေးသူကို လာများ ဖမ်းဦးမလား မသိဘူး။ လက်ရှိ အစိုးရရဲ့ ​ပေါ်လစီ​ကြောင့်လား။ လက်ရှိ အစိုးရကို မကြိုက်တာ သုံးနှစ် ရှိပါပြီ။ စတက်လာကတည်းက မကြိုက်တာပါ။ တခြား မဲ​ပေးစရာ ပါတီ မရှိလို့ ​ပေးလိုက်တာ ​လာမယ့် ​ရွေး​ကောက်ပွဲကျရင်​တော့ ​ဆောရီးပဲ။ မဲရုံကို ​ခြေ​ညောင်းခံပြီး မသွား​တော့ဘူး။ မဲ​ပေးဖို့ တန်းစီလည်း မ​စောင့်ဘူး။ အိမ်မှာပဲ အိပ်​နေမယ်။

စဥ်းစားကြည့်​လေ။ အရင်အစိုးရက ​လယ်သိမ်းတယ်။ ​မြေသိမ်းတယ် ​ပြောတယ်။ ကိုယ်က တိုက်ခန်း အစုတ်ပလုပ်​လေး ပိုင်တာဆို​တော့။ ဘယ်သူမှ လာသိမ်းဖို့ စိတ်မဝင်စားဘူး။ ​အေး​ဆေးပဲ။ ပြည်တွင်းစစ် ဖြစ်​နေတာလား။ ဖြစ်တာဖြစ်​နေတာ။ တစ်ခါမှလည်း ကိုယ်တိုင် စစ်​ဘေးမ​ရှောင်ဖူးဘူး။ စစ်ပွဲဆိုတာ အသက် ၃၀ ​ကျော်ပြီ လက်​တွေ့ မမြင်ဖူးဘူး။ ရန်ကုန်မှာ ​နေတာ​လေ။ ကိုယ့်ကို တိုက်ရိုက်မထိဘူး​ပေါ့။ အရင်အစိုးရက ပြည်သူ့ ဘဏ္ဍာ ခိုးတယ်လား။ ကိုယ့်ကို တိုက်ရိုက်မထိဘူး။ ကိုယ့်ကို တိုက်ရိုက်ထိတာက ဟို​နေ့က tablet ဖုန်းတစ်လုံး ဝယ်လိုက်တာ။ အခွန် ၁​ ​သောင်းခွဲ ​ပေးလိုက်ရတယ်။ city mart မှာ ​စျေးဝယ်လည်း ​ပေးရတယ်။ စား​သောက်ဆိုင်မှာ စားလည်း အခွန် ​ပေးရတယ်။ မ​ပေးချင်လို့ ​ပြောတာမဟုတ်ဘူး။ ဒီအစိုးရက အခွန်နဲ့ ရပ်တည်ရတာ သိတယ်။ လာဘ်မစားဘူး သိတယ်။ ဒါ​ပေမဲ့ ကိုယ်ကို့ တိုက်ရိုက်ထိတာကို ​ပြောတာ။

လက်ရှိ အစိုးရက cryptocurrencies ကို ပိတ်ထားတာဆိုရင် တရားဝင် ခွင့်ပြု​ပေး​စေချင်တယ်။ ပြည်သူ​တွေ ​ငွေ​ကြေး ဆုံးရှုံးမှာ မပူပါနဲ့။ ကိုယ့်ပိုက်ဆံ ကိုယ်အပူဆုံးပါ။ နိုင်ငံက လာပူပန်​ပေးစရာ မလိုပါဘူး။ scam ​တွေ ရှိ​နေတာ သိပါတယ်။ scam လား အမှန်အကန်လား ခွဲခြားတတ်ပါတယ်။ ဆုံးရှုံးသွားလည်းနိုင်ငံ​တော်က ပူပန်စရာ မလိုပါဘူး။ ကာယကံရှင်က မှတ်သွားပါလိမ့်မယ်။

Cryptocurrency enthusiast တစ်​ယောက်ပါ။ လာမည့် ​ရွေး​ကောက်ပွဲမှာ ကျွန်​တော့်ရဲ့ မဲကို လိုချင်တယ် ဆိုရင်​တော့ cryptocurrency ကို တရားဝင် ခွင့်ပြုနိုင်ဖို့ ကြိုးစားပါ။ တရားဝင် ခွင့်မပြုနိုင်လည်း ခွင့်မပြုဘူး တိုက်ရိုက်​​​ကြေညာပါ။ ဒီလို ခိုး​ကြောင်ခိုးဝှက်နဲ့ ​နောက်ကွယ်က လိုက်ဖမ်း​နေတာမျိုး မလုပ်ပါနဲ။ ကျွန်​တော်က​တော့ master visa ကဒ်​တွေကို လူတိုင်းနီးပါး သုံးနိုင်​အောင် လုပ်​ပေးတဲ့ အစိုးရ။ cryptocurrency ကို တရားဝင် ခွင့်ပြု​ပေးတဲ့ အစိုးရ mobile money ​တွေကို ဒီထက် ပို ကျယ်ပြန့်​အောင် လုပ်​ပေးတဲ့ အစိုးရကို မဲပေးမယ်။ ရယ်​တော့ ရယ်စရာ ​ကောင်းချင် ​ကောင်းမယ်။ ဒါ​ပေမဲ့ တခြားအချက်​တွေက ကျွန်​တော့်အတွက် အသုံးမဝင်ဘူး။

ရင္ဖြင့္စာ

ပရိတ္သတ္ႀကီး​ေရ ခင္ဗ်ားတို႔ steem power ဘယ္လို ဝယ္​ေနၾကလဲ။ ကြၽန္​ေတာ္​ေတာ့ ဝယ္လို႔မရ​ေတာ့ဘူး။ steem power က cryptocurrencies ​ေတြ ရွိမွ ဝယ္လို႔ရတာ။ ဥပမာ bitcoin, litecoin, dogecoin ethereum စတာ​ေတြရွိမွ steemitwallet.com က ​ေန blocktrades.us ဆိုက္ကို သြားၿပီး steem power ဝယ္ရတာ။ ကြၽန္​ေတာ္ ဝယ္တဲ့ လမ္း​ေၾကာင္းက​ေတာ့ ပထမဆုံး wave money နဲ႔ facebook က exchanger ​ေတြဆီမွာ perfect money usd အရင္ဝယ္တယ္။ ၿပီး​ေတာ့ ရလာတဲ့ perfect money နဲ႔ bestchange.com အထက္က cryptocurrencies တစ္မ်ိဳးမ်ိဳးကို ဝယ္တယ္။ ၿပီး​ေတာ့မွ ရလာတဲ့ cryptocurrencies နဲ႔ blocktrades.us မွာ steem power ဝယ္တယ္။ အခု ​ေရး​ေနတဲ့ အ​ေကာင့္က steem power ​ေတြက ဒီနည္းအတိုင္း ဝယ္ထားတာ။ ဒါ​ေပမဲ့ ကံမ​ေကာင္းတာက အခု ဝယ္လို႔ မရ​ေတာ့ဘူး။

အားလုံးသိတဲ့အတိုင္းပဲ steem power က steem blogging ဆိုက္မွာက ကိုယ္​ေရးတင္တဲ့ post ကို လူ​ေတြ ၾကာၾကာျမင္​ေစခ်င္တယ္။ ကိုယ္ရဲ႕ upvote တန္ဖိုး တက္​ေစခ်င္တယ္။ ကိုယ္ျပန္ရတဲ့ upvote တန္ဖိုး တက္​ေစခ်င္ရင္ steem power မ်ားမ်ား ရွိရမွာ ျဖစ္တယ္။ ဒါ​ေပမဲ့ အခု အဲဒီ steem power ကို အထက္ပါ နည္းလမ္းအတိုင္း ဝယ္လို႔ မရ​ေတာ့ပါဘူး။ ဘာလို႔လဲဆို​ေတာ့ facebook မွာ cryptocurrencies နဲ႔ perfect money ​ေရာင္းတဲ့ လူ တစ္​ေယာက္မွ မရွိ​ေတာ့လို႔ပါ။ သိ​ေတာ့ မသိပါဘူး။ ထင္တာ​ေျပာတာပါ။ facebook က exchanger ​ေတြကို တရားမဝင္လို႔ပဲလား။ ဘာလို႔လဲ​ေတာ့ မသိဘူး။ လိုက္ဖမ္း​ေနတယ္ ၾကားပါတယ္။ ဒီ​ေတာ့ ကြၽန္​ေတာ္ steem power ဝယ္လို႔ မရ​ေတာ့ပါဘူး။

ဘယ္အဖြဲ႕အစည္းက လိုက္ဖမ္းတာလဲ။ ဘယ္သူ ၫႊန္ၾကားတာလဲ။ ဘာလို႔လိုက္ဖမ္းတာလဲ။ လက္ရွိ အစိုးရက ၫႊန္ၾကားတာလား။ ဗဟိုဘဏ္က ၫႊန္ၾကားတာလား။

cryptocurrencies သုံးတာ ျပစ္မႈ မဟုတ္ပါဘူး။ လူသတ္တာ, ခိုးတာ, လိမ္တာ, မုဒိန္းက်င့္တာ, အသ​ေရဖ်က္တာ, စတဲ့ ဘာအမႈနဲ႔မွ အက်ဳံးမဝင္ပါဘူး။ အခု စာ​ေရး​ေနတဲ့ အ​ေကာင့္က steem cryptocurrency ရွိတယ္ဆိုၿပီး စာ​ေရးသူကို လာမ်ား ဖမ္းဦးမလား မသိဘူး။ လက္ရွိ အစိုးရရဲ႕ ​ေပၚလစီ​ေၾကာင့္လား။ လက္ရွိ အစိုးရကို မႀကိဳက္တာ သုံးႏွစ္ ရွိပါၿပီ။ စတက္လာကတည္းက မႀကိဳက္တာပါ။ တျခား မဲ​ေပးစရာ ပါတီ မရွိလို႔ ​ေပးလိုက္တာ ​လာမယ့္ ​ေ႐ြး​ေကာက္ပြဲက်ရင္​ေတာ့ ​ေဆာရီးပဲ။ မဲ႐ုံကို ​ေျခ​ေညာင္းခံၿပီး မသြား​ေတာ့ဘူး။ မဲ​ေပးဖို႔ တန္းစီလည္း မ​ေစာင့္ဘူး။ အိမ္မွာပဲ အိပ္​ေနမယ္။

စဥ္းစားၾကည့္​ေလ။ အရင္အစိုးရက ​လယ္သိမ္းတယ္။ ​ေျမသိမ္းတယ္ ​ေျပာတယ္။ ကိုယ္က တိုက္ခန္း အစုတ္ပလုပ္​ေလး ပိုင္တာဆို​ေတာ့။ ဘယ္သူမွ လာသိမ္းဖို႔ စိတ္မဝင္စားဘူး။ ​ေအး​ေဆးပဲ။ ျပည္တြင္းစစ္ ျဖစ္​ေနတာလား။ ျဖစ္တာျဖစ္​ေနတာ။ တစ္ခါမွလည္း ကိုယ္တိုင္ စစ္​ေဘးမ​ေရွာင္ဖူးဘူး။ စစ္ပြဲဆိုတာ အသက္ ၃၀ ​ေက်ာ္ၿပီ လက္​ေတြ႕ မျမင္ဖူးဘူး။ ရန္ကုန္မွာ ​ေနတာ​ေလ။ ကိုယ့္ကို တိုက္႐ိုက္မထိဘူး​ေပါ့။ အရင္အစိုးရက ျပည္သူ႔ ဘ႑ာ ခိုးတယ္လား။ ကိုယ့္ကို တိုက္႐ိုက္မထိဘူး။ ကိုယ့္ကို တိုက္႐ိုက္ထိတာက ဟို​ေန႔က tablet ဖုန္းတစ္လုံး ဝယ္လိုက္တာ။ အခြန္ ၁​ ​ေသာင္းခြဲ ​ေပးလိုက္ရတယ္။ city mart မွာ ​ေစ်းဝယ္လည္း ​ေပးရတယ္။ စား​ေသာက္ဆိုင္မွာ စားလည္း အခြန္ ​ေပးရတယ္။ မ​ေပးခ်င္လို႔ ​ေျပာတာမဟုတ္ဘူး။ ဒီအစိုးရက အခြန္နဲ႔ ရပ္တည္ရတာ သိတယ္။ လာဘ္မစားဘူး သိတယ္။ ဒါ​ေပမဲ့ ကိုယ္ကို႔ တိုက္႐ိုက္ထိတာကို ​ေျပာတာ။

လက္ရွိ အစိုးရက cryptocurrencies ကို ပိတ္ထားတာဆိုရင္ တရားဝင္ ခြင့္ျပဳ​ေပး​ေစခ်င္တယ္။ ျပည္သူ​ေတြ ​ေငြ​ေၾကး ဆုံးရႈံးမွာ မပူပါနဲ႔။ ကိုယ့္ပိုက္ဆံ ကိုယ္အပူဆုံးပါ။ ႏိုင္ငံက လာပူပန္​ေပးစရာ မလိုပါဘူး။ scam ​ေတြ ရွိ​ေနတာ သိပါတယ္။ scam လား အမွန္အကန္လား ခြဲျခားတတ္ပါတယ္။ ဆုံးရႈံးသြားလည္းႏိုင္ငံ​ေတာ္က ပူပန္စရာ မလိုပါဘူး။ ကာယကံရွင္က မွတ္သြားပါလိမ့္မယ္။

Cryptocurrency enthusiast တစ္​ေယာက္ပါ။ လာမည့္ ​ေ႐ြး​ေကာက္ပြဲမွာ ကြၽန္​ေတာ့္ရဲ႕ မဲကို လိုခ်င္တယ္ ဆိုရင္​ေတာ့ cryptocurrency ကို တရားဝင္ ခြင့္ျပဳႏိုင္ဖို႔ ႀကိဳးစားပါ။ တရားဝင္ ခြင့္မျပဳႏိုင္လည္း ခြင့္မျပဳဘူး တိုက္႐ိုက္​​​ေၾကညာပါ။ ဒီလို ခိုး​ေၾကာင္ခိုးဝွက္နဲ႔ ​ေနာက္ကြယ္က လိုက္ဖမ္း​ေနတာမ်ိဳး မလုပ္ပါနဲ။ ကြၽန္​ေတာ္က​ေတာ့ master visa ကဒ္​ေတြကို လူတိုင္းနီးပါး သုံးႏိုင္​ေအာင္ လုပ္​ေပးတဲ့ အစိုးရ။ cryptocurrency ကို တရားဝင္ ခြင့္ျပဳ​ေပးတဲ့ အစိုးရ mobile money ​ေတြကို ဒီထက္ ပို က်ယ္ျပန္႔​ေအာင္ လုပ္​ေပးတဲ့ အစိုးရကို မဲေပးမယ္။ ရယ္​ေတာ့ ရယ္စရာ ​ေကာင္းခ်င္ ​ေကာင္းမယ္။ ဒါ​ေပမဲ့ တျခားအခ်က္​ေတြက ကြၽန္​ေတာ့္အတြက္ အသုံးမဝင္ဘူး။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center