လူအထင်​ကြီးခံရဖို့ထက်​ အထင်​​သေးမခံရအာင်​ဘဲ<br> ကြိုးစားပါ

"ဝ”မရှိရင်​​တော့ "ဝိ”မလုပ်​တာ

ကောင်းပါတယ်​ ဘာလို့လဲဆို​တော့

"ဝ”ဆိုတဲ့ အ​ခြေခံမရှိဘဲ လုံးကြီးတင်​မိရင်

"ဝိ”ဖြစ်​မလာဘဲ "ဝပ်​”သွားတတ်​တယ်​။



လူတစ်​​ယောက်​နဲ့တစ်​​ယောက်

ပေါင်းသင်းဆက်​ဆံ​ရေးမှာ အထင်​ကြီးခြင်း

အထင်​​သေးခြင်းဆိုတဲ့ ဂုဏ်​ဒြပ်​နှစ်​ခုက

လူ​တွေရဲ့ စိတ်​ကို များစွာအကျိုးသက်​​ရောက်

ရိုက်​ခတ်​​စေခဲ့ပါတယ်​။



လူအထင်​ကြီးခံရဖို့ မတရား​တွေ​ရော တရားတာ​တွေ​ရော လုပ်​ကိုင်​ရင်း တဖြည်းဖြည်းနဲ့ ဖြူ စင်​​နေတဲ့

စိတ်​​တွေ အ​ရောင်​ညစ်​လာပြီး ကိုယ်​ချင်းစာစိတ်​​တွေ

လျော့ပါးလာခဲ့ကြတယ်​။



လူ့သဘာဝက ကိုယ့်​ကို အထင်​​သေးမှာကို

အ​သေ​ကြောက်​တတ်​ပြီး လူအထင်​ကြီးခံရဖို့

မရှိတာကို ရှိသ​ယောင်​ ၊ မတတ်​တာကို တတ်​သ​ယောင်

မ​ကောင်းတာကို ​ကောင်းချင်​​ယောင်​​ဆောင်​ပြီး

ကိုယ့်​စိတ်​ကို ကိုယ်​ကိုယ်​တိုင်​ပဲ အ​ရောင်​ဆိုးမှန်းမသိ

ဆိုး​နေမိတတ်​ပါတယ်​။



ဟန်​​ဆောင်​ခြင်းဆိုတာ တစ်​ခါတစ်​ခါကျ​တော့

အလိမ်​တစ်​ခု​ပေါ်မှာစိုးလို့ အကြိမ်​အကြိမ်​အခါခါလိမ်​ရင်းနဲ့ပဲ အလိမ်​​တွေ​ပေါ်လာတဲ့တစ်​​နေ့

ကားစီး​နေရင်းက လမ်း​လျှောက်​​နေရတဲ့ဘဝမှာ

လူအများရဲ့ ကဲ့ရဲ့ခြင်းကို ခံရတတ်​ပါတယ်​။



ရှိလို့ပဲ ကျယ်​ကျယ်​ ၊ မရှိဘဲနဲ့ လူအထင်​ကြီးခံရဖို့ပဲ

ကြွားကြွား ကြွားဝါခြင်းဆိုတာ ကိုယ့်​ဘဝကို

ကိုယ်​ကိုယ်​တိုင်​ အဆိပ်​ခပ်​လိုက်​ခြင်းပါပဲ။



လူဝင်​ဆန့်​​အောင်​ကြိုးစားရင်း ကြိုးစားမှုပုံစံက

မှား​နေ​တော့ ဖြစ်​ခြင်းပျက်​ခြင်းဆိုတဲ့ ​လောကနိယာမ​ကြောင့်

ရှိ​နေတုန်း​တော့ မသိသာ​ပေမယ့်​ မရှိတဲ့အခါမှာ

လူဝင်​မဆန့်​ဘဲ လူ့​ဘောင်​စည်းရိုးအပြင်​ဘက်​ကို

ကိုယ့်​ကိုအထင်​ကြီးခဲ့သူ​တွေပဲ ကန်​ထုတ်​ခြင်းကို

ခံရတတ်​ပါတယ်​။



လူဝင်​ဆန့်​ဖို့ဆိုရင်​ ပကာသန အ​ရေခြုံမယ့်​အစား

အရည်​အ​သွေးမြင့်​​အောင်​ကြိုးစားပါ

မရှိတာကို ရှိသလိုထုတ်​ပြ​နေမယ့်​အစား

ရှိတာ​လေးနဲ့ ရိုးသားစွာ ​နေထိုင်​ပါ

အောင်​မြင်​​ကျော်​ကြားမှုကို ဖက်​တွယ်​မယ့်​အစား

လေးနက်​ပြီး တန်​ဖိုးကြီးတဲ့ ဘဝကို ဖန်​တီးပါ။



လူ့ဘဝဆိုတာ လူအများက ကိုယ့်​ကို

အထင်​ကြီးခြင်း မကြီးခြင်းထက်

အထင်​​သေးမခံရ​အောင်​ ကိုယ်​ကျင့်​တရားကိုပဲ

ခိုင်​မာ​အောင်​ ​ဆောက်​တည်​ထားရင်

အမှားများစွာ အ​ရေခြုံထားတဲ့သူ​တွေထက်

ကိုယ့်​ရဲ့ ဂုဏ်​သတင်းက ​ကြော်​ငြာစရာမလိုဘဲ

ထင်​​ပေါ်ပြီးသားပါလို့

အကြုံပြုတင်​ပြလိုက်​ရပါတယ်​။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now