အချစ်ပန်းလေးတစ်ပွင့်

b30b0e5a673ad5bd2b2a239f06b43a26a0221d49.jpg
အချစ်ပန်းလေးတစ်ပွင့်
ဘယ်လိုအနေအထားနဲ့ပဲ ဖြစ်နေပါစေ သူ့ရဲ့အလှတွေက
ပင်မြင့်ထက်က ဖူးပွင့်ဝေဆာနေတဲ့ ပန်းလေးတစ်ပွင့်လိုပါပဲလေ
ပန်းဆိုတဲ့အမျိုးအစားက ဖူးပွင့်ဝေနေတဲ့အချိန်မှာ လှပတင့်တယ်
နေတက်သော်လည်း ကြွေနွှမ်းသွားတဲ့အချိန်ထိ မြတ်နိုးနိုးနဲ့
မပြောင်းလဲသောစိတ်တွေနဲ့ ရှိနေပါ့မယ်နော်……………………………။
sweet-flower-garden-ideas-lawn-and-damput-home-interior-also-house-design-images-red-white-inspirational-874x1024.jpg
ပန်းဘဝနဲ့ ပန်းအလှတွေ ဝေနေတဲ့အချိန်မှာ လှပတင့်တယ်နေပါ၏
ကာလပြောင်းလဲခြင်းတွေကို မလွန်ဆန်နိုင်တဲ့ပန်းဘဝ ကြွေကာကျလို့
မြေမှာခရတာကလည်း မမြဲသော အနိစ္စသဘော သဘာဝတရားတွေ
ရှိနေသောကြောင့်ပါနော် ကြွေလွင့်သွားသော ပန်းတစ်ပွင့် ပွင့်လန်းနေချိန်မှာ
လှပသော သူ့အသွင် ကြွေကာနွမ်းခြောက်သွားတော့ ဘယ်သူမှ နမ်းရှိုက်ချင်စိတ်
မရှိကြတော့ပါလားနော် လှပသော သူအသွင်နဲ့ သူ့ရနံ့တွေ ပျောက်ပျက်သွားလို့
ဖြစ်ပေလိမ့်မည် ဝေချိန်မှာ အလှတရားတွေနဲ့ ရနံ့တွေ မွှေးပြန့်ကြူကြူသင်းလို့
ကြွေချိန်တန်ရင် ကြွေသွားတက်တာကလည်း လောကရဲ့ နိယာမတရားတွေပါနော်………………။
paysage-en-printemps-interieur-la-nature-en-printemps.jpg

ယခုဝေနေသော်လည်း ကြွေချိန်မှာ ကြွေလွင့်ရတာ သဘာဝရဲ့
ထာဝရတရားတွေပါနော် ဘယ်လိုဘဲ လောကနိယာမတရားတွေပဲ
ရှိနေပါစေလေ ငါချစ်တဲ့ ဒီပန်းတစ်ပွင့်ကိုတော့ဖြင့် ကြွေနွမ်းခြောက်သွေ့ကာ
ရနံ့ကင်းသွားသောအချိန်ထိ မြတ်နိုးတွယ်တာနေမှာပါနော် ပန်းလေးတစ်ပွင့်ကို
မြတ်နိုးစွာနဲ့ တန်ဖိုးထားကာ ချစ်မိပါသော ငါတစ်ယောက်ဟာ လောကအလည်
တဝဲလယ်လယ်နဲ့ ဖြစ်သမျှအကြောင်း အကောင်းတွေကြီးပါလားလို့ ယူဆမှတ်ယူကာ
အကောင်းမြင်စိတ်လေးနဲ့ ချစ်နေပါ့မယ် ပန်းကလေးတစ်ပွင့်ရယ်……………………။
author:@winkyaw
photos:cedit google images

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center