ဝန်းလူမိုက်( အပိုင်း ၆ )

IMG_20180525_005652.jpg
လွန်ခဲ့သောလေးနှစ်၏ ဒီလိုမိုးတွင်းကာလ၏အစ၌ ကျွန်တော်သည် ယခုနေထိုင်နေသော အိမ်ဝန်းလေးထဲသို့ ပြောင်းရွေ့လာခဲ့ပါတယ်။
ကျွန်တော်ငှားရမ်းနေထိုင်စဉ်က ဤအခန်းကျဉ်းလေး၏ အခန်းငှားကြေးနှုန်းမှာ တစ်လကို မြန်မာငွေကျပ်နှစ်သောင်းခွဲသာပေးဆောင်ရပါတယ်။ မည်သူတစ်ဦးတစ်ယောက်မျှ ငှားရမ်းထားခြင်းမရှိသေး ကျွန်တော်စိတ်ကြိုက် နှစ်သက်ရာအခန်းကို လက်ညိုးထိုးပြီး ငှားရမ်းနေထိုင်ရသော အခွင့်အရေးရှိနေလေတော့ ယခုနေထိုင်သော အခန်းကျဉ်းလေးဟာ ကျွန်တော်အတွက် အကောင်းဆုံးသော ကျွန်တော်ကမ္ဘာလေးပေါ့ဗျာ။
ကျွန်တော်ရွေးချယ်လိုက်သော ဒီအခန်းကျဉ်းကမ္ဘာလေးနဲ့ ပတ်သက်လာသမျှ ကောင်းခြင်းဆိုးခြင်းများကိုတော့ ကျွန်တော်ဟာ တာဝန်ယူရမည့် အသိစိတ်လေးသည် အခန်းစတင်ငှားရမ်းစဉ်က အမှတ်ရမိပါရဲ့။
အခန်းခြောက်ခန်းရှိသည့်အနက် အခန်းငါးခန်းတွင် မိမိရွေးချယ်လိုက်တဲ့ အခန်းကျဉ်းလေးအတွက် တာဝန်ဟူသမျှသည် ကျွန်တော်ပုခုံးပေါ်၌ ငှားရမ်းနေထိုင်သောနေ့မှစ၍ အလိုလိုရောက်ရှိလို့လာခဲ့ပေသည်။
ကျွန်တော်ငှားရမ်းနေထိုင်စဉ်အစမှာ မှတ်မှတ်ရရ အိမ်ရှင်အဖိုးကြီးနဲ့အဖွားကြီး ဒီနှစ်ဦးနှင့် ကျွန်တော်သာ ဤအိမ်ဝန်းကြီးထဲ၌သာ ဒီလိုနဲ့ မိုးလင်းကနေ မိုးချုပ်တဲ့အချိန်ထိ နှစ်ရက်သုံးရက်လောက် အလုပ်သွားအလုပ်ပြန် လုပ်နေလိုက်သာ လေးရက်မြောက်နေ့မှာပဲ ကျွန်တော်ငှားနေသောအခန်း၏ ခေါင်းရင်းအခန်းသို့ အိမ်ထောင်ပြုစ လင်မယား ဇနှီးမောင်နှံသည် ပြောင်းရွှေ့လာခဲ့ပါတယ်။
နောက်ထက်ခုနှစ်ရက်တဘက် ဆယ်ရက်လောက်လည်းရောက်ရှိတဲ့အချိန်မှာတော့ ဟိုအရင်တစ်ချိန်က ဒီအိမ်ဝန်းလေးထဲ၌ ငှားရမ်းနေထိုင်ဖူးခဲ့သော မိသားစုတစ်စုသည် လက်ရှိကျွန်တော်နေထိုင်သောအခန်း၏ တစ်ခန်းကျော်သို့ ပြောင်းရွှေ့ ငှားရမ်းပြီး နေထိုင်လာခဲ့ပါတယ်။
နောက်ထက်ရက်ပေါင်းဆယ်ငါးရက် နှစ်ဆယ်ရက်လောက်တွင် ကျွန်တော်နေထိုင်သည့် အခန်း၏ ခြေရင်းခန်းနှစ်ခန်းသို့ အသီးသီးဝင်ရောက်ငှားရမ်းသော လူများရောက်ရှိနေထိုင်ခဲ့ကြပါတယ်ဗျာ။
တစ်လလောက်အတွင်းမှာပင် ကျွန်တော် ငှားရမ်းနေထိုင်သော အိမ်ဝန်းထဲ၌ အခန်းလွတ်မရှိ ပြည့်လို့သွားခဲ့ပြီလေ။
ကျွန်တော်အပါအဝင် ငှားရမ်းနေထိုင်ကြကုန်သော အခန်းငှားအချင်းချင်းသည် သူ့အကြောင်းငါမသိ ငါ့အကြောင်းသူမသိနှင့် အဆင်ပြေစွာ အားလုံးတို့သည် အိမ်ရှင်အဖိုးကြီးနှင့် အဖွားကြီး မိသားစုတစ်ခုလို ပြောဆိုဆက်ဆံလာခဲ့ကြသည်မှာ ခြောက်လမြောက်လောက်ပင် ရှိလိမ့်မည်ဟု ကျွန်တော်သည် အတိတ်ကိုပြန်စဉ်းစားကြည့်မိခဲ့ပါသည်။
လေးနှစ်ကာလတစ်ခုအတွင်း ဤအိမ်ဝန်းလေး၌ ခြောက်လလောက်ပင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံခဲ့ရပါသည်။
အဘယ်ကြောင့် ထိုသို့ မင်္ဂလာရှိသော နေ့ရက်တွေကို ခြောက်လလောက်ဖြတ်သန်းရပ်တည်နိုင်ရသလဲဆိုသော် ဤအိမ်ဝန်းလေးထဲ၌ ရှိနေကြကုန်သော အိမ်ရှင်အဖိုးကြီးနှင့်အဖွားကြီးအပါအဝင် လူသားအားလုံးတို့သည် တစ်ယောက်အပေါ်တစ်ယောက် ရိုသေခြင်း လေးစားခြင်းများနှင့် အပြန်အလှန်ထားရှိခဲ့ကြသောကြောင့်ဟု ကျွန်တော် သုံးသပ်မိပါသည်။
ဒီနေရာလေး၌ ကျွန်တော်သတိမေ့သွားသော လူတစ်ယောက်သည် ဤအိမ်ဝန်းလေးထဲ၌ ကျန်ရှိနေသေးသည်ကို ထည့်သွင်းဖော်ပြရလျှင် အငှားအခန်း လိုင်းခန်းတွဲလေးသည် ခြောက်ခန်းရှိသည့်အနက် ငါးခန်းသည် ငှားရမ်းနေထိုင်ကြသူများဖြစ်ကြပြီး ပထမဆုံးဖြစ်သော ကျွန်တော်နေထိုင်သည့်အခန်း၏ ခြေရင်းဘက်၏ ထိပ်ဆုံးအခန်းနံပတ်တစ်သည် အိမ်ရှင်အဖိုးကြီးနှင့် အဖွားကြီးတို့၏ ဒုတိယမြောက်သားဖြစ်သူ၏ ဇနီးမယားနေထိုင်လေသည်။ကျွန်တော်ငှားရမ်းနေထိုင်သောအခန်းကျဉ်းလေးသည် ဤလိုင်းခန်းတွဲလေး၏အလည်ဗဟို၌ တည်ရှိလို့နေပေသည်ဟု ပြောဆိုရေးသား ရင်ဖွင့်ရင်း နောက်တင်ပြမည့် အပိုင်းခုနှစ်တွင် အဘယ်ကြောင့် ခြောက်လသောကာလသည်မင်္ဂလာအပေါင်းနှင့်ပြည့်စုံခဲ့ရသည်ကို မှတ်မိသလောက် ရေးသားတင်ပြသွားပါမည်ဟု ပြောကြားရင်း ရေးချရိုက်နှိပ်နေသောလက်လေးကို ဘရိတ်ဟို့ချလိုက်ရင်း အချိန်အခါက ညဆယ်တစ်နာရီထိုးသွားခဲ့ပြီလေ။
@thura

H2
H3
H4
3 columns
2 columns
1 column
Join the conversation now