စိတ်ကူးအတွေးများ တစ်ခုပြီးတစ်ခု ထွက်ပေါ်နေသော အတွေးလှိုင်းများ

စိတ်ကူးအတွေးများ တစ်ခုပြီးတစ်ခု ထွက်ပေါ်နေသော အတွေးလှိုင်းများ
IMG_20180525_005652.jpg
ဒီနေ့တစ်ရက်မှာတော့ လွန်ခဲ့သော လေးရက်လောက်ကစပြီး တစ်ပုဒ်တစ်မျိုးခေါင်းစဉ်တွေနဲ့ ရေးသာတင်ပြခဲ့တဲ့ အကြောင်းအရာတစ်ခုအပေါ်အခြေခံပြီး စာရေးနေသောအချိန်လေးမှာ တွေးမိတွေးရာ စိတ်ကူးဖြစ်ပေါ်မှုလေးတွေကို လက်တန်းရေးချနေခဲ့သော ပြီးခဲ့ပြီးသော အကြောင်းအရာတွေကို ပြီးဆုံးအောင် ရေးသားတင်ပြသွားမည်ဟု ကျွန်တော် စိတ်ကူးလိုက်ပါသော်လည်း ထိုအကြောင်းရေးရင်းရေးရင်းနဲ့ ချက်ချင်းထွက်ပေါ်လာသော စိတ်ကူးရသမျှတွေကို ရေးချနေမိတော့ပါတယ်။ထိုအကြောင်းအရာလေးကို ရေးသားခဲ့တာဟာ ယခုလက်ရှိရေးသားတင်ပြလိုက်သော တစ်ပုဒ်နဲ့ဆိုရင် သုံးပုဒ်မြောက်ဖြစ်ပါတယ်။အဘယ်အတွက်ကြောင့် အကြောင်းတစ်ခုထဲကို ရေးသားပါလျက်နဲ့ ခေါင်းစဉ်တစ်မျိုးဆီတက်ပြီး ရေးသားတင်ပြနေပါသလဲ?

အဘယ်ကြောင့်ဆိုသည်ကို ကျွန်တော်စိတ်ထဲရှိနေတဲ့အတိုင်း ဖြစ်နေသည့်အတိုင်းကို ရိုးသားစွာဖြင့် ရင်ဖွင့်ရလျှင်တော့ ကျွန်တော် ရေးသားခဲ့သော ထိုအကြောင်းအရာကို စိတ်ကူးလေးယဉ်ပြီး စာဖတ်သောသူတို့ အား အနှစ်သာရ ရှိပြီး ခံစားမှုလေးတချို့ကို ရင်ထဲရောက်ရှိသွားအောင် ရေးသားတင်ပြချင်သောစိတ်ဟာ အစဉ်အမြဲ ကျွန်တော်၏ ရင်တွင်းထဲ၌ ခံစားဖြစ်ပေါ်နေလျက်ပါဟု ပဏမအနေဖြင့် ရှေ့ဦးစွာ ရင်ဖွင့်ပြောလိုက်ပါရစေ။သိပ်ပြီးရသမြောက်သောစာတစ်ပုဒ်ထက် နေ့စဉ်မပျက်အောင် စတီးမစ်၌ စာရေးသား၌၍ ပို့စ်တင်ပြနိုင်ရေးကို အဓိကထား၍ လုပ်ကိုင်နေသူ တစ်ယောက်ဆိုတာထက် လုပ်ကိုင်နေရသောသူဖြစ်နေပါတယ်။မြန်မာစာနဲ့မြန်မာစကားတို့ရဲ့ အနက်အဓိပ္ပါယ်သည် အခြားသောဘာသာစကားများထက် ခက်ခဲတယ် နက်နဲကျယ်ပြန့်လွန်းလှပါတယ်။ဥပမာအနေနဲ့ ပြောရလျှင်ဖြင့် လုပ်ကိုင်နေသူဆိုသည့်စကာလုံးနှင့် လုပ်ကိုင်နေရသည်ဆိုသောစကားနှစ်ခွန်း၏ အနက်အဓိပ္ပါယ်သည် တူညီးသောအဓိပ္ပါယ်ဟု ထင်ရသော်လည်း နေသည် နေရသည် မတူကွဲပြားခြားနားနေတာကို စာဖတ်သူတို့ အနေဖြင့် သေချာစဉ်းစားမှ အဖြေမှန်ကို တွေ့ရှိပါလိမ့်မယ်။ကဲ ဒီမတူတဲ့စကားလုံး ဝေါဟာရအကြောင်းလေးကို ချန်လပ်ထားပြီး ကျွန်တော် ရေးလက်စ အကြောင်းလေးကို ပြန်ဆက်ရေးသား ရင်ဖွင့်ပါရစေ။

စာတစ်ပုဒ်ကောင်းအောင် ရသမြောက်၍ စာဖတ်သောသူတွေရဲ့ရင်ထဲကို ခံစားမှုလေးတစ်ခုလောက်ကို ထည့်ပေးလိုက်နိုင်သော စာအရေးသားမျိုးကို ကျွန်တော် ရေးချချင်ပါတယ် ရေးလည်းရေးခဲ့ဖူးပါတယ် ရေးလည်း ရေးတက်ပါတယ်။စာပေလောက (သို့မဟုတ်)စာရေးပို့စ်တင်ပြနိုင်ရင် ဒေါ်လာရနိုင်သော ဤစတီးမစ် ငွေလမ်းကြောင်းပေါ်တွင် တစ်ချိန်တုန်းက ကျွန်တော့အား မြန်မာစတီးမစ်လောက၌ မြန်မာစာနှင့် ပတ်သက်လာလျှင် ကျယ်ကျယ်ပြန့်ပြန့် နှံ့စပ်သေချာအောင် အကောင်းဆုံးသော စာအရေးသားများဖြင့် ရေးသားချပြတင်ပြနိုင်သော စာရေးဆရာတစ်ယောက်တစ်ယောက်က သူ့ရင်ဘက်ထဲက ဖြစ်ပေါ်လာသော အမြင်တစ်ခုကို ကျွန်တော်အား ခွန်အားတစ်ခုအနေဖြင့် ကျွန်တော်မှတ်ဥာဏ်ဦးနှောက်ထဲသို့ စွဲမြဲစွာနဲ့ ဒီတစ်သက် မမေ့နိုင်သော စကားလေးတစ်ခွန်းကို လက်ဆောင်အဖြစ် ချီးမြှင့်မြှောက်စား ပေးခဲ့ဖူးပါတယ်။
သူပြောဆိုချီးမြှင့်သွားသောစကားလုံးလေးကတော့ အထူးအဆန်းမဟုတ်သော်လည်း ကျွန်တော်အတွက်ကတော့ စတီးမစ်၌ ငွေကိုရရှိနိုင်ရေးအတွက် မည်သို့သောအကြောင်းအရာများနဲ့ စာကိုရေးသားတင်ပြသွားရမလဲဆိုတာကို ကောင်းကောင်းနားလည်သဘောပေါက်လာခဲ့ရပါတယ်။သူပြောသလို စာရေးတင်ပြလာခဲ့တာ ယနေ့ယခုအချိန်အထိပါပဲ။ ချွင်းချက်အနေနဲ့ကတော့ အရင်က စာတစ်ပုဒ်ကို ရသမြောက်အောင် မိမိတက်စွမ်းသမျှ အချိန်ပေးပြီး ရေးသားတင်ပြခဲ့ပါသော်လည်း ဒီနောက်ပိုင်းမှာ ကျွန်တော်၏ ရေးသားတင်ပြချက်တွေဟာ ဆားမပါ ငပိမပါ ဆီမပါသလို တရုတ်ပြည့်ကထုတ်တဲ့ အချိုမှုန့်( ခေါ် ) ဟင်းချိုမှုန့်မပါသော အချဉ်ဟင်းတစ်ခွက်လို စာအရေးသားများဟာ ပေါ့ပျက်ပျက် အရေးသားများသာ တင်ပြလာနိုင်ခဲ့ရပါတယ်။
ကဲစာဖတ်သော စာဖတ်သူမိတ်ဆွေအပေါင်းတို့ အချိန်ကလည်း ညသန်းခေါင် ဆယ်နှစ်နာရီနှစ်ဆယ်နှစ်မိနစ်ကို ကျော်လွန်လာခဲ့ပြီဗျာ။စိတ်ကူးထဲတွေးမိသမျှတွေကို လက်တန်းရေးချတင်ပြမှုလေးကို ဒီမှာ ခေတ္တခဏလောက် အနားယူခွင့်ပြုပါဦးဗျာ။ရေးနေသောစာကလည်း ရှည်လျားနေပြီ တွေးမိသမျှတွေကို ဆက်လက်ရေးသားဖို့ ရေးသားရိုက်နှိပ်နေသော ကျွန်တော်၏ ညာဘက်လက်ညိုးလေးကို ဘရိတ်ဟို့ရင်း ဆက်ဆက်ပတ်သက်နေသောအကြောင်းအရာများကို နောက်တစ်ပုဒ်၌ ဆက်လက်ရေးသားတင်ပြသွားမည်ဖြစ်ကြောင်း……………………………………………
@thura

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center