ည၏ ဖြစ်ပျက်ခြင်း အတွေ့အကြုံ

IMG_20180525_005652.jpg

ဒီကနေ့ဟာ ဇူလိုင်လနှစ်ဆယ်နှစ်ရက် တနင်္ဂနွေနေ့
တစ်ဖြေးဖြေးနဲ့ အချိန်တွေကလင့်လို့လာလိုက်တာ ညသန်းခေါင် ဆယ်နှစ်နာရီတောင် ထိုးတော့မှာပါ့လား။
ဒီနေ့တစ်ရက်အတွက် စာရေးပို့စ်တင်နိုင်ရန်အတွက် ဒီလိုတိတ်ဆိတ်ငြိမ်သက်သောအနေအထားကို မျက်လုံးလေးမှိတ်ပြီးစောင့်စားနေခဲ့ရတယ်။
လောကတခွင်လုံး တိတ်ဆိတ်ငြိမ်သက်နေတယ် ဆိုရသော ဒီလိုအချိန် ညဆယ်တစ်နာရီနဲ့ ညဆယ်နှစ်နာရီးအကြား နားဖာကလော်ခံနေရခြင်းကတော့ မလွတ်ကင်းနိုင်သေးပါ။
အခြားမတွေးလိုက်ကြပါနဲ့ ခေါင်းရင်းအခန်းက ကိုလူပျိုဇနီးမယား ညညအိပ်မရလို့တဲ့ ဖုန်းဖွင့်ပြီး သီချင်းနဲ့ချော့သိပ်မှ အိပ်ပျော်တက်လေတော့ ကိုလူပျိုဇနီးမောင်နှံ သီချင်းနားထောင်ပြီ အိပ်မောကျသွားမှ ကျွန်နော်မှာလည်း စတီးမစ်၌ ပို့စ်တင်ပြရန် စာရေးခြင်းအလုပ်ကို စတင်လုပ်ကိုင်ခွင့်ရပါတော့တယ်ဗျာ။
ဒီလိုနဲ့ ညဆယ်နှစ်နာရီလည်းထိုးလို့ ဇူလိုင်လ၏ နှစ်ဆယ်သုံးရက်ဘက်သို့ တစ်ရက်ကူးပြောင်းလို့ သွားခဲ့ပါပြီလေ။
ဒီလိုအချိန်မှစာရေးရင်တော့ တွေးကြည့်သမျှ ဘာတွေများ စိတ်ကူးပေါ်လာမှာလဲဗျာ။
ပေါ်လာတဲ့အတွေးကတော့ ယခုလိုရေးနေရင်းနဲ့ တဝါးဝါးသန်းလို့ ထွက်လာသမျှစိတ်ကူး အိပ်ချင်တယ် အိပ်ချင်တယ် အိပ်လိုက်ပါရစေဆိုပြီး ဒီလိုစကားလုံး စိတ်ကူးမျိုးသာ ထွက်ပေါ်လာရုံမှတစ်ပါး အခြားပေါ်လာစရာ စိတ်ကူးများမရှိနိုင်ပါဘူးလေ။
အိပ်ချင်နေလို့ စာကိုဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါရစေဆိုပြီးတော့လည်း ဖြစ်သလို ရေးပြီး မတင်ပြချင်တော့ အိပ်ချင်သောစိတ်ကို ပြေပျောက်သွားအောင် ကျွန်နော်မှာ တစ်ယောက်ထဲ နည်းလမ်းရှာရပါတော့တယ်။
အိပ်ချင်စိတ်ပျောက်အောင် ဘာလုပ်ရင်ကောင်းမလည်းဆိုပြီး ပြောင်နေတဲ့ ကျွန်နော်နှဖူးလေးကို ညာဘက်လက်ကလေးနဲ့သက်လိုက် ဘယ်ဘက်လက်ကလေးနဲ့ ခေါင်းကိုကုတ်လိုက်နဲ့ အိပ်ချင်ပြေနိုင်ရေးအတွက် နည်းလမ်းရှာမရဖြစ်နေလေတော့ မထူးပါဘူးကွာဆိုပြီး အိမ်တံခါးမကိုဖွင့် မျက်နှာကို ဖလားခွက်ကြီးကြီးနဲ့ သုံးခွက်လောက်ဆင့်ပြီး မျက်နှာသစ်လိုက်ပါတော့တယ်ဗျာ။
ဆေးလိပ်တဖွာ ဥာဏ်တစ်ထွာဆိုစကားအတိုင်း ဥာဏ်နီ ဥာဏ်နက် ဥာဏ်နဲ့ပတ်သက်သမျှ ရောင်စုံပေါင်းစုံလင်စွာနဲ့ထွက်ရှိနိုင်ရန်အတွက် အဆင်သင့်ရှိနေသော လဖက်ခြောက် ရေနွေးအကြမ်းကို တစ်ခွက်လောက် ငှဲ့ပြီး ဖက်ကြမ်းဆေးပေါလိပ်တစ်လိပ်နဲ့ ရေနွေးကြမ်းတစ်ခွက်ကို ကိုင်ဆောင်ပြီး အိမ်အပြင်သို့ ထွက်လာခဲ့ပါတယ်။
အိမ်အပြင်သို့ ရောက်တော့ ဆေးပေါလိပ်ကို ဖွာရှိုက်လိုက် လဖက်ရည်အကြမ်းလေးကို မော့သောက်လိုက်နဲ့ တောင်တွေး မြောက်တွေးလို့ စာရေးနိုင်ရန် အကြံပေါင်းစုံ ထုတ်ယူလို့နေပါတော့တယ်။
ပေါ်လာသောစိတ်ကူးကိုတော့ ဦးနှောက်၏မှတ်ဥာဏ်စွမ်းဆောင်နိုင်ချက်တွေက ချက်ခြင်းရေးချနိုင်ရန် မှတ်ဥာဏ်မှ ထုတ်နိုင်ရည်စွမ်း နည်းနေခြင်းကြောင့် နက်ဖန်မှသာ ဆက်လက်ရေးသားတင်ပြပါတော့မယ်ခင်ဗျာ။
အချိန်ကလည်းတစ်နာရီကျော်လာခဲ့ပြီလေ။
@thura

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center