ကျွန်နော်၏ အတွေးလှိုင်းများကို နယ်မြေချဲ့ထွင်လိုက်သောအခါ

IMG_20180525_005652.jpg
မနက်ဖန်မှ တွေးမိသမျှရေးချတင်ပြပါမယ်ဆိုတဲ့အကြောင်းလေးကို မနေ့ကမရေးဖြစ်ခဲ့လို့ ဒီနေ့ အလုပ်အားလပ်တဲ့အချိန်မှာ ကိုယ်တင်ထားတဲ့ပို့စ်ကိုပြန်ကြည့်မိမှပဲ ရက်စွဲနေ့ရက်က နှစ်ရက်မြောက်ကိုတောင် ရောက်ရှိလို့လာခဲ့ပါပြီ။မနေ့က ပို့စ်မတင်ပြနိုင်တော့ မနေ့ကတစ်ရက်အတွက် ဝင်ငွေမရ ရှိပဲ ဖြစ်ခဲ့ရတာပေါ့ဗျာ။
ဟိုတစ်နေ့ညက စာရေးချနိုင်ရေးအတွက် စိတ်ကိုအမျိုးမျိုးပြောင်းလဲယူလိုက်တဲ့အချိန်မှာ နောက်ဆုံး အိမ်အပြင်ကိုထွက်ပြီး ဆေးပေါလိပ်ဖက်ကြမ်းတစ်လိပ်နဲ့ လ္ဘက်ခြောက်ရေနွေးခွက်ကို ကိုင်ဆွဲပြီး အိမ်အပြင်မှာစိတ်ကို အာရုံစုစည်းလိုက်မှပဲ ရေးစရာအကြောင်းလေးက စိတ်ကူးထဲပေါ်လာနိုင်ပါတော့တယ်။
ထိုနေ့ညက စာရေးတင်ပြနိုင်လို့ ရေးစရာတွေကတန်းစီစွာ ဦးနှောက်မှတ်ဥာဏ်ထဲမှ ထွက်ပေါ်လို့လာပါသော်လည်း စာရေးချနိုင်ရန် မျက်စီအာရုံကြောက ကိုက်ခဲနေသောဒဏ်ကြောင့် ချက်ခြင်းရေးချတင်ပြနိုင်ခဲ့ခြင်းမရှိပဲ အိပ်စက်အနားယူခဲ့ရပါတယ်။
ထိုနေ့ညကစဉ်းစားလိုက်တော့ စိတ်ကူးထဲ ပေါ်လာတဲ့အကြောင်းလေးကတော့ အထွေအထူး ထူးထူးခြားခြားအကြောင်းအရာမဟုတ်သလို ပညာ ဗဟုသုတ ရ ရှိနိုင်စရာ အကြောင်းအရာလည်းမဟုတ်ပါဘူး။
ကျွန်နော်၏စိတ်ကူးထဲ ဖြစ်ပေါ်တည်ရှိလာတဲ့ တွေးမိတွေးရာ ဖြစ်ပေါ်လာခြင်းဆန္ဒတွေကို လက်တန်းရေးချပြီး တင်ပြသွားမှာဖြစ်ပါတယ်။

ဟိုတနေ့ကပေါ့ အဲ့ဒီနေ့ကပေါ့ မှတ်မှတ်ရရ 22ရက် ဇူလိုင်လ 2018ခုနှစ် တနင်္ဂနွေနေ့ ညဆယ်နာရီကျော်လောက်၌ ထိုနေ့တစ်ရက်အတွက် ဘယ်သို့သောအကြောင်းအရာများကို ရေးချလျှင် ကောင်းမလဲဆိုပြီး စိတ်ကူးအတွေးများကို ထိုင်နေကျဖြစ်သော စာရေးအလုပ်စားပွဲပေါ်၌ မိမိ၏စိတ်အာရုံကို တစုတစည်းထဲဖြစ်အောင် စုစည်းရင်း အတွေးစိတ်ကူးလေးတွေကို ချဲ့ထွင်ကြည့်လိုက်ပါတယ်။
ကျွန်နော်နားခိုရာအိမ်အခန်းလေးကတော့ တိတ်ဆိတ်ငြိမ်သက်စွာနဲ့ပေါ့။
လောကတခွင်၌ ဒီလိုတိတ်ဆိတ်နေတဲ့အခန်းကျဉ်းကျဉ်းလေးထဲ၌ မွင်းကြပ်ခြင်းမရှိ သမာဓိအား ကောင်းစွာရရှိနိုင်တယ်လို့ စိတ်ကထင်ရလောက်အောင် ခြင်တစ်ကောင်၏ အော်ငြီးခြင်းမရှိ ပကဓိ ငြိမ်းချမ်းမှုတွေနဲ့ ပြည့်ဝနေတယ်လို့တောင် တင်စားလိုက်ပါရစေ။
ဒါပေမယ့် စိတ်ကိုအဓိကအဖြစ် အသုံချပြီး စာရေးနေတဲ့ ကျွန်နော်မှာတော့ ထိုနေ့ညကလိုပင် အခြားသောနေ့ရက်များစွာကလည်း ထိုနေ့ညကအတိုင်း ပေါ်လာစိတ်ကူးကလေးတောင် မနည်းဖိညစ်ပြီး ရေးချနေရခြင်းပါလေ။
အကြောင်းပြချက်ထုတ်ပြရလျှင် စိတ်ကိုအဓိကအနေဖြင့် အခြေခံ၍ ခွန်အားတစ်ခုလိုအသုံးချနေတဲ့ စာရေးနေသူတစ်ယောက်မှာ မိမိ၏စိတ်သည် ပထမဆုံအနေဖြင့် တည်ငြိမ်မှုရှိနေရပါလိမ့်မယ်။
ဒုတိရကတော့တည်ငြိမ်နေတဲ့မိမိ၏စိတ်ကို အထောက်အပံ့ပြုပေးနိုင်ရန်အတွက် မိမိနေထိုင်တည်ရှိနေသော ဘေးပတ်ဝန်းကျင်သည် တိတ်ဆိတ်စွာနဲ့ ငြိမ်သက်အေးချမ်းနေရလိမ့်မည်။
တတိယကတော့ တည်ကြည်ပြီး တည်ငြိမ်မှုရှိနေသော မိမိ၏စိတ်နှင့် တိတ်ဆိတ်ငြိမ်သက်နေသော ဘေးပတ်ဝန်းကျင်သာ လုံလောက်စွာပြည့်စုံနေမယ်ဆိုရင်တော့ စိတ်ကူးယဉ်အတွေးသမား စာရေးနေသောကျွန်နော်သည် အကြောင်းအရာတစ်ခုခုကို တွေးခေါ်စဉ်းစားလိုက်တိုင်း ပြောင်နေတဲ့နှဖူးပြင်ကိုလည်း ညာဖက်လက်နဲ့ ခဏခဏလှန်သုတ်နေစရာမလိုသလို ဘယ်ဘက်လက်ကလည်း ခေါင်းပေါ်က ဆံပင်တွေကို ခဏခဏ ကုပ်နေစရာမလိုတော့ပဲ စာရေးဆရာကြီးများကဲ့သို့ စာရေးအလုပ်စားပွဲပေါ်၌ လူရိုသေ ရှင်ရိုသေ စတိုင် စမက်ကျကျ အေးချမ်းစွာဖြင့် တစ်ရက်တစ်ပုဒ် ရေးချစာကို တင်ပြလို့သာ သွားနိုင်ပေသည်။
ကဲဗျာ စိတ်ကူးထဲပေါ်လာတာတွေကို ရေးချနေမိလိုက်တာ ကိုယ်ရေးတဲ့စာကို ပြန်ကြည့်လိုက်မှ စာကရှည်လျားနေပါရောလာဗျာ။
ဟိုတနေ့ညကတွေးမိတဲ့အကြောင်း ရေးချမယ်လို့ ပြောဆိုရင်ဖွင့်ခဲ့သော်လည်း ထိုအကြောင်းကိုသာ ဒီတစ်ပုဒ်၌ ဆက်ပြီးရေးချလိုက်မယ်ဆိုရင် ဒီနေ့အဖို့ ရေးချလို့ ဆုံးနိုင်တော့မယ်မထင်ဘူးဗျာ။
ထို့ကြောင့် ရေးချရိုက်နှိပ်နေသော ကျွန်နော်လက်ညိုးလေးကို အနားပေးရင်း နောက်တစ်ရက်မနက်ဖန်၌ ဟိုတနေ့ညက ညနက်သန်းခေါင် အိမ်အပြင်ထွက်ကာ ဘာတွေမြင်လို့ ညာတွေတွေးပြီး ဘယ်လိုများရေးချမယ်ဆိုတာ နောက်တစ်ပုဒ်အနေဖြင့် ဆက်လက်ရေးချတင်ပြသွားပါမယ်ဗျာ။ဒီကနေ့တစ်ရက်အတွက်ကတော့ ဒီလောက်ရေးချခြင်းဖြင့် ခွင့်ပြုပါဦး။
@thura

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center