မမုန်းရက်ပါ သခင်ရာ

image

မမုန်းရက်ပါ သခင်ရာ . . .

ခန္ဓာဝဖြိုး ရွှေအိုရောင်ဆိုး သဖွယ်
မွေးချင်ပါဘိ ဤကြောင်မျိုးနွယ်
မမှုပါများသော သူ့တန်ဖိုးနယ်
ငွေပေးချက်ချင်း အိမ်သို့ဝယ်လာတယ် 💵

အိမ်သို့ရောက်သော် မိသားစုအားခေါ်
ကြွားကာထုတ်ပြော ဒါသမီးကလေးနော်
အိမ်သားများရော သခင်ရောပါ
ချစ်ခင်ကြသည် ကိုကျွန်တော် ✌️🐈

image

ထိုအခါ ငါသည် ပျော်ပါပေ၏
လက်တွဲဖော်မရှိလည်း သခင်ရှိ၍
ဤဘဝတွင်လည်း နေပျော်ပါသည်
ငါ့သခင်အား ငါလိမ်မာကာ ထာဝရတာ သစ္စာရှိမည်😍

တစ်နေ့သောအခါ . . .
သခင်ထိပ်ထား ဖွက်ကာထားသော
ဟင်းလျာပွဲတော် ကျွန်တော်မြင်သော် . . . 😋

image

အမယ်ဆုံလှ ထိုဟင်းထဲမှ
ငါ၏အချစ်တော် ငါးကြော်ပါသည်
ငါဘယ်လိုမှ သည်းခံမရ
ခိုးစားမိသည် သခင်မသိ 🤫

image

ထိုစဉ်ငါ့အား ဖမ်းတုပ်ထားသော်
ငါသည်လန့်သွား ကြောက်အားဟစ်အော်
အို သခင်ထိပ်ထား ဘာလုပ်မည်နော်
ငါမသိတော့ 🤔

ရောက်လာပါဘီ ငါ့သခင်
ဘယ်လက်ဓာတ်ဆီ ညာလက်မီးခြစ်
ကိုင်လာသည်ကိုပင် ငါလှမ်းမြင်
ဘာလုပ်မည်ကို ငါမှန်းဆနေရင်း 🤔

ခြေသံပြင်းလှ သူ့ဒေါသနှင့်
လာနေသည်မှာ ကြောက်စရာ
ပြီးမှ မီးညိ ထိုမီးကျီနှင့် ငါ့အားရှို့ကာ
မှတ်ပြီလားတဲ့ ? ဆွံ့အသွားသည် ငါ့ခင်ဗျာ 😰

သူအမျက်ပြေ မီးလည်းသေမှ
ကြောက်အားလန့်နေ ကယ်ပါအမေတဲ့
သမီးမှားပြီ သွားပါပြီလေ
လာကြည့်ပါဦး သမီးကလေးးး ကို 😱😭

သခင့်အမေ မြင်နေသောအခါ
ရွံစရာကြောင်စုပ် နင်မောင်းထုတ်လိုက်
သူသည် အရင်က နင့်အဖော်မဟုတ်
ငါ့အိမ်သနတယ် ရွံရှာဆက်ဆုတ် 👿

ထိုစဉ်ချက်ချင်း မာလီအရင်းအား
လှမ်းကားဟစ်ခေါ် ဤကောင့်ကိုနော်
အခုအချိန်တွင်း အပျက်ရှင်း
နာပြီသာမှတ် ငါမြင်ရင် 👹

အော် . . . ရက်စက်လိုက်ကြတာနော်ဗျာ
အရင်ကလိုမရှိတော့ဘူး အကြင်နာ
သား သခင့်အပေါ် အမှားပြုမိတာ ဒီတခါထဲပါ
ဘယ်သောခါမှ သစ္စာမဖောက်ခဲ့တာ
ဒါကို အရှင်လည်းအသိပါ
မီးမြှိုက်ရုံမက အသေသတ်တဲ့အခါ တောင်
ပျော်ပျော်ကြီးနဲ့ အသေခံမှာ
မမုန်းရက်ပါ . . . သခင်ရာ...

H2
H3
H4
3 columns
2 columns
1 column
Join the conversation now