အချိန်ကာလတွေကခဏသာလေးပါ

swamp_v_premade_by_by_starscoldnight-d4bay3n.jpg
အချိန်ကာလတွေကခဏသာလေးပါ
ဒီနေ့မှာတော့ မောင့်ကိုကျွန်မ သိပ်လွမ်းနေမိပါတယ်
မောင်မောင်ရယ် မောင်မောင်နဲ့တွေ့ဆုံခြင်းတွေဟာ
သိပ်မကြားသေးပေမယ့်လည်း မောင်မောင်ကို ကျွန်မတစ်ယောက်မှာ
မြင်မြင်ခြင်းမှာပင် ချစ်ခင်ဆုံမှတ်သွားခဲ့ရပါတယ် ဆုံတွေ့ကြတာမှ
သိပ်မကြာသေး မောင်မောင်ဟာ ကျွန်မ ရင်ခွင်ထဲကနေ အဝေးတစ်နေရာကို
ထွက်ခွါသွားခဲ့ပါတော့တယ် အဘယ်ကြောင့် ကျွန်မကို တစ်ယောက်ထဲ
ထားခဲ့ရတာလည်း ဆိုတာကို ကျွန်မမသိပါလေ ခုတော့ မောင်မောင်ကို
ကျွန်မတစ်ယောက် အလွမ်းများစွာနဲ့လွမ်းလို့ ကျန်နေရစ်ခဲ့ပါပြီလေ
မလွမ်းပဲလဲ မနေနိုင်ပါဘူးမောင်မောင်ရယ် မောင်မောင်ကိုသိပ်ချစ်နေမိပြီလေ………………………။
1311.jpg
မောင်မောင်ရဲ့ရင်ခွင်ဟာ ကျွန်မတစ်ယောက်အတွက်
နွေးထွေးလုံခြုံစေလိမ့်မယ်လို့ ယုံကြည်မိခဲ့ပါသော်လည်း
မိုးရေတွေထဲမှာ ခုတော့ ကျွန်မတစ်ယောက်ထဲပါ မောင်မောင်ရေ
အလွမ်းအဆွေးတွေကို တွေ့ကြုံရမှာ စိုးထိတ်နေသော ကျွန်မဟာ
ယခုတော့ အလွမ်းတွေမဆုံးနိုင်အောင် ဖြစ်နေခဲ့ရပြီမောင်မောင်ရေ
အားကိုးစွာနဲ့မောင်မောင်ကို ပုံအပ်ခဲ့ပါသော်လည်း ယခုတော့
မောင်မောင်မရှိနိုင်သောနေရာလေးမှာ ကျွန်မတစ်ယောက်ထဲ
အထီးကျန်စွာ နေခဲ့ရပြီးပေါ့မောင်မောင်ရေ မောင်မောင်မရှိတဲ့
မနက်ဖန်နေ့များစွာကို ကျွန်မတစ်ယောက်ထဲ ဘယ်လိုဖြတ်သန်းပြီး
ရင်ဆိုင်ရမှာလည်းမောင်မောင်ရယ် ဟိုတစ်ချိန်က မောင်ရှိနေတော့
ထိန်လင်းနေတဲ့ ကျွန်မကမ္ဘာဟာ ယခုတော့ မျှော်လင့်ချက်ဆိုတဲ့
မီးရောင်မှိန်မှိန်လေးအောက်မှာ ကျွန်မ တစ်ယောက်ထဲ ဖြစ်နေပါပြီမောင်မောင်ရေ…………………………။
9dd9dd7986dd48570b9d6882480d12425e52ffc0_00.jpg
မောင်မောင်နဲ့စတွေ့တုန်းက လမင်းကြီးက ထိန်ထိန်သာနေသော
ညလေးတစ်ညမှာပါလေ အဲ့ဒီညက လရောင်အောက်မှာ မောင်မောင်
လာမယ့်လမ်းလေးကနေ ကျွန်မစောင့်မျှော်နေခဲ့ရတယ်လေ
မောင်မောင်ကို ကျွန်မစောင့်မျှော်နေရင် ထိန်ထိန်သာနေသော လဝန်ကြီးကို
ရီဝေတဲ့မျက်လုံးလေးတွေနဲ့ ငေးကြည့်နေမိပါတယ် ညဆိုတဲ့ လဝန်းအရောင်အောက်မှာ
ညမှာထွက်တက်သော လင်နို့ငှက်လေးတွေကလည်း သစ်ပင်တစ်ပင်နဲ့တစ်ပင်ကို
ကူးခပ်ရက်နားကာ ပျံနေကြတာပေါ့ သိမပ့်မကြာခင်မှာပဲ မောင်မောင်တစ်ယောက်
ကျွန်မရှိနေသော နေရာလေးကို ရောက်လာခဲ့ပါတယ် မောင်မောင်က ကျွန်မကို ပြောတယ်
စောင့်မျှော်နေရတာ ကြာသွားပြီလားတဲ့ အချိန်ကာလတွေက ကျွန်မအတွက်တော့
ခဏလေးပါမောင်မောင်ရယ်လို့ ကျွန်မပြန်ဖြေပေးခဲ့ပါတယ်လေ……………………………………။
author:@musethu
phots:cedit google images

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center