Accolade Articles for my parents in my birthdday

1505213332-picsay.jpg
အချိန်ကား 1998ခုနှစ် စက်တင်ဘာလ ၁၂ရက်နေ့/မြန်မာ သက္ကရာဇ် ၁၃၆၀ခုနှစ် တော်သလင်း လဆုတ် ၇ရက် စနေ့နေ့ မနက်အစောပိုင်း ၄နာရီခွဲခန့် ဖြစ်သည်... ထို့နေ့ကား အများပြည်သူတို့အတွက် နေ့ထူး နေ့ဆန်း မဟုတ်သော်လည်း လူနှစ်ဦးအတွက်တော့ ဝမ်းသာပီတီမှု အပြည့် နှင့် ပျော်နေရှာ မည်မှာတော့ အမှန်ပင်ဖြစ်လေသည်..ထုံးစံအတိုင်း တော်သလင်းလဖြစ်သဖြင့် မိုးကုန်တော့မည် ဖြစ်သော်လည်း မိုးနှင်းများကား ဖြေးညင်းစွာ ကျနေတယ်...ပတ်ဝန်းကျင်တစ်ခွင်၌ တိတ်ဆိတ် ငြိမ်သက်လျက်ရှိလေသည်...မကြာခင် လူ့လောကထဲ သို့ လူမမည် ကလေးငယ်တစ်ဦး ရောက်ရှိလာမည်ကို မည်သူ သိနိုင်မည်နည်း...မနက် လေးနာရီခန့် မိခင်တစ်ဦးဖြစ်လာမည့် သူမ ဆောင်ထားသည့် ကိုယ်ဝန်က မွေးဖွားတော့မည် ဖြစ်သဖြင့် ဗိုက်နာလာလေသည်...ထို့ကြောင့် မီးဖွားရန် သူမ အမေရှိရာအိမ်သို့ သွားကြလေသည်...အိမ်သို့ ရောက်ပြီး အချိန်ကား သိပ်မကြာပေ...နာရီဝက်အတွင်း သူမ၏ သားဦးလေးကို အခက်အခဲမရှိ လွယ်ကူအောင်မြင်စွာ မွေးဖွားနိုင်ခဲ့သည်...မွေးဖွားရလွယ်ကူမည်ဟု ဆိုရမည်။မိဘနှစ်ဦး ဖြစ်လာသည့် သူနှစ်ယောက် နှင့် ဆွေမျိုးများမှာတော့ ပီတီတွေအပြည့်...ထိုမိဘနှစ်ဦး ၏ ပီတီ နှင့် အချစ်ကား အခြားသူများးထက်ပိုမည်မှာ အမှန်ပင်...
ရှုပ်ထွေး ခက်ခဲလှသော လောကကြီး အကြောင်း စူးစမ်း လေ့လာ ခံစားရန် အမိဝမ်းတွင်းမှ အောင်မြင်စွာ ထွက်လာသူကား မည်သူနည်း...ထိုသူကား ကျွန်တော်ပင်ဖြစ်လေတော့သည်...
IMG_20161118_162535.jpg
မေမေနှင့်ကျွန်တော်
လူဘဝအကြောင်းကို စိုးစဉ်းမျှမသိသေးသော ကျွန်တော့်အား စက္ကန့် မိနစ် နာရီ အရွယ်သားမှစပြီး ကျွန်တော်ကြီးသည်အထိ ကျွန်တော်အရွယ်ရောက်သည်အထိ ပြုစုစောင့်ရှောက်ခဲ့သည်..
လူမှန်းသိတတ်စအရွယ်မှစ၍ မိမိလိုအပ်တာ လိုချင်တာ အရာမှန်သမျှကို ဖြည့်ဆည်းပေးခဲ့သည်...မိမိ ကျောင်းနေအရွယ်ရောက်လာသည့် အခါတွင်လည်း မိဘတို့ ဝတ္တရား အတိုင်း ပညာတတ်အောင် သင်ကြားပေးပြန်သည်...မိမိမှာ ငယ်စဉ်က ကျောင်း တစ်ယောက်ထဲ မတတ်ရဲသောကြောင့်
မိမိ ဖခင်မှာ ကျောင်းသို့ ၃လခန့် လိုက်နေခဲ့ရဖူးသည်...သူငယ်တန်းမှစ၍ အတန်းကြီးသည့်အထိ မိမိအား ပညာရေးအတွက် လိုလေသေးမရှိအောင်ဖြည့်ဆည်းပေးခဲ့သည်...၉တန်း ၁၀တန်း နှစ်များတွင်လည်း အခြား သားသမီးများနှင့် တန်းတူ ဘော်ဒါ ကျူရှင်များကို အပ်နှံကာ ပညာသက်ကြားစေခဲ့သည်.တက္ကသိုလ်ရောက်ရင်လည်း မိမိကျောင်းအပ်သည်ကအစ အဆောင်မှာ နေရာချသည်အထိ စလယ်ဆုံး ပြင်ဆင်ပေးသည်...ကျွန်တော့်မိဘထက် ဂရုစိုက်သော သူကား ဤ ကမ္ဘာပေါ်တွင်ရှိမည် ဟု မထင်.
အမေဆို လျှင် မိမိအသက် ၁၉နှစ်ရောက်သော်လည်း ရန်ကုန်ကို ပင်တစ်ယောက်ထဲ မလွှတ်ပေ...ဘာလို့ မလွှတ်လဲ မေးကြည့်သောအခါ "စိတ်ပူလို့ ပျောက်သွားမှာစိုးလို့ "ဟု၍ ဂရုဏာ ဒေါသ ဖြင့် ပြောရှာသည်...အိမ်မှာ ထမင်းဟင်း ချက်ရာတွင်လည်း သားနှင့်သမီး အဖို့ ဟုဆိုကာ အမြဲတမ်း အပြည့်အဝ ဖယ်ထားပြီးမှ အဖေ နှင့် အမေက စားလေ့ရှိသည်...သားသမီးများက အဖေ နှင့် အမေ စားဟု ထည့်ပေးသော်လည်း အဖေ နှင့် အမေက ဝပြီဆို၍ ပြောလေ့ရှိသည်။
IMG_20170912_094611.jpg
ဖေဖေနှင့်မေမေ
တက္ကသိုလ်ရောက် အဆောင်နေပြန်တော့လည်း
မိမိမှာ ညတိုင်း ဖုန်းဆက်ရသည်...ဖုန်းမဆက်လျှင် အမေက စိတ်ပူပြီး ဖုန်းဆက်လေ့ရှိသည်...
သုံးတန်းနှစ် ငှက်ဖျားဖြစ်ပြီး အပြင်းအထန် ဖျားလေသည် အပူကား မကျ အဖေနှင့် အမေ တစ်ညလုံး ထိုင်စောင့်ကာ ရေပတ်တိုက် ဆေးတိုက် ပြုစုပေးသည်.အဖေဆိုလျှင် က ငှက်ဖျားရောဂါဒဏ်ကြောင့် မိမိ အဆစ်အမြစ်များကိုက်ခဲသောကြောင့် တစ်နေ့လုံးလိုလို ထိုင်နှိပ်ပေးနေသည်...အဖေ နှင့် အမေ ကျွန်တော့်မိဘ နှစ်ပါးနှင့် ပတ်သတ်၍ ကျေးဇူးတရားများမှာ အချိန်နှင့် အမျှ တန်ဖိုးရှိ ကြီးမားလှသည်...မိမိကား ယခု ချိန်ထိတိုင်အောင် မိဘကျေးဇူးကိုကောင်းစွာ မဆပ်နိုင်သေး...မိမိ မိဘနှစ်ပါး၏ ကျေးဇူးကို ငွေကြေးဖြင့် တိုင်းတာလျှင်Billionerတို့ ၏ ပိုင်ဆိုင်မှု ထက် များပြားနေမည်မှာ အမှန်ပင်။ယနေ့တွင် မိမိအသက် ၁၉နှစ်ပြည့်ပြီ...မိဘနှစ်ပါး၏ အကောင်းဆုံး သွန်သင် ဆုံးမမှုကြောင့် ဘက်စုံ ဒေါင့်စုံ သွန်သင်ဆုံးမ မှုကြောင့် အခက်အခဲ မရှိ ကောင်းစွာ အရွယ်ရောက်လာခြင်းဖြစ်သည်...
အစစအရာရာ အားလုံးအတွက်ကျေးဇူးအထူးပါ အဖေ နဲ့ အမေ...သား ကျေးဇူးဆပ်ခွင့် အများကြီးရအောင် အသက်အရှည်ကြီး နေပေးပါ...
အဖေ နဲ့ အမေ သက်ရှည်ကျန်းမာ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိပါစေ လို့ သားအဝေးက ဆုတောင်းလိုက်ပါတယ်....
FB_IMG_1501873717119-picsay.jpg
Writer-Htetlinnaung
Photo -my album
12.9.1998
အချိန်သိပ်မရလို့ အတိုချုပ်ပဲရေးလို်တယ်ခင်ဗျ...လိုအပ်တာရှိပါက ကျွန်တော့်အမှားပါ...

H2
H3
H4
3 columns
2 columns
1 column
Join the conversation now