Respect in human Law.

image

  • ဖုန်းခေါ်ရင် အားရဲ့လား စကားပြောလို့ရရဲ့လားမေး ...

  • ဖုန်းချခါနီး ဖုန်းချတော့မယ်လို့ အသိပေး ...

  • သူများအခန်းထဲဝင်လာမယ်ဆိုရင် ခွင့်တောင်းပြီးမှဝင် ...

  • သီချင်းနားထောင်ရင် ကိုယ်တစ်ယောက်ထဲကြားလောက်ရုံပဲ နားထောင် ... Earphone သုံး ...

  • တစ်ဖက်လူစကားပြောနေရင် ဆုံးတဲ့ထိ အရင် နားထောင်ပြီးမှ ကိုယ်ပြောချင်တာကို စပြော ...

  • Library လိုနေရာမျိုးမှာ ဘာကိစ္စပဲရှိရှိ တိတ်တိတ်ဆိတ်နေ ...

  • ကျေးဇူးတင်စရာရှိရင် မတုံ့မဆိုင်း ချက်ချင်းတင် ...

  • အမှားလုပ်ထားရင် ချက်ချင်း ပြန်တောင်းပန် ...

  • ရုပ်ရှင်ရုံမှာ ခြေထောက်ကို ငြိမ်ငြိမ်ထား ... ရှေ့ခုံကို မကန်နဲ့ ...

  • ခုံတန်းရှည်မှာ ဘေးလူနဲ့ထိုင်ရင် ဒူးမလှုပ်နဲ့ ...

ဒင်းတို့က ခေတ်နဲ့အညီ အထာလည်း ကျချင်သေးတယ် ...
ယဉ်ကျေးမှုက တစ်စက်မှ မရှိ ...

အထာကျတယ်ဆိုတာ သူများကို
စိတ်အနှောက်အယှက်မပေးဘဲ
နေထိုင်တတ်တာကို ခေါ်တယ် ...

ဗရမ်းဗတာ နေထိုင်ရင်
ဗရမ်းဗတာ ဘဝပဲရမယ် ...

ယဉ်ကျေးမှုဆိုတာ ဟုတ်ကဲ့ပါခင်ဗျ/
ကျေးဇူးတင်ပါတယ်ရှင့် တို့လောက်ပြောတတ်တဲ့
ပါးစပ်တွေကို ဆိုလိုတာ မဟုတ်ဘူး ...

ခင်ဗျား ပြုမူနေသမျှ အပြုအမူအားလုံးဟာ
ခင်ဗျားရဲ့ ယဉ်ကျေးမှုအဆင့်အတန်းပဲ ...

✌#Credit

H2
H3
H4
3 columns
2 columns
1 column
Join the conversation now